
ဗားရှင်း အမျိုးမျိုး ပြောင်းလဲနေတဲ့ Facebook နဲ့ Twitter တို့ကို အသုံးပြုရင်း အင်တာနက် ဒေတာတွေ အကုန်မြန် တာကို သတိထား မိလာတဲ့ အခါ Facebook နဲ့ Twitter ကို အသုံးပြု ရမှာတောင် ကြောက်လာ ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Feature အသစ်တွေ ထည့်သွင်း လာတဲ့ Social Media Website တို့ရဲ့ ပရောဂကြောင့် ဖြစ်ပါတယ်။
အသစ်သစ်သော feature အသစ်တွေကို ပေးစွမ်းနေတဲ့ Facebook နဲ့ Twitter တို့ဟာ Google ရဲ့ Youtube ကို ယှဉ်ပြိုင်ချင်တဲ့ အတွက်ကြောင့် သူတို့ရဲ့ Website မှာ ဗီဒီယိုတွေကို တင်ခွင့်ပေး ခဲ့ပြီး အဆိုပါ ဗီဒီယိုတွေကို လူကြည့်များ လာအောင် အလိုအလျောက် ပွင့်အောင်ပြုလုပ် ထားကြလို့ ဖြစ်ပါတယ်။
ဒီအချက်ကို သတိထား မိတဲ့ အသုံးပြု သူတွေဟာ Facebook နဲ့ Twitter တို့မှာ ဗီဒီယိုတွေ အလိုအလျောက် လာနေတာကို ပိတ်ဖို့ အတွက် နည်းလမ်း ရှာမရဘဲ အင်တာနက် ဒေတာ အကုန်မြန်နေ တာကို လက်ပိုက် ကြည့်နေရ ပါတော့တယ်။
တကယ်တော့ နည်းလမ်း ရှိပါတယ်။ လက်ရှိအချိန် အထိ အဲ့ဒီနည်းလမ်းကို မသိကြသေးတဲ့ လူတွေအများကြီး ရှိပါသေးတယ်။ ဒါကြောင့် iOS အသုံးပြု သူတို့ အတွက် Facebook နဲ့ Twitter မှာ အလိုအလျောက် ပွင့်နေတဲ့ ဗီဒီယိုတွေကို ပိတ်ဖို့ အတွက် အောက်မှာ နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။
Facebook မှာ အလိုအလျောက် လာနေတဲ့ ဗီဒီယိုတွေကို ပိတ်နည်း
iOS အသုံးပြု သူတို့ အနေနဲ့ Facebook application ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက် ထောင့် အောက်ခြေ နားမှာရှိတဲ့ More ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။ ပြီးရင် Setting ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ Account Settings ဆိုတာကို တွေ့ရပါလိမ့်မယ်။
Account Settings ကို နှိပ်လိုက်ပါ။ Videos and Photos ဆိုတဲ့ Tab ကို ထပ်မံ တွေ့ရှိပါ လိမ့်မယ်။ အဲ့ဒီ Tab ကို နှိပ်လိုက်ရင် Video Settings နဲ့ Photo Settings ဆိုပြီး တွေ့ပါလိမ့်မယ်။
အဲ့ဒီထဲကမှ Video Setting အောက်က Autoplay ဆိုတဲ့ Tab ကို နှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ On Wi-Fi Connections Only နဲ့ Never Autoplay Videos ဆိုပြီး နှစ်ခု ထဲက တစ်ခုကို ရွေးချယ်နိုင် ပါတယ်။ On Wi-Fi Connections Only ဆိုတာ ကတော့ ဖုန်းကို Wifi နဲ့ အင်တာနက် အသုံးပြုတဲ့ အခါမှသာ ဗီဒီယိုတွေကို အလို အလျောက် လာစေခြင်းဖြစ်ပြီး Never Autoplay Videos ဆိုတာ ကတော့ Facebook မှာ ဗီဒီယိုတွေ အလိုအလျောက် လာခြင်းကို အပြီးသတ် ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။
မိမိကြိုက်နှစ်သက်ရာ ရွေးပြီးရင် Facebook မှာ ဗီဒီယိုတွေဟာ အလိုအလျောက် လာတော့မှာ မဟုတ်တော့ပါဘူး။








Twitter မှာ အလိုအလျောက် လာနေတဲ့ ဗီဒီယို တွေကို ပိတ်နည်း
iOS နဲ့ Twitter ကို အသုံးပြု နေသူတို့ အတွက်တော့ Twitter application ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက် အောက်ခြေ ထောင့်နားမှာ ရှိတဲ့ Me ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ စက်သွား ပုံစံလေးနဲ့ setting ကို တွေ့ပါလိမ့်မယ်။
အဲ့ဒါကို နှိပ်လိုက်ရင် setting ဆိုတာကို ထပ်မံတွေ့ရှိ ပါလိမ့်မယ်။ အဲ့ဒီ setting ဆိုတာကို နှိပ်လို်က်ပါ။ ပြီးရင်တော့ general ဆိုတဲ့ Tab အောက်မှာ Video autoplay ဆိုတဲ့ စာသားလေးကို ထပ်မံ တွေ့ရှိ ပါလိမ့်မယ်။
အဲ့ဒီ Video autoplay ဆိုတဲ့ စာသားကို နှိပ်လိုက်တဲ့ အခါမှာတော့ Use Wi-Fi Only နဲ့ Never play videos automatically ဆိုတဲ့ ရွေးစရာ နှစ်ခု တွေ့ပါ လိမ့်မယ်။
အဲ့ဒီ နှစ်ခုထဲကမှ မိမိကြိုက်နှစ်သက် ရာကို ရွေးချယ်နိုင် ပါတယ်။
Use Wi-Fi Only ဆိုတာကတော့ မိမိအနေနဲ့ Twitter ကို Wi-fi နဲ့ အသုံးပြုတဲ့ အခါ ဗီဒီယိုတွေကို အလို အလျောက် လာစေတာဖြစ်ပြီး Never play videos automatically ဆိုတာ ကတော့ ဘယ်တော့မှ ဗီဒီယိုတွေကို အလိုအလျောက် မလာစေတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။





အထက် ဖော်ပြပါ အချက်တွေကို လိုက်နာ ပြုလုပ် လိုက်ရင်တော့ မိမိတို့ရဲ့ အင်တာနက် ဒေတာဟာ Facebook နဲ့ Twitter တို့ အသုံးပြု ရုံလောက်နဲ့တော့ အရင်ကလောက် အလွယ်တကူ မကုန်တော့ပဲ ထိုက်တန်တဲ့ အချိန် ပမာဏ အထိတော့ သုံးစွဲနိုင် ပါလိမ့်မယ်။
Ref : Hacks
Aung Ko Htet (MMA)
Originally published at - http://www.myanmarmobileapp.com/

- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: