တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 27, 2016

Samsung မှ ကားတွင် အင်တာနက် ချိတ်ဆက်နိုင်မည့် ကိရိယာကို မိတ်ဆက်




Samsung က ဘာစီလိုနာတွင် ကျင်းပ နေသော Mobile World Congress တွင် Samsung Connect Auto Dongle ကို ကြေငြာ ခြင်းဖြင့် အင်တာနက် ချိတ်ဆက်နိုင်သော ကားနယ်ပယ်သို့ ၀င်ရောက် လာပါသည်။

Samsung Connect Auto သည် Tizen OS မောင်းနှင်သော ပလတ်စတစ် ဘူးငယ် ဖြစ်ပါသည်။ ကား၏ OBD II Port တွင် ချိတ်ဆက် ရမည်ဖြစ်သည်။ Port ကို ယာဉ်မောင်းသူ၏ စတီယာရင် အောက်တွင် တပ်ဆင် ထားလေ့ ရှိပါသည်။

ချိတ်ဆက်ပြီး သည်နှင့် ကိရိယာက ကား၏ မောင်းနှင်သော အကွာအဝေးနှင့် အချိန်၊ လောင်စာဆီ၏ ကုန်ကျ စားရိတ်တို့ကို တိုင်းတာ တွက်ချက် ပေးမည် ဖြစ်သည်။

ကိရိယာတွင် 4G LTE ဆက်သွယ်မှု နည်းပညာ ပါရှိပြီး ကောက်ယူထားသော ဒေတာများကို အင်တာနက်မှ တစ်ဆင့် Cloud အခြေပြု ဆာဗာများ ထံသို့ ပေးပို့မည် ဖြစ်သည်။

အဆိုပါ ဒေတာများဖြင့် ကားပျောက်လျှင် ရှာဖွေသည့် “ Find My Car” စွမ်းဆောင်ချက်၊ တည်နေရာကို တွက်ချက်သည့် GPS App နှင့် အခြား လုံခြုံရေး စွမ်းဆောင်ချက် များကို Android , iOS Device များမှနေ၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။

4G LTE ဆက်သွယ်မှုသည် ကား၏ ဒေတာများသာ မကဘဲ ခရီးသည် များ၏ မိုဘိုင်း ကိရိယာများ အတွက် အင်တာနက်ကို ပံ့ပိုး ပေးနိုင်ပါသည်။ Samsung က ယခုနှစ် ဒုတိယ ကွာတားတွင် အမေရိကန်၌ Connect Auto ကို ဖြန့်ချီ ပေးမည်ဖြစ်ပြီး AT&T နှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်သည်။

အခြားနိုင်ငံများတွင် ယခုနှစ် တတိယ ကွာတားတွင် ရောင်းချ ပေးမည် ဖြစ်သည်။

Originally published at - http://www.blog.myanmardigitallife.com/


No comments: