တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 26, 2016

Android Marshmallow အတွက် Tips & Tricks ၁၄ ခု ( အပိုင်း ၂)




Google ရဲ့ နောက်ဆုံးထုတ် Android Marshmallow မှာ စွမ်းဆောင်ချက် အသစ် များစွာ ပါရှိလာ ပါတယ်။

  • သူ့မှာ App Permissions များကိုသီးခြားစီစီမံခန့်ခွဲနိုင်ခြင်း၊
  • System UI Tuner ဖြင့် Quick Settings များကို Customize ပြုလုပ်နိုင်ခြင်း၊
  • စွမ်းရည်မြင့် RAM Manager ပါရှိလာခြင်း၊
  • Links များကိုသက်ဆိုင်ရာ App ဖြင့် ဖွင့်နိုင်မယ့် Associate Links ပါရှိ လာခြင်း၊
  • ဘက်ထရီ သက်တမ်းကို အလွန် တိုးမြှင့်ပေးတဲ့ Doze ပါရှိလာခြင်း၊
  • Google Now ကို Lock Screen ကနေ Activate ပြုလုပ်နိုင်ခြင်း၊
  • Google Now စွမ်းရည်ကို Apps တိုင်းမှာ အသုံးပြုနိုင်တဲ့ Google Now on Tap ပါရှိလာခြင်း၊
  • ကိုယ်ပိုင် File Explorer ပါရှိလာခြင်း၊
  • တည်နေရာကိုခြေရာခံရာမှာ အထောက် အကူပြုမယ့် Bluetooth Scanning ပါရှိ လာခြင်းတို့ အပါအ၀င် စွမ်းဆောင်ချက် များစွာ ပါရှိလာ ပါတယ်။

ဒီMobile Tips ကဏ္ဍမှာ Android Marshmallow အတွက် အကောင်းဆုံး Tips & Tricks ၁၄ ခုကို ဖော်ပြပေး လိုက်ပါတယ်။

၈။ Ignore Battery Optimizations ကို သုံးပါ။

Android Marshmallow မှာ Doze လို့ခေါ်တဲ့ စွမ်းဆောင်ချက်အသစ်တစ်ခုပါလာပါတယ်။ သင့်ရဲ့ ဖုန်း၊ တက်ဘလက်ကို အသုံးမပြုတဲ့ အချိန်မှာ Doze က အလိုအလျှောက် Hibernate လုပ်ပေးပါတယ်။ ( Alarms နဲ့ အရေးကြီး Notifications များကိုတော့ ပြသမှာပါ။ )

Lollipop မှာလို Battery Saving Mode ကိုလည်း သုံးနိုင်ပါသေးတယ်။ အခုတော့ App သုံးခုကိုသာ နောက်ကွယ်မှာ Run နေစေပြီး အခြား Apps များကို Hibernate လုပ်ထားနိုင်ပါတယ်။

Settings> Battery ထဲသွားပြီး ညာဘက်ထိပ်မှ Menu ကို နှိပ်ပါ။ Ignore Optimizations ကို ရွေးပြီး သင်နှစ်သက်တဲ့ App သုံးခုကို ရွေးပါ။ Settings> Apps> Menu > Advanced > Ignore Optimizations ကနေလည်း ပြုလုပ်နိုင်ပါတယ်။



၉။ Lock Screen ကနေ Google Now ကို ဆင့်ခေါ်ပါ။

Lock Screen ကနေ Google Now ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ပါပြီ။ Lock Screen မှာ Dialer Shortcut အစား Google Now ကို ထည့်သွင်းထားပါတယ်။

အဲဒီအတွက် Dialer ကနေ ဖုန်းနံပါတ်များကို နှိပ်ပြီး ဖုန်းခေါ်စရာမလိုတော့ပါဘူး။ Lock Screen မှာ ဘယ်ဘက်ကနေ ပွတ်ဆွဲရင် Google Now ကို ဆင့်ခေါ်နိုင်ပါပြီ။ “ Call my wife” လို အသံအမိန့်နဲ့ ဖုန်းခေါ်နိုင်ပါတယ်။

၁၀။ Google Now on Tap ကို သုံးပါ။

Android Marshmallow မှာ Google Now on Tap ဟာ အသုံးဝင်တဲ့ စွမ်းဆောင်ချက်အသစ်ပါ။ သင့်ဖုန်း၊ တက်ဘလက်ရဲ့ ဘယ်နေရာမှာ မဆို Google Now ကို သုံးနိုင်မှာပါ။

App တစ်ခုမှ မသိတဲ့ စကားလုံးတစ်ခုကို Copy လုပ်ပြီး Dictionary App မှာ Paste လုပ်စရာမလိုတော့ပါဘူး။ အဲဒီစကားလုံးကို ဖိပြီး Select လုပ်၊ Home Button ကိုဖိထားလိုက်တာနဲ့ Google Now က သူ့ရဲ့ အဓိပ္ပါယ်ကို ပြောပြပေးမှာပါ။



၁၁။ Pop-Up Notification များကို ပိတ်ပါ။

Heads-Up or Pop-Up Notifications များဟာ စကရင်ရဲ့ ထိပ်မှာ ပေါ်လာတဲ့ Notification များဖြစ်ပါတယ်။ ဒါကို Android Lollipop မှာ မိတ်ဆက်ခဲ့တာပါ။ ဒီလို ပေါ်လာတာကို မနှစ်သက်ရင် Marshmallow မှာ ပိတ်ထားနိုင်ပါပြီ။ Settings> Sound & Notifications> App Notifications ထဲသွားပြီး App ကို ရွေးပါ။ Allow Peeking ကို ပိတ်ပါ။



၁၂။ Android Marshmallow ရဲ့ Easter Egg ကို ကြည့်ပါ။

Android Easter Egg ဟာ Android Version တိုင်းမှာ ထည့်သွင်းပေးထားတဲ့ ရီစရာ စွမ်းဆောင်ချက်ပါ။ Settings> About Phone ထဲသွားပြီး Version Number ကို ထပ်ခါထပ်ခါ နှိပ်ပါ။ Lollipop မှာတော့ ကြီးမားတဲ့ Lollipop ကို ပြသထားပါတယ်။ အဲဒါကို ဖိထားရင် Flappy Bird လို ကစားနိုင်မှာပါ။

Marshmallow မှာတော့ M စာလုံးကို ပြသပေးထားပြီး အဲဒါကိုနှိပ်ရင် Android Antenna နဲ့ Marshmallow ကို မြင်ရမှာပါ။



၁၃။ Marshmallow File Manager ကို သုံးပါ။

Marshmallow မှာ ကိုယ်ပိုင် File Manager ပါလာပါတယ်။ Settings> Storage & USB> Explore to ကို နှိပ်ပါ။ ES File Explorer လိုတော့ အစွမ်းထက်တဲ့ စွမ်းဆောင်ချက်တွေ မပါရှိပါဘူး။ ဒါပေမယ့် ရှင်းလင်း သေသပ်ပြီး ဖိုင်များကို အသုံးပြုနိုင်ပါတယ်။



၁၄။ Bluetooth ဖြင့် တည်နေရာ ရှာပါ။

GPS ဟာ သင့် တည်နေရာကို ခြေရာခံဖို့ ပြည့်စုံစိတ်ချရတဲ့ စနစ်မဟုတ်ပါဘူး။ Marshmallow မှာ Bluetooth ရဲ့ အကူအညီကိုလည်း ရယူနိုင်ပါတယ်။

Settings> Location ထဲသွားပြီး Menu ကို နှိပ်ပါ။ Scanning ကို နှိပ်ပါ။ Bluetooth Scanning ကို ဖွင့်ပါ။ WiFi Scanning ကိုလည်း ဖွင့်ပေးထားရင် ပိုမို တိကျမှာပါ။

ပြီးရင် Back Button ကို နှိပ်ပြီး Mode ထဲသွားပါ။ High-Accuracy or Battery Saving Mode ထဲမှ နှစ်သက်ရာကို ရွေးပေးပါ။



အပိုင်း ၁ သို့ ==>

Myanmar digital life

Originally published at - http://www.blog.myanmardigitallife.com/


No comments: