ကျွန်တော်တို့ အားလုံး Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြားဖိုင် များကို မှားယွင်းပြီး ဖျက်မိ တတ်ကြ ပါတယ်။ ဒါပေမယ့် မှားဖျက်မိတဲ့ ဒေတာ များကို ပြန်လည် ရှာဖွေနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။
Root လုပ်ထားတဲ့ ဖုန်းများ မှာသာမက Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက်ပါ နည်းလမ်းများ ရှိပါတယ်။
ဒီလိုပြန်လည် ရှာဖွေဖို့ အတွက် အချိန်က အရေးကြီး ပါတယ်။ မှားဖျက် မိမှန်း သိလျှင် သိချင်း ဖုန်းမှာ အခြားဖိုင်များကို ဒေါင်းလုပ် ပြုလုပ်ခြင်း၊ သိမ်းဆည်းခြင်း များကို မပြုလုပ် သင့်သလို WiFi နဲ့ Mobile Data ကို ပိတ်ပြီး ဖုန်းကို ပါဝါ ပိတ်သင့် ပါတယ်။ ဒါမှသာ သင့်ရဲ့ ပျောက်ဆုံး သွားတဲ့ ဒေတာများ နေရာမှာ အခြားဒေတာများ အစားထိုး ၀င်ရောက်ခြင်း မရှိတော့ဘဲ ပြန်လည် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက်
သင့် Android Device ဟာ Root လုပ်ထားခြင်း မရှိရင် သင့်ရဲ့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး သင့်ရဲ့ ၀င်းဒိုး ကွန်ပြူတာမှာ Recovery Program တစ်ခုကို အင်စတော လုပ်ထား ရမှာပါ။
ဝင်းဒိုးမှာ အသုံးပြုနိုင်ပြီး Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက် Recuva ကို အသုံးပြုနိုင် ပါတယ်။ Coolmuster နဲ့ Wondershare Dr. Fone တို့လို Windows Program များကိုလည်း အသုံးပြုနို င်ပါတယ်။ Wondershare Dr. Fone ကို အသုံးပြု ရင်တော့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုအပ် ပါတယ်။
မှားဖျက် မိတဲ့ ဖိုင်ဟာ SD Card မှာ သိမ်းထားတာ ဆိုရင် ဒီနည်းလမ်းကို အသုံးပြုပါ။ Recuva ကို Run ရင် ပထမဆုံး အနေနဲ့ Pictures, Videos, Music, Documents စတဲ့ သင် ရှာချင်တဲ့ ဖိုင် အမျိုးအစားကို ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။ သီးခြားနေရာ တစ်ကနေ ရှာဖွေဖို့လည်း သတ်မှတ် နိုင်ပါတယ်။ အဲဒီနောက် မှာတော့ ရှာဖွေမှုကို ပြုလုပ်နိုင်ပါပြီ။
မှတ်ချက်။ ။ မှားဖျက်မိတဲ့ ဖိုင်များကို ရှာတွေ့ရင် External Hard Disk or Computer များမှာ သိမ်းဆည်း သင့်ပါတယ်။ မှားဖျက်မိတဲ့ ဖုန်းမှာ သိမ်းရင် အဆင်မပြေ မှုတွေနဲ့ နှောင့်နှေး ကြန့်ကြာ မှုတွေ တွေ့ရ တတ်ပါတယ်။
အခြား Device တစ်ခုမှာ သိမ်းဆည်းပြီး နောက်ပိုင်း မှသာ ဖုန်းသို့ ပြန်လည် ကူးယူပါ။
မှားဖျက် မိတဲ့ ဖိုင်ဟာ Internal Storage မှာ သိမ်းထားတာ ဆိုရင်လည်း နည်းလမ်း ရှိပါတယ်။ Settings ထဲမှာ Developer Options ကို မတွေ့ရသေး သူများက Settings>About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက် နှိပ်ပါ။
ပြီးရင် Settings>Developer Options ထဲသွားပြီး USb Debugging ကို Enable လုပ်ပါ။ ဒါဆိုရင် Wondershare Dr. Fone လို Program ကို အသုံးပြုပြီး ရှာဖွေနိုင်ပါပြီ။
- Download Recuva (http://goo.gl/ME0DBM )
- Download Wondershare Dr. Fone (http://goo.gl/5VDsor )
Root လုပ်ထားတဲ့ ဖုန်းများ အတွက်
သင့် Android Device ဟာ Root လုပ်ထားရင်တော့ Undelete လို Android App ကို အသုံးပြုနိုင် ပါတယ်။
App ကို Run ရင် ပထမဆုံးအနေနဲ့ Internal or SD Card ကို ရွေးချယ်ရမှာပါ။ ပြီးရင် Scan ပြုလုပ်နိုင်ပါပြီ။
သင့်ရဲ့ Memory Size နဲ့ သိမ်းဆည်းထားတဲ့ ဒေတာပမာဏအပေါ်မူတည်ပြီး ရှာဖွေချိန်ဟာ ၁၀ မိနစ်လောက် ကြာနိုင်ပါတယ်။
ပြီးရင်တော့ ပြန်လည်ရှာတွေ့ထားတဲ့ဖိုင်များကို Files, Pictures, Music, Videos, Documents စတဲ့ Tab များဖြင့် ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။
ဖိုင်များကို မူလနေရာသို့ ပြန်လည် သိမ်းဆည်းနိုင်ပါတယ်။
- Download Undelete ( https://goo.gl/lExRGq )
Myanmar Digital Life Journal
Originally published at - http://goo.gl/ScBKT7
- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: