ဓားဒဏ်ရာနဲ့ သေနတ် ဒဏ်ရာ aတွဟာ သွေး အလွန် အမင်း ထွက်နိုင် ပါတယ်။ အမြန် မကုသ နိုင်ရင် ချက်ချင်း သေဆုံးနိုင် ပါတယ်။
တတ်ကျွမ်း သူတွေရဲ့ အကူအညီက လက်တကမ်းမှာ အမြဲရှိ မနေနိုင် ပါဘူး။ ဒါကြောင့် Core Scientific Solutions ဆိုတဲ့ အစ္စရေး ကုမ္ပဏီ တခုက WoundClot ဆိုတဲ့ ပတ်တီးသစ် တမျိုးကို တီထွင် လိုက်ပြီး ဒီပတ်တီးက လူ့အသက်တွေကို ကယ်နိုင် မယ်လို့ ဆိုပါတယ်။
ဒေါက်တာ ရှန်နီအယ်လီရာဟုဂရော့စ်က ဒီအဖွဲ့ရဲ့ အဖွဲ့ဝင် တယောက်ပါ။
“ဒီပတ်တီးက ဖဲကြိုးရှည်ပုံစံနဲ့ ထုတ်ထား တာပါ။ သူ့ကို ဒဏ်ရာပေါ်မှာ စည်းပေး လိုက်ရင် ရေနဲ့ တခြား ဘယ်လို အရည်မျိုးပဲ ဖြစ်ဖြစ် ထိတွေ့ လိုက်တာနဲ့ စုပ်ယူအား အလွန်ကောင်း တာမို့ သွေးကို စုပ်ပြီးတာနဲ့ သူက ဂျယ်အသွင် ပြောင်းပစ်နိုင် ပါတယ်။”
ဒီပတ်တီးက ထိန်းမရအောင် သွေးထွက်လွန်နေတာကို မိနစ်ပိုင်းအတွင်း ရပ်တန့်ပေးနိုင်တယ်လို့ ဂရော့စ်က ဆိုပါတယ်။ လည်ပင်းနဲ့ ခေါင်းမှာရတဲ့ ဒဏ်ရာတွေဆိုလည်း ဖိထားပေးစရာ မလိုပါဘူး။
သွေးများများစုပ်ယူနိုင်လေ မြန်မြန်သွေးခဲလေလေပါပဲ။ ဒီပတ်တီးက ၂၄ နာရီခံတာမို့ လူနာတွေနဲ့ ဒဏ်ရာရထားတဲ့ စစ်သည်တွေကို ဆေးရုံရောက်တဲ့ထိ အချိန်ဆွဲပေးထားနိုင်တယ်လို့ တီထွင်သူတွေက ဆိုပါတယ်။
“ဒီပတ်တီးတွေအသုံးပြုပုံ မဆိုစလောက် သင်တန်းပေးရုံနဲ့ သွေးထွက် လွန်တာကို ကုသပေးနိုင် ပါတယ်။ ဒီနေ့သုံးနေတဲ့ ပုံမှန် ကုထုံးတွေ နဲ့တင် အခက် အခဲမရှိ ကုသပေးနိုင်ပါတယ်။”
အစ္စရေး ရဲတပ်ဖွဲ့နဲ့ စစ်တပ် အပြင် ဆေးရုံတွေ ကိုပါ ဒီ WoundClot ပတ်တီး တထုပ်ကို ၁၀ ဒေါ်လာနဲ့ ရောင်းချပေးနေ တာမို့ ငွေကုန် သက်သာသလို အသက်ပေါင်း များစွာကို ကယ်တင်နိုင်ဖို့ မျှော်လင့် တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Originally published at - http://burmese.dvb.no/archives/135591
No comments: