တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 4, 2015

Instagram က Password တွေကို တစ်ကယ် ပြောင်းလဲထားတာ မဟုတ်ဘူးလို့ ဆို




Instagram သုံးစွဲသူ အများ အပြားဟာ ဒီနေ့ အစောပိုင်းမှာ အလိုလျောက် Logged Out ဖြစ်သွားတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။

အများစု ကတော့ စိတ်ပူ ခဲ့ကြ တာဟာ သူတို့ရဲ့ အကောင့်တွေ Hack လုပ်ခံ ထားရတာလား ဆိုတာကိုပါ။ ဒါပေမယ့် ဒါဟာ စိတ်ပူ စရာမရှိပါဘူး။ ဘယ်သူမှလည်း Hack လုပ်မခံ ရပါဘူး။

ဖြစ်ပုံကတော့ Instagram သုံးစွဲသူအချို့ဟာ Instagram App ကို ဖွင့်လိုက်တဲ့ အခါမှာ သင့်ရဲ့ Password ပြောင်းလဲ ခံထားရပါတယ် ဆိုတဲ့ Error မက်ဆေ့ဂ်ျနဲ့ အတူ App ကနေ အလိုလျောက် Logged Out ဖြစ်သွား ကြတာပါ။

Instagram က ပြောကြား ခဲ့တာကတော့ ဒါဟာ App ရဲ့ မတိကျတဲ့ Error အသိပေးမှုကို လုပ်ဆောင် မိသွားတဲ့ မှားယွင်းမှု တစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

အကယ်၍ သင်ဟာ Instagram သုံးစွဲရင်းအလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ရင် နောက်တစ်ကြိမ် Log In ပြန်ဝင်သင့်ပါတယ်။ သာမာန် လုပ်နေကြ အချိန်ထက်တော့ နည်းနည်းပိုကြာပါလိမ့်မယ်။

Instagram ကိုယ်တိုင် အတည်ပြုပေးခဲ့တာက သင့်ရဲ့ Password ပြောင်းလဲခံထားရတဲ့ မက်ဆေ့ဂ်ျဟာ မှားယွင်းနေကြောင်း နဲ့ တစ်ကယ် Password ကို ပြောင်းလဲထားခြင်း မဟုတ်ကြောင်းကို အတည်ပြုပြောပြခဲ့ပါတယ်။

Ref : Engadget

Original link - http://technology.thithtoolwin.com/2015/12/instagram-password.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments: