တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

ငလျင်ဒဏ် ခံနိုင်မယ့် ကုတင်




ငလျင်ဒဏ် ခံနိုင်တဲ့ ကုတင်တစ်ခု ထွက်ပေါ်လာပါတယ်။ ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ခုပါပဲ။

ထို အိုင်ဒီယာကို ၂၀၁၀ ခုနှစ်မှာ အသက် ၆၆ နှစ်အရွယ် ဒီဇီုင်နာ Wang Wenxi က ရေးဆွဲခဲ့တာပါ။ အဲဒီအချိန်ကတည်းက ထို ဒီဇိုင်နာက ထို ကုတင်ကို ဖန်တီး တည်ဆောက်နေ ခဲ့တာလည်း ဖြစ် ပါတယ်။



ပုံစံကတော့ အကယ်၍ ငလျင်သာ ညအိပ်ချိန်မှာ လှုပ်ခတ် ခဲ့ရင် ထို ကုတင်က အလိုလျောက် ကာကွယ်ပေး သွားမှာ ဖြစ်ပါတယ်။

ငလျင်လှုပ်တဲ့ အခါမှာ ကုတင်ဟာ အလိုလျောက် အခေါင်းတစ်ခု အသွင် ပြောင်းလဲ ဖန်တီး လိုက်ပြီး အိပ်နေသူကို ထိခိုက်မှု အားလုံးထံမှ ကာကွယ် သွားမှာပါ။



ပြီးရင်တော့ အဲဒီ အခေါင်းထဲမှာ ရေသန့်ဘူးနဲ့ အစားအစာတွေ ထည့်သွင်းထားပြီး ရက် အနည်းငယ် အသက် ရှင်နိုင်အောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဖန်တီးဖို့ ကျန်နေတဲ့ တစ်ခုတည်းသော အားနည်းချက် ကတော့ ထို အခေါင်းထဲ ရောက်သွားတဲ့ အခါ တစ်ယောက်တည်း အားနဲ့ အထဲက နေ ဘယ်လို ပြန်ထွက်မယ် ဆိုတာပါပဲ။

ထိုအားနည်း ချက်ကို ဖြေရှင်းနိုင် ရင်တော့ ထို ကုတင်ဟာ ဈေးကွက်ထဲ ၀င်ရောက် လာတော့မှာ ဖြစ်ပါတယ်။

Original link - http://technology.thithtoolwin.com/2015/12/blog-post_18.html


No comments: