တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 24, 2016

Facebook မှာ ဗီဒီယိုများ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်နည်း




Facebook က သူ့ရဲ့ လူမှု ကွန်ရက်မှာ စာသားများ၊ ဓါတ်ပုံ များနဲ့ ဗီဒီယို များသာ မကဘဲ တိုက်ရိုက် ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်တဲ့ Facebook Live ၀န်ဆောင်မှုကို တိုးချဲ့ဖြန့်ချီပေး လိုက်ပါတယ်။

အဲဒီ စွမ်းဆောင်ချက်ကို ယခင်က အမေရိကန်မှ နာမည်ကျော်များ ကိုသာ အသုံးပြုခွင့် ပေးထားခြင်း ဖြစ်ပြီး ယခု အခါမှာ အမေရိကန်ရှိ iOS User အားလုံးမှာ အသုံးပြုနိုင် ပါပြီ။

မကြာမှီမှာ ကမ္ဘာ တစ်ဝန်းလုံးရှိ iOS , Android Users အားလုံး အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။ ဗီဒီယိုများ တိုက်ရိုက် ထုတ်လွှင့်တဲ့ Apps များဟာ ရေပန်းစား လူကြိုက် များလာပြီး Twitter ကလည်း Periscope ကို ဖြန့်ချီ ပေးထားသလို Meerkat ကလည်း နာမည်ကြီးတဲ့ Live Streaming App ဖြစ်ပါတယ်။

လက်ရှိ မှာတော့ မြန်မာနိုင်ငံမှာ Facebook Live ကို အသုံးပြုလို့ မရသေး ပေမယ့် အသုံးပြုနည်းကို ကြိုတင် လေ့လာနိုင်အောင် တင်ပြ လိုက်ပါတယ်။

ဒီ Tutorial မှာ iPhone မှာ အသုံးပြုနည်းကို ဖော်ပြ ထားပေမယ့် Android မှာလည်း ကွာခြားမှု သိပ်မရှိ နိုင်ပါဘူး။

Facebook Live ကို အသုံးပြုပြီး ဗီဒီယိုများ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ဖို့ Status Update Box ကိုသွားပါ။ Check In Icon ရဲ့ ဘေးမှာ အိုင်ကွန် အသစ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Facebook Live ကို ပထမဆုံး အကြိမ် စတင်အသုံးပြုခွင့်ရတဲ့ လူများမှာ အိုင်ကွန် အသစ်ရဲ့ အပေါ်မှာ “New! Record and share live video.” ဆိုတဲ့ Pop Up Message ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


ဗီဒီယိုများ တိုက်ရိုက် စတင် ရိုက်ကူး ထုတ်လွှင့်ဖို့ အတွက် အိုင်ကွန် အသစ်ကို နှိပ်ပါ။ အဲဒီနောက်မှာ ကင်မရာနဲ့ မိုက်ကရိုဖုန်းကို အသုံးပြုခွင့် အတွက် Facebook ကို Permission ပေးပါ။ ဒါကို တစ်ကြိမ်သာ ပြုလုပ် ရမှာ ဖြစ်ပါတယ်။ Continue Button ကို နှိပ်ပါ။


Continue Button ကို နှိပ်ပြီးရင် သင့်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အကြောင်း ရည်ညွှန်းချက် ရေးပေးပါ။ Privacy Settings မှာ သင့်ရဲ့ ဗီဒီယိုကို ကြည့်နိုင်မယ့် လူများကို သတ်မှတ်ပါ။ Friends or Public သတ်မှတ် နိုင်ပါတယ်။ ပြီးရင် Go Live ကို နှိပ်ပါ။


FaceTime ဒါမှမဟုတ် အနောက် ကင်မရာနဲ့ ရိုက်ကူး နိုင်သလို ဖုန်းကို ဒေါင်လိုက် သို့မဟုတ် အလျားလိုက် ကိုင်ပြီး ရိုက်ကူး နိုင်ပါတယ်။ ဒါပေမယ့် ဗီဒီယိုကို စတုရန်း ပုံသဏ္ဍာန် အနေနဲ့ ထုတ်လွှင့် ပေးမှာဖြစ်ပါတယ်။

ဒေါင်လိုက် ကိုင်ပြီး ထုတ်လွှင့်ရင် ဗီဒီယိုရဲ့ အောက်ခြေမှာ ကြည့်ရှု သူများရဲ့ ကွန်းမန့် များကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အလျားလိုက် ကိုင်ထား ရင်တော့ ညာဘက်ခြမ်းမှာ ကွန်းမန့်များကို ပြသပေး ထားပါတယ်။

စတင် ထုတ်လွှင့်တာနဲ့ ဗီဒီယိုကို သင့်ရဲ့ Timeline မှာ ပြသပေးထားမှာ ဖြစ်ပါတယ်။

ဗီဒီယို ထုတ်လွှင့်တဲ့ စကရင်မှာ သင့်ရဲ့ ဗီဒီယိုကို သူငယ်ချင်းများ မြင်တွေ့တဲ့ အတိုင်း သင်က မြင်တွေ့နိုင် ပါတယ်။ ကြည့်ရှုသူ အရေအတွက်၊ အမည်များကိုလည်း ပြသပေး ထားပါတယ်။ ထုတ်လွှင့်ချိန်ကိုလည်း မြင်တွေ့ နိုင်ပါတယ်။


သင်နှစ်သက်သလောက် အချိန်ကြာမြင့်စွာ ထုတ်လွှင့် နိုင်ပါတယ်။ ဒါပေမယ့် အင်တာနက် လိုင်း ကောင်းဖို့တော့ လိုအပ် ပါတယ်။

ဝိုင်ဖိုင် ရမှသာ ထုတ်လွှင့်ဖို့ အကြံပေး ပါတယ်။ မိုဘိုင်း ဒေတာကို အသုံးပြုရင် ငွေ ကုန်ကျမှု များပြားမှာပါ။


နာမည်ကျော်များ ထုတ်လွှင့်ရင်တော့ သူတို့ရဲ့ Page ကို Like ထားသူ များနဲ့ Followers များက Notifications များ ရရှိ ကြပါတယ်။

ဒါပေမယ့် သာမာန် User တစ်ယောက်က ထုတ်လွှင့်ရင်တော့ သူငယ်ချင်း များထံ Notification ပေးပို့ခြင်း မရှိပါဘူး။


ထုတ်လွှင့်မှု ပြီးရင် သင့်ရဲ့ ဗီဒီယိုကို Timeline မှာသိမ်းဆည်း ပေးထားမှာပါ။ မကြည့် ရသေးတဲ့ သူငယ်ချင်းများက ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းမှာ သိမ်းဆည်း ဖို့လည်း ရွေးချယ် နိုင်ပါတယ်။

Edit ပြုလုပ်ပြီး အခြား လူမှု ကွန်ရက်များ မှာလည်း မျှဝေနိုင် ပါသေးတယ်။

Originally published at - http://www.blog.myanmardigitallife.com




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: