တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 24, 2016

Android အတွက် Sound Settings များ




Android Phone များမှာ Sound Settings များစွာ ပါရှိ ပါတယ်။ အဲဒီ Settings များကို သင်နှစ်သက် သလို ပြင်ဆင်နိုင် ပါတယ်။

Onscreen Keyboard ကို နှိပ်ရင် မြည်တဲ့ အသံ ကနေ သင့် အရင်း အနှီးဆုံးလူ ဖုန်းဆက်ရင် မြည်တဲ့ Ringtone အထိ ပြင်ဆင်မှုများ ပြုလုပ်နိုင် ပါတယ်။ Equalizer ကို ချိန်ညှိနိုင် ပါတယ်။ ဖုန်းကို Lock လုပ်ရင် မြည်တဲ့ အသံကိုလည်း ပိတ်ထား နိုင်ပါတယ်။

Android Device များ အတွက် အသုံးဝင်တဲ့ Sound Settings များကို အောက်မှာ ဖော်ပြ ပေးလိုက် ပါတယ်။ ( အောက်မှ နည်းလမ်း များကတော့ Lollipop ထည့်သွင်း ထားတဲ့ Android များ အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အချို့နည်းလမ်းကို ဖုန်းအဟောင်း များမှာလည်း အသုံးချနိုင် ပါတယ်။ )

၁။ ကီးဘုတ်နှိပ်ရင် မြည်တဲ့ အသံကို ပိတ်နည်း ၊ ဖွင့်နည်း။



သေးငယ်တဲ့ စမတ်ဖုန်း များမှာ ကီးဘုတ်မှ ခလုတ် တစ်ခုကို နှိပ်ရင် အသံမြည်ပြီး အချက်ပြ ပါတယ်။ ဒါဟာ ခလုတ်ကို ထိမိလား ဆိုတာ သိသာ စေပါတယ်။ ဒါပေမယ့် အဲဒီ အသံကို မကြား ချင်ရင် ပိတ်ထား နိုင်ပါတယ်။

  • Settings> Language & Input ထဲသွားပါ။
  • အသုံးပြုနေတဲ့ ကီးဘုတ်ကို ရွေးပါ။
  • Stock Android Keyboard အတွက် Preferences ကို နှိပ်ပါ။
  • ကီးဘုတ်မှာ စာရိုက်ရင် အသံမြည်တဲ့ Option ကို ရှာပြီး Off or On လုပ်နိုင် ပါတယ်။

၂။ ဖုန်းကို Lock ပြုလုပ်ရင် မြည်တဲ့ အသံကို ပိတ်နည်း၊ ဖွင့်နည်း။



သင့်ရဲ့ Android Device ကို Lock ပြုလုပ်ရင် အသံမြည်ပြီး အချက်ပေး ပါတယ်။ အဲဒီ Lock Sound ကို မနှစ်သက်ရင် ပိတ်ထား နိုင်ပါတယ်။

  • Settings> Sound & Notification ထဲသွားပါ။
  • Other Sounds ကို နှိပ်ပါ။
  • Screen locking sounds setting ကို On or Off လုပ်နိုင် ပါတယ်။

၃။ လူတစ်ယောက် အတွက် Custom Ringtone သတ်မှတ်နည်း။



သင့် အလုပ်မှ လူကြီးက ဖုန်းခေါ်ဆိုရင် ကွဲပြားစွာ သိရှိနိုင်ဖို့၊ သင့် မိသားစုဝင် တစ်ယောက် ယောက်က ဖုန်းဆက်ရင် သိနိုင်ဖို့ အတွက် Android Device များမှာ Custom Ringtone များ သတ်မှတ် နိုင်ပါတယ်။

  • Contacts App ကိုဖွင့်ပါ။ ( Android KitKat ကို ထည့်သွင်း ထားတဲ့ ဖုန်းများမှာ People ကိုဖွင့်ပါ။ )
  • လူတစ်ယောက်ကို နှိပ်ပါ။
  • Edit Button ကို နှိပ်ပြီး ထိပ်မှ အစက် သုံးစက် Menu ခလုတ်ကို နှိပ်ပါ။
  • Set ringtone ကို ရွေးပေးပါ။ Ringtone အသစ်တစ်ခုကို ရွေးပေးပါ။

၎။ ဖုန်းဝင်လာရင် တုန်ခါမှုကို ပိတ်နည်း ၊ ဖွင့်နည်း။

Android Phone များမှာ ဖုန်းဝင်လာရင် အသံအပြင် တုန်ခါ အချက်ပေးကြပါတယ်။ တုန်ခါမှုကို မနှစ်သက်ရင် ဒါမှမဟုတ် ဘက်ထရီ သက်သာစေချင်ရင် တုန်ခါမှုကို ပိတ်ထားနိုင်ပါတယ်။

Settings> Sound & Notification ထဲသွားပါ။ Also vibrate for calls settings မှာ On or Off လုပ်နို်င်ပါတယ်။

၅။ Equalizer Levels ကို ချိန်ညှိပါ။



သင့်ရဲ့ Android Device မှာ သင် နှစ်သက်တဲ့ အသံများကို ရရှိဖို့ အတွက် Equalizer Levels ကို ချိန်ညှိ နိုင်ပါတယ်။

  • Settings> Sound & notification ထဲသွားပါ။
  • Audio Effects ကို နှိပ်ပါ။ Audio Effects ခလုတ်ကို On ပေးပါ။
  • Equalizer Drop-Down ကို နှိပ်ပြီး Level ငါးခုထဲမှ တစ်ခုစီကို ရွေးပေးပါ။
  • နှစ်သက်တဲ့ အနေအထားကို ချိန်ညှိပါ။
  • စတီရီယို စပီကာများနဲ့ ဖုန်းကို ချိတ်ဆက် ထားရင်တော့ “ 3D Stereo” , “ Home Theater” , “ Live Stage” တို့လို Effects များကို ရွေးချယ်ဖို့ Wired Stereo Tab ကို နှိပ်ပါ။

Originally published at - http://www.blog.myanmardigitallife.com/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: