တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

ကျစ်လစ် လှပသော Windows 10 ဖုန်း ဂျပန်တွင် ရပြီ




ပြီးခဲ့တဲ့ အပတ်က စပြီး Microsoft ဟာ Lumia 950 ကို စတင် ရောင်းချ ပေးပါပြီ။ ဒီဖုန်းဟာ Windows 10 ကို ပထမဆုံး အသုံးပြု ထားတဲ့ ဖုန်းပါ။

Software ပိုင်းမှာ ပေးခဲ့တဲ့ ကတိအတိုင်း ကောင်းမွန်ပြီး hardware ပိုင်းကတော့ သူ့ချည်း သက်သက်ဆိုရင် သိပ်စွဲဆောင်မှု မရှိပါဘူး။

အခု ဂျပန် ဒီဇိုင်း ကုမ္ပဏီဖြစ်တဲ့ NuAns က "Neo" ကို ထုတ်ဖို့ စီစဉ်နေ ပါတယ်။

"Neo" ဟာ ကျစ်လစ် လှပတဲ့ အတွက် Lumia နေရာမှာ တခြား ရွေးချယ် စရာကောင်း တစ်ခုဖြစ်ပါတယ်။

1280x720 အရည် အသွေးရှိ မျက်နှာပြင် ၅လက်မ ဖြစ်ပြီး Qualcomm Snapdragon 617 ပရောဆက်ဆာကို အသုံးပြု ထားပါတယ်။

သိုလှောင်မှုကတော့ 16GB ဖြစ်ပြီး SD ကတ် ထပ်စိုက် အသုံးပြုလို့ ရပါတယ်။

ဒီဖုန်းကိုမှ အသည်း အသန် လိုချင်တယ် ဆိုရင်တော့ ပြဿနာ တစ်ခု ရှိပါတယ်။ "Neo" ကို ဂျပန်နိုင်ငံမှာပဲ ဝယ်ယူနိုင် ပါတယ်တဲ့။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/12/windows-10.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: