Windows 10 Lock Screen မှ Wallpaper များပေါ်မှာ ကြော်ငြာ တွေကို တွေ့မြင် ဖူးကြမှာပါ။
အဆိုပါ ကြော်ငြာ တွေ Lock Screen မှာ တက်နေရင် ဖယ်ရှား ရှင်းလင်းဖို့ အတွက် Personalization Settings မှာ သွားရောက်ပြီး ပြင်ဆင် နိုင်ပါတယ်။
Lock Screen ပေါ်က ကြော်ငြာတွေကို ဖယ်ရှားဖို့ အတွက် Start Menu Button ကို နှိပ်ပါ။ ပြီးသွားရင် Settings ဆိုတာကို ရွေးချယ်ပေး ရပါမယ်။
Settings ထဲကို ရောက်သွား ပြီဆိုရင် Personalization ဆိုတဲ့ Tab ကိုရွေးလိုက်ပါ။
Personalization အောက်က Lock Screen ဆိုတဲ့ Tab ကို ထပ်မံ ရွေးချယ်ပေး ရပါမယ်။
အဆိုပါနေရာ မှာ ညာဘက် အခြမ်းမှာရှိတဲ့ Backgroup ဆိုတဲ့ box နေရာမှာ Windows Spotlight ဆိုတာကို ရွေးထားတာ တွေ့ မြင်ရမှာ ဖြစ်ပါတယ်။
အဆိုပါ Windows Spotlight ကို ရွေးချယ် ထားတယ် ဆိုရင် Microsoft က ကြော်ငြာတွေ ကို Lock Screen ပေါ် တင်နေမှုကို သင့်ရဲ့ ခွင့်ပြုချက် မယူဘဲ အလို အလျောက် ပြုလုပ် ပါလိမ့်မယ်။
အကယ်၍ Picture ဆိုတာကို ရွေးချယ် ထားပါက၊ Get fun facts, tips, tricks, and more lock screen ဆိုတဲ့ နေရာကို Disable ပြုလုပ်ပေး ထားရပါမယ်။
အဆိုပါ feature ဟာ Microsoft ကနေ ရောင်းချနေတဲ့ app တွေနဲ့ Tomb Raider ကဲ့သို့ ဂိမ်းမျိုး တွေကို ဝယ်ယူရန် အတွက် ကိုယ့်ရဲ့ Lock Screen မှာ ဖော်ပြ ပေးနေတဲ့ ကြော်ငြာ တွေကို ဖယ်ရှားပေး နိုင်ပါတယ်။
အကယ်၍ သင်ဟာ Windows Spotlight ကို ရွေးချယ်ပြီး Microsoft ကနေ အလို အလျောက် ဖော်ပြ ပေးနေတဲ့ Lock Screen တွေကို သုံးစွဲချင်တဲ့ အခါမှာ ကြော်ငြာတွေ ကိုလည်း မမြင်ချင်ဘူး ဆိုရင် Lock Screen ညာဘက် ထောင့် အပေါ်နား လေးမှာ ရှိတဲ့ Like what you see? ဆိုတဲ့ နေရာကို ကလစ်နှိပ် လိုက်ပါ။
ပြီးသွားရင် Not a fan ဆိုတာလေးကို ရွေးချယ်ပေး လိုက်ရင် app တွေကို ဝယ်ယူဖို့ ကြော်ငြာနေတဲ့ ကြော်ငြာ တွေဟာ Lock Screen ပေါ်ကနေ ပျောက်သွားမှာ ဖြစ်ပါတယ်။
Ref: howtogeek
By : internetjournal
Originally published at - http://www.internetjournal.media/how-to/5618
No comments: