SD ထည့်လို့ ရတဲ့ ကောင်တွေ ကတော့ ပြသနာ သိပ်မရှိ ပေမယ့် SD စိုက်မရတဲ့ ကောင်တွေ မှာတော့ firmware လဲ အသင့်ထည့် မထားမိ recovery ကလဲ ခေါ်မရ တိုင်ပါတ်နေတဲ့ အခါတွေ ရှိတတ်ပါတယ်။
အဲ့လိုအခြေအနေမှာ firmware တင်တဲ့ နည်းလေးပါ။
- ပထမဆုံး power ပိတ်လိုက်ပါ
- ပြီးရင် power + vol down တွဲနှိပ်ပြီး LOGO တက်လာရင် power လွှတ်ပေး လိုက်ပါ ( တရုပ်စာလေး ဘယ်ဘက်ထောင့်မှာ ပေါ်လာ ပါလိမ့်မယ်)
- Computer နဲ့ ချိတ်ပေး လိုက်ပါ (ADB သိသွား ပါလိမ့်မယ်)
- fastboot folder ထဲကို firmware.zip လေး ထည့်ပေး ထားပါ ပြီင်္းရင် CMD box ခေါ်ရပါမယ်။
- cmd box မှာ adb reboot recovery လို့ ရိုက်ပေး လိုက်ရင် ဖုန်းက reboot ကျပြီး recovery ထဲရောက် သွားပါလိမ့်မယ်
- recovery ထဲ ရောက်ပြီ ဆိုရင် update from adb ကို ရွေးပေး လိုက်ပါ
- ပြီးရင် စောစောက CMD box မှာ adb sideload (firmware name).zip လို့ ရိုက်ပေး လိုက်ရင် firmware ကို စပြီး ဖုန်းထဲကို ပို့ပေး ပါလိမ့်မယ်။
- ပြီးရင်တော့ ဖုန်းဟာ သူ့ဘာ့သာသူ reboot ကျပြီး firmware ဆက်ရေးသွားပါလိမ့်မယ်။
- အားလုံးပြီး သွားရင် reboot now လုပ်ပေး လိုက်ရင် firmware အသစ်နဲ့ vivo ဖုန်း လေးကို သင်ပြန်လည် ရရှိပါပြီ။
Credit ကိုသစ်ကပ်ပန်း
No comments: