တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 3, 2015

Yahoo ကုမ္ပဏီကို ထုတ်ရောင်းမည်




Yahoo က သူ့ရဲ့ အဓိက စီးပွားရေး လုပ်ငန်း တွေကို ထုတ်ရောင်းဖို့ အတွက် (ဒါမှမဟုတ်) Yahoo ကို ထုတ်ရောင်းဖို့ အတွက် စဉ်းစား ပါလိမ့်မယ်။ ဒီတစ်ပတ် နှောင်းပိုင်းမှာ ပြုလုပ်မယ့် ဘုတ်အဖွဲ့ အစည်း အဝေးတွေမှာ ဒီကိစ္စကို ဆွေးနွေး သွားကြဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ Wall Street Journal မှာ သတင်း ထုတ်ပြန် ထားပါတယ်။

ဆွေးနွေးပွဲမှာ ပါမယ့် ရွေးချယ်ချက်တွေ ထဲမှာ Yahoo ရဲ့ အင်တာနက် လုပ်ငန်းကို ထုတ်ရောင်း (ဒါမှမဟုတ်) Alibaba ကနေ ရှယ်ယာတွေကို ထုတ်ရောင်း (ဒါမှမဟုတ်) နှစ်မျိုး စလုံးကိုလုပ်ဖို့လည်း ပါတယ်လို့ သတင်းရ ရှိပါတယ်။

ဘုတ်အဖွဲ့က အခြေအနေ ပြန်ကောင်းအောင် လုပ်ဆောင်ဖို့ အတွက် အထွေထွေ အမှုဆောင် အရာရှိချုပ် Marissa Mayer ကို နှစ်အချို့ အချိန်ပေး ခဲ့ပြီး ဖြစ်ပေမဲ့ Yahoo ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်မှုတွေ ရှိနေ ပါတယ်။ Yahoo ရဲ့ အဓိက ကုမ္ပဏီပိုင် အဖြစ် Alibaba မှာ ရှယ်ယာ ၁၅ရာခိုင်နှုန်း ကျန်ရှိနေ ပါသေးတယ်။

Yahoo က သူ့ရဲ့ ရှယ်ယာတွေကို ထုတ်ရောင်းဖို့ စီစဉ်ထားခဲ့ပေမဲ့ အခွန်ကိစ္စတွေကြောင့် အစီအစဉ်က နှောင့်နှေးနေ ခဲ့ရပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မှတ်ချက် တစ်စုံတရာ ပေးဖို့အတွက်ကို Yahoo က ငြင်းပယ်ခဲ့ပါတယ်။

Ref: theverge

Original link - http://technology.thithtoolwin.com/2015/12/yahoo.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: