တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 17, 2016

Android ဖုန်းတွေမှာ အဖြစ်များတဲ့ Google Playstore Error Code များနဲ့ ဖြေရှင်းနည်းများ




ကိုယ်က Playstore က appliction ၁ခု download လုပ်တဲ့ အချိန် Error message တွေ ကျလာပြီး Download လုပ်လို့ မရတဲ့ အဖြစ်မျိုး စိတ်ပျက် စရာကောင်း ပါတယ်။

ဒီလို အဖြစ်မျိုး ဖြစ်ရင် အောက်က Error Code နဲ့ တိုက်ပြီး ဖြေရှင်းနည်း အတိုင်းဖြေရှင်း နိုင်ပါတယ်။

1. Google Playstore Error DF-BPA-09 (Error Processing Purchase)
  • ဒီ Errorက application တခုကို Download လုပ်တဲ့ အခါမှာ ဖြစ်တတ် ပါတယ်။
  • ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Application > All > Google Service Framework > Clear Data လုပ်ပေးလိုက်ပါ။

2. Google Play Store Error Code 194
  • ဒီ Error ကလဲ Game တို့ Application တို့download လုပ်တဲ့ အချိန် အဖြစ် များပါတယ်။
  • ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Applications > All > Google Play Store > Force Stop ပြီးရင် Clear Data လုပ်ပါ။
  • ပြီးရင်Google Service Framework > Clear Dataလုပ်လိုက်ပါ။

4. Google Play Store Error Code 941
  • ဒီ Errorက Google Playstore ကို update လုပ်နေစဉ်နဲ့ လုပ်ပြီးအဖြစ်များပါတယ်
  • ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Playstore နဲ့ Download Manager ကို Clear Data and Clear Cacheလုပ်ပြီး မှ Update ပြန်လုပ်ကြည့်ပါ။

5. Google Play Store Error Code rh01
  • ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့ အချိန် တက်တဲ့ error မျိုးပါ။
  • ဖြေရှင်းနည်း ၁ ။ ။ ဖုန်းsettings > Apps > All > Google Play Store နဲ့ Google Service Framework ကို Clear data နဲ့ Clear cache လုပ်ပါ။
  • ဖြေရှင်းနည်း ၂ ။ ။ Gmail account ကို ဖုန်းထဲမှ remove လုပ်ပါ ပြီးလျှင်ဖုန်းကို restartလုပ်ပြီး ပြန်တက် လာပါက Gmail account ကို Sign in လုပ်ပေးလိုက်ပါ။

6. Google Play Store Error Code rpc:s-5:aec-0
  • ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့အချိန်တက်တဲ့ errorမျိုးပါ။
  • ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store > Clear Cache နဲ့ Uninstall Updatesလုပ်ပေးပါ။
  • Download Manager နဲ့ Google Service Framework ကိုတော့ Clear Cache ပဲလုပ်လိုက်ပါ။

7. Google Play Store Error Code 504
  • ဒီ error က App could not be downloaded due to an error နဲ့ အတူတူပါပဲ။
  • ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store နဲ့ Google Services Framework ကို Clear data and Clear Cache လုပ်လိုက်ပါ။
  • error ဆက်တက်နေပါက gmail account ကို remove လုပ်ပြီး ပြန်sign in လုပ်ကြည့်ပါ။

8. Google Play Store Error Code 491
  • ဒီ Error ကို Download and update impossible ဖြစ်တဲ့ error လို့ သတ်မှတ်နိုင် ပါတယ်။
  • ဖြေရှင်းနည်း ။ ။ Gmail Account ကို Remove လုပ်ပြီး ဖုန်းကို restart လုပ်ပါ။
  • စက်ပြန်တက်လာတာနဲ့ account ကို sign in ပြန်လုပ်ပေးလိုက်ပါ။

9. Google Play Store Error Code 498
  • ဒီ Error ကိုတော့ Interruption Of Downloads လို့ ခေါ်ပါတယ်။ Download လုပ်နေရင်းနဲ့ မကြာခဏ တက်တဲ့ errorပါ။
  • ဖြေရှင်းနည်း ၁ ။ ။ ဖုန်းထဲမှာ Cache file တွေ ပြည့်နေရင် ဖြစ်တတ်ပါတယ်။
  • သိပ်မသုံးတဲ့ application နဲ့ မလိုတဲ့ file တွေကို ဖျက်လိုက်ရင် အစဉ်ပြေနိုင် ပါတယ်။
  • ဖြေရှင်းနည်း ၂ ။ ။ ဖုန်းကို power ပိတ်လိုက်ပါ ပြီးရင် Recovery mode ထဲကို Volume Down+Power+Home button တွေနှိပ်ပြီး ဝင်လိုက်ပါ။
  • Recocery Mode မှာ Options တွေအများကြီး ရှိပါတယ် ရှိတဲ့ options တွေထဲက Wipe Cache Partition ကို Volume button နဲ့သွားပြီး power key နဲ့ select လုပ်လိုက်ရုံပါပဲ။

10. Google Play Store Error Code 919
  • ဒီ Errorကတော့ application ကို download လုပ်လို့တော့ ရမယ် ဒါပေမဲ့ Download လုပ်ပြီး Run လို့ မရတဲ့ error မျိုးပါ။
  • ဖြေရှင်းနည်း ။ ။ ရိုးရှင်းပါတယ် သင့်ဖုန်းရဲ့ Storage ပြည့်နေပြီဆိုတာ သိလိုက် ပါတော့ ဒီတော့ မလိုအပ်တဲ့ data fileတွေကို ဖျက်တာတို့ Sdcardထဲ move လုပ်လိုက်တာတို့ လုပ်လိုက်ရုံပါပဲ။

11. Google Play Store Error Code 921
  • ဒီ Error ကတော့ aplication တွေ download လုပ်ခါနီးမှာ အဖြစ်များတဲ့ error ပါ။
  • ဖြေရှင်းနည်း ။ ။ Google Play Store ကို Clear data / Clear Cache လုပ်လိုက်ပါ။
  • ပြီးရင် gmail account ကို remove လုပ်ပါ။ ဖုန်းကို Restart လုပ်ပြီး ပြန်တက်လာမှ Account ကို sign in လုပ်ပါ။

12. Google Play Store Error Code 923
  • ဒီ Error ကတော့ Sync ပိုင်းနဲ့ ပတ်သတ်နေပြီး cache memory မလုံလောက်ရင် ဖြစ်တာ များပါတယ်။
  • ဖြေရှင်းနည်း ။ ။ ပထမဆုံး gmail accout ကို remove လုပ်လိုက်ပါ
  • ပြီးရင် စက်ထဲက မလိုပဲ memory စားနေတဲ့ application တွေ ကို uninstall လုပ်လိုက်ပါ။
  • ပြီးမှ recocery mode ထဲ သွားပြီး Wipe Cache partition ကိုရွေးပေးလိုက်ပါ။
  • စက်ပြန်တက်လာရင်တော့ gmail sign in လုပ်လိုက်ရုံပါပဲ။

13. Google Play Store Error Code 101
  • ဒီ Error ကတော့ ဖုန်း storage memory မလောက်တဲ့ အတွက် အဖြစ်များ ပါတယ်။
  • ဖြေရှင်းနည်း ။ ။ မသုံးတဲ့ application တို့ Data တို့ကို Sdcard ထဲ့ပြောင်းတာတို့ delete / uninstall လုပ်လိုက်ရုံပါပဲ။

14. Google Play Store Error Code 481
  • ဒီ Error ကတော့ Google Play Store Account Error လို့ခေါ်ပါတယ်။Gmail errorလို့လဲ ခေါ်ပါတယ်။
  • ဖြေရှင်းနည်း ။ ။ Gmail account ကို remove လုပ်ပြီး အခြား account တခုနဲ့ sign in ဝင်လိုက်ပါ။

15. Google Play Store Error Code RPC:S-3
  • ဒီ Error ကတော့ application downlaod လုပ်လို့ မရတဲ့ error အမျိုးစားထဲ ပါပါတယ်။
  • ဖြေရှင်းနည်း ။ ။ Gmail Account ကို remove လုပ်ပြီး တခြား account နဲ့ sign in လုပ်လိုက်ရင် အဆင်ပြေ ပါတယ်။

အပေါ်မှာပေးထားတဲ့ Error Code တွေကတော့ XDA FORUM မှာ DISCUSSION လုပ်တာ အများဆုံးနဲ့ အဆင်ပြေတဲ့ CODE တွေဖြစ်ပြီး တင်ပေးထားတာပါ။

Originally published at - https://www.facebook.com/hashtag/pcandandroidtipsandtricks


No comments: