တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 25, 2016

Android Marshmallow အတွက် Tips & Tricks ၁၄ ခု ( အပိုင်း ၁)




Google ရဲ့ နောက်ဆုံးထုတ် Android Marshmallow မှာ စွမ်းဆောင်ချက် အသစ် များစွာ ပါရှိလာ ပါတယ်။

  • သူ့မှာ App Permissions များကိုသီးခြားစီစီမံခန့်ခွဲနိုင်ခြင်း၊
  • System UI Tuner ဖြင့် Quick Settings များကို Customize ပြုလုပ်နိုင်ခြင်း၊
  • စွမ်းရည်မြင့် RAM Manager ပါရှိလာခြင်း၊
  • Links များကိုသက်ဆိုင်ရာ App ဖြင့် ဖွင့်နိုင်မယ့် Associate Links ပါရှိ လာခြင်း၊
  • ဘက်ထရီ သက်တမ်းကို အလွန် တိုးမြှင့်ပေးတဲ့ Doze ပါရှိလာခြင်း၊
  • Google Now ကို Lock Screen ကနေ Activate ပြုလုပ်နိုင်ခြင်း၊
  • Google Now စွမ်းရည်ကို Apps တိုင်းမှာ အသုံးပြုနိုင်တဲ့ Google Now on Tap ပါရှိလာခြင်း၊
  • ကိုယ်ပိုင် File Explorer ပါရှိလာခြင်း၊
  • တည်နေရာကိုခြေရာခံရာမှာ အထောက် အကူပြုမယ့် Bluetooth Scanning ပါရှိ လာခြင်းတို့ အပါအ၀င် စွမ်းဆောင်ချက် များစွာ ပါရှိလာ ပါတယ်။

ဒီMobile Tips ကဏ္ဍမှာ Android Marshmallow အတွက် အကောင်းဆုံး Tips & Tricks ၁၄ ခုကို ဖော်ပြပေး လိုက်ပါတယ်။

အပိုင်း ၁ မှာ ၇ ခုနဲ့ အပိုင်း ၂ မှာ ၇ ခု ခွဲခြားဖော်ပြ aပးမှာပါ။

၁။ Home Screen , App Drawer များကနေ Apps များကို Uninstall လုပ်ပါ။

Android Marshmallow မှာHome Screen , App Drawer များကနေ Apps များကို Uninstall လုပ်နိုင်ပါပြီ။ App တစ်ခုကိုဖိထားရင် Home Screen ရဲ့ ထိပ်မှာRemove or Uninstall နဲ့ App Drawer ရဲ့ ထိပ်မှာ App info , Uninstall ကို မြင်တွေ့ရမှာပါ။ App Icon ကို Uninstall ပေါ်သို့ တင်ပေးပါ။



၂။ Developer Options ကို Activate လုပ်ပါ။

Developer Options ကိုတော့ Android အသုံးပြုသူတိုင်းသိနေကြပါပြီ။ Android Marshmallow မှာတော့ စွမ်းဆောင်ချက်အသစ်များပါရှိလာပါတယ်။ Settings> About Phone ထဲသွားပြီး Build Number ကို ၇ ချက်နှိပ်ပေးပါ။ ဒါဆိုရင် “ You are now a developer.” ဆိုတဲ့ စာသားကိုတွေ့ရမှာပါ။

Back Button ကိုတစ်ချက်နှိပ်ရင် About Phone ရဲ့ အပေါ်မှာ Developer Options ကို မြင်နိုင်ပါပြီ။ အဲဒီထဲမှာUSB Debugging, OEM Unlocking , Show Touches တို့ကို Enable လုပ်နိုင်သလို Animations များကိုစိတ်ကြိုက် ပြင်ဆင်နိုင်မှာပါ။



၃။ App Permissiionsများကိုသီးခြားစီခွင့်ပြုပါ။

Android Marshmallow ရဲ့ အကောင်းဆုံးများထဲမှ တစ်ခုက App Permissions များကိုစီမံခန့်ခွဲနိုင်တာဖြစ်ပါတယ်။ အရင်လို App တစ်ခုကတောင်းဆိုတဲ့ Permissions အားလုံးကိုခွင့်ပြုဖို့မလိုတော့ဘဲသင်နှစ်သက်ရာ Permissions ကိုသာခွင့်ပြုပေးနိုင်ပါတယ်။ အဲဒီအတွက် App ရဲ့ အလုပ်နဲ့ မသက်ဆိုင်တဲ့ အရာများကိုခွင့်ပြုပေးစရာမလိုတော့ပါဘူး။



App Permissions များကိုသတ်မှတ်ဖို့ Settings> Apps ထဲသွားပါ။ App တစ်ခုထဲသွားရင် သူ့ရဲ့ Permissions များကို မြင်ရမှာပါ။ သင် နှစ်သက်ရာကိုပဲခွင့်ပြုပေးနိုင်ပါတယ်။

Permissions စာရင်းကို ကြည့်ဖို့အတွက် Settings> Apps ထဲသွားပြီးညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Advanced> App Permissions ထဲသွားပါ။ အဲဒါဆိုရင် Permissions စာရင်းကို မြင်ရမှာဖြစ်ပြီးတစ်ခုကိုနှိပ်ကြည့်ရင် အဲဒီ Permission ကိုတောင်းဆိုထားတဲ့ Apps များကို မြင်ရမှာပါ။ အဲဒီကနေလည်း Permission များကိုပိတ်နိုင်ပါတယ်။



၎။ System UI Tuner ကိုအသုံးပြု၍ Quick Settings များကို ပြင်ဆင်ပါ။

System UI ကို Enable လုပ်ဖို့ Quick Settings Menu ကိုဆွဲချပါ။ Settings Button ကို ၅ စက္ကန့်ကြာဖိထားပါ။ ဒါဆိုရင် System UI Tuner ကို Enable လုပ်မလားလို့ မေးမှာပါ။ Yes ကိုရွေးပေးရင် Settings List ရဲ့ အောက်မှာ System UI Tuner ကို မြင်ရမှာပါ။

System UI Tuner ထဲမှာ Quick Settings ကို နှိပ်ပါ။ ဒါဆိုရင် Quick Settings Shade မှ အရာများကို မြင်ရမှာဖြစ်ပါတယ်။ အောက်ခြေမှ + Button ကို နှိပ်ပြီး Tiles များထည့်နိုင်ပါတယ်။ Toggles များကိုဖိဆွဲပြီးနေရာပြောင်းရွှေ့နိုင်ပါတယ်။ Toggles များကိုအောက်သို့ ဖိဆွဲရင် Delete လုပ်နိုင်ပါတယ်။



၅။ RAM Manager

Android Marshmallow မှာ Android OS အကြောင်းကိုပိုမိုသိရှိအောင် ပံ့ပိုးပေးထားပါတယ်။ အဲဒီထဲကတစ်ခုမှာ RAM Manager ပါ။ RAM ဟာ Android ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Settings> Memory> Memory used by apps ထဲသွားရင် Memory ကိုအသုံးပြုနေတဲ့ Apps များကို မြင်ရမှာပါ။

တစ်ခုကို နှိပ်ရင် အသေးစိတ်အချက်အလက်များကို ပြသပေးမှာဖြစ်ပြီးလိုအပ်ရင် App ကို Force Stop လုပ်နိုင်ပါတယ်။ သင့်ဖုန်းရဲ့ Memory ကိုအလွန်အကျွံ စားသုံးနေတဲ့ သဘာဝ မကျတဲ့ Apps များကိုစောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် အဲဒီ App များကို Uninstall လုပ်နိုင်ပါတယ်။



၆။ Downloaded, Running, All, Disabled Apps များကိုရှာဖွေပါ။

ယခင် Android Versions များမှာ Settings> App ထဲသွားရင်တွေ့ရတဲ့ Running Tab ကို Android Marshmallow မှာ RAM Manager ထဲပြောင်းထားပါတယ်။ Android Marshmallow မှာ Downloaded, Running, All, Disabled စတဲ့ Tabs များမပါတော့ပါဘူး။

Running Tab ဟာအခုတော့ RAM Manager ဖြစ်လာပါပြီ။ All, Disabled တို့ကိုDrop-Down Menu ကနေ ကြည့်ရှုနိုင်ပါတယ်။



၇။ Links များကိုသက်ဆိုင်ရာ Apps ဖြင့် ဖွင့်ပါ။

Android Marshmallow မှာ Links များကိုသက်ဆိုင်ရာ Apps များဖြင့် ဖွင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဥပမာအားဖြင့် သင့်ထံ Facebook Link ပါတဲ့ အီးမေးဝင်လာတဲ့အခါမှာ အဲဒီ Link မျိုးကိုအမြဲတမ်းဖွင့်ပေးမယ့် Default App အဖြစ် Facebook ကိုသတ်မှတ်ထားနိုင်ပါတယ်။ အဲဒီအတွက် အရင်ကလို Link ကို နှိပ်ပြီးဖွင့်မယ့် App ကိုရွေးချယ်စရာမလိုတော့ပါဘူး။

အရင်က Default Apps များကိုသတ်မှတ်ထားနိုင်ပေမယ့်လည်းအဲဒီစနစ်ကအလုပ်ကောင်းစွာမလုပ်ပါဘူး။ အခုတော့ Domain URLs များကိုသက်ဆိုင်ရာ App နဲ့ ဖွင့်ပေးအောင် သတ်မှတ်ထားနိုင်ပါပြီ။ ဥပမာအားဖြင့် facebook.com Links များအားလုံးကို Facebook App နဲ့ ဖွင့်နိုင်ပါပြီ။

ဒီလိုလုပ်ဖို့ Settings> Apps ထဲသွားပါ။ ညာဘက်ထိပ်မှ Menu ကို နှိပ်ပြီး Advanced> App Links ထဲသွားပါ။ App တစ်ခုကိုရွေးချယ်ပြီးသူနဲ့ သက်ဆိုင်တဲ့ Domain URLs များကိုသတ်မှတ်ပေးနိုင်ပါတယ်။



အပိုင်း ၂ သို့ ==>

Myanmar digital life

Originally published at - http://www.blog.myanmardigitallife.com/


No comments: