တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

iPhone 7 မှာ နားကြပ်ထည့်တဲ့ အပေါက် (Headphone Port) ကို ဖယ်ရှား သွားဖွယ်ရှိ




အင်တာနက် မှာ ပွထ နေတဲ့ ကောလာဟလ တွေ သာ မှန်ကန် ခဲ့မယ် ဆိုရင်တော့ Apple ကုမ္မဏီ ဟာ အသစ် ထုတ်လုပ်မယ့် iPhone 7 မှာ နားကြပ် ထည့်တဲ့ အပေါက်(Headphone Port) ကို ဖယ်ရှား ပစ်တော့မှာပါ။

နောက်နှစ်မှာ ထုတ်လုပ်နိုင်ချေ ရှိတဲ့ iPhone အသစ်ကို ပိုမို ပါးလွှာတဲ့ ဒီဇိုင်းမျိုး ဖြစ်လာစေဖို့ အတွက် နည်းပညာ ကုမ္မဏီကြီး Apple ဟာ နားကြပ် ထည့်တဲ့ အပေါက်ကို ဖယ်ရှားမှာ ဖြစ်တယ်လို့ ကောလာဟလ တွေက ဆိုထား ပါတယ်။

ဂျပန် နည်းပညာ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ MacOtakara ရဲ့ ဖော်ပြချက် အရတော့ iPhone အသစ်ဟာ Apple ရဲ့ Lighting Port ကို နားကြပ်ထည့်တဲ့ အပေါက် အဖြစ်ရော ၊ အားသွင်းဖို့နဲ့ ဒေတာ ရွှေ့ပြောင်းဖို့ အတွက်ပါ ၃ မျိုးလုံးသုံးနိုင်အောင် ဖန်တီးပေး သွားမယ်လို့လည်း သိရပါတယ်။

အရင်တုန်းက ထုတ်လုပ် ထားပြီးသား jဖစ်တဲ့ iPhone 6 ဟာ ၆.၉ မီလီမီတာ သာ အထူ ရှိပြီး ပါးလွှာတဲ့ ဒီဇိုင်းမျိုး ရှိခဲ့တာ မှန်ပေမယ့် Bending ဆိုတဲ့ ကွေးကောက် သွားတဲ့ လုပ်ဆောင် ချက်ကြောင့် သုံးစွဲ သူတွေက အပြစ်တင် ခဲ့ကြပါတယ်။

အခုတစ်ကြိမ်မှာတော့ နားကြပ်ပေါက်ကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ၁ မီလီမီတာ တိတိ ပိုပါးလွှာလာနိုင်တယ်လို့ ကောလာဟလ တွေအရသိရပါတယ်။

အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ ကောလာဟလ တွေအရတော့ Apple ဟာ iPhone တွေရဲ့ အမှတ်အသားဖြစ်တဲ့ Home Button ခလုတ်ကိုလည်း iPhone 7 မှာ ဖယ်ရှားတော့မယ်လို့ ဆိုထားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း Apple ဟာ iPhone 7 နဲ့ပတ်သက်တဲ့ သတင်းတွေကို နောက်နှစ် အကုန်ကျမှ ထုတ်ဖော်ပြောကြားမှာ ဖြစ်တာကြောင့် ဘာကိုမှ တိတိကျကျ တော့ မပြောနိုင်သေးတဲ့ အနေအထားပဲဖြစ်ပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/12/iphone-7-headphone-port.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: