တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 24, 2016

Samsung က iPhone 6s တွင် ပါဝင်သော Live Photo Feature ကို Samsung Galaxy S7 တွင် ထည့်သွင်းရန် စီစဉ်နေ




Samsung မှမကြာမှီ ထွက်ရှိ တော့မည့် Samsung Galaxy S7 တွင် Apple iPhone 6s တွင် ပါဝင်သည့် Live Photo Feature ကဲ့သို့သော feature အသစ်ကို ထည့်သွင်းရန် စီစဉ် နေကြောင်း သတင်းများ ထွက်ရှိ လာသည်။

သတင်းများ အရ Samsung သည် ယင်း Live Photo Feature ကို “Vivid Photo” ဟု အမည်ပေး ထားပြီး Apple ၏ Live Photo feature နှင့် ထပ်တူ နီးပါး ဆင်တူ နေဖွယ်ရှိကာ အနည်းငယ်သာ ကွဲပြားနိုင်ကြောင်း နည်းပညာ Website များက ဝေဖန်မှုများ ရှိနေသည်။

Apple ၏ Live Photo Feature သည် ရိုက်ကူး ထားသော ဓာတ်ပုံ များပေါ်တွင် 3D Touch ကို ဖိ၍ သက်ဝင် လှုပ်ရှားမှု ရှိသော ပုံရိပ်အဖြစ် ပြန်လည် ကြည့်ရှုနိုင်သော feature ဖြစ်သည်။



စမတ်ဖုန်းများနှင့် ပတ်သက်သော သတင်းများကို တင်ဆက် နေသည့် Android Geek Website ကမူ “ကျွန်တော်တို့ရဲ့တိတိ ကျကျ ရရှိထားတဲ့ သတင်း အရ တောင်ကိုရီးယား Mobile Phone Maker ရဲ့ Software Engineer တွေဟာ ၄င်းတို့ရဲ့ အသစ်ထွက် လာမယ့် Samsung Galaxy S7 မှာ iPhone 6s မှာ ပါဝင်တဲ့ Live Photo Feature နဲ့ ခပ်ဆင်ဆင် Vivid Photo လို့ အမည်ပေး ထားတဲ့ Live Photo feature ကို စမ်းသပ် နေတယ်လို့ သိရပါတယ်။

ကွဲပြားမယ့် အချက် ကတော့ ဓာတ်ပုံ ရိုက်ပြီးတာနဲ့ GIF Format နဲ့ ထုတ်ပေးပြီး Facebook ပေါ်ကို သက်ဝင် လှုပ်ရှားမှု ရှိတဲ့ GIF image အနေနဲ့ တိုက်ရိုက် upload လုပ်ပေးမယ့် feature တော့ ပါဝင် ပါတယ်” ဟု ရေးသား ထားသည် ကိုလည်း တွေ့ရသည်။



Samsung Galaxy S7 တွင် iPhone 6s ၏ Screen ပေါ်တွ င်ထိသည့် ဖိအားပေါ် မူတည်၍ လုပ်ဆောင်ချက် အမျိုးမျိုး လုပ်ဆောင် ပေးနိုင်သည့် 3D Touch Feature ကဲ့သို့သော 3D Touch Like Pressure Sensitive Display ကို Samsung Galaxy S7 တွင် ထည့်သွင်း ပေးမည် ဟုလည်း သတင်းများ ထွက်ရှိ ထားသည်။

Samsung Galaxy S7 ကို ၂၀၁၆ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည့် MWC Event မှာ မိတ်ဆက် ပြသမည် ဖြစ်ကြောင်း သိရပါတယ်။

Ref:Android Geek

Thet Naing Soe (Myanmar Mobile App)

Originally published at - https://www.facebook.com/thetnaing.mmas



No comments: