
Google ရည်ရွယ်ထား တာကတော့ လူတိုင်း အတွက် Stock Android ကို အသုံးပြုနိုင် ဖို့ပါ။ ဒါပေမယ့် Samsung , LG နဲ့ အခြား စမတ်ဖုန်း ထုတ်လုပ် သူများက သူတို့ရဲ့ User Interface နဲ့ Stock Android ကို ပေါင်းစပ် ထည့်သွင်းပေး ထား ကြပါတယ်။
အဲဒီအတွက် သူတို့ရဲ့ စမတ်ဖုန်းများမှာ Stock Android ရဲ့ အရသာကို မခံစားနိုင် ပါဘူး။ Google Nexus Devices များမှာသာ Stock Android ကို ထည့်သွင်း ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Google Apps များစွာကြောင့် Android Phone တိုင်းမှာ Root မလိုဘဲ Stock Android ရဲ့ အတွေ့ အကြုံများကို ခံစားနိုင် ပါတယ်။
ရရှိနိုင်မယ့် Stock Android စွမ်းဆောင်ချက်များ
အခုဖော်ပြမယ့် နည်းလမ်းများနဲ့ ရရှိနိုင်မယ့် Stock Android စွမ်းဆောင်ချက်များကို အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။
Contacts
Photos
Camera
Home screen
App drawer
Wallpaper
The phone app
မရရှိနိုင်မယ့် Stock Android စွမ်းဆောင်ချက်များ
Notifications and quick settings
Faster android os updates
Stock Android နဲ့ အသွင်တူစေဖို့
သင့် Android Device ကို Stock Android အသွင်ပြောင်းဖို့ ပထမဆုံး လုပ်ရမှာက Interface ပါ။
အဲဒီအတွက် အခမဲ့ Google Now Launcher ကို လိုအပ်ပါတယ်။
သူက Home Screen နဲ့ App Drawer ရဲ့ သွင်ပြင်ကို Stock Android နဲ့ တူအောင် ပြောင်းလဲပေးနိုင်ပါတယ်။
Google Now Launcher – https://goo.gl/HZzdkK

Google Now Launcher ကို အင်စတောလုပ်ပြီးရင် Default Launcher အနေနဲ့ အသုံးပြုမလားလို့ မေးမှာပါ။
Google Now Launcher ကို Default အဖြစ် သတ်မှတ်ပေးပါ။
ဒါဆိုရင် သင့် Android Device ဟာ Stock Android နဲ့ အသွင်တူသွားပါပြီ။

အခြား နည်းလမ်း
Google Now Launcher ရဲ့ အားနည်းချက် တစ်ခုက Stock Android Icons များကို ပံ့ပိုးပေးခြင်း မရှိတာပါ။ အဲဒီအတွက် အသုံးပြုသင့်တဲ့ တစ်ခုမှာ Apex Launcher ဖြစ်ပါတယ်။ သူက Google Now Launcher နဲ့ လုံးဝ ထပ်တူ မကျပါဘူး။ Stock Android ရဲ့ A to Z App Drawer နဲ့ Google Now Cards များ မပါရှိ ပါဘူး။
ဒါပေမယ့် Apex မှာ Stock Android Icons များကို အသုံးပြုနိုင်တဲ့ Moonshine Icon Pack ကို ထောက်ပံ့ ပေးပါတယ်။
Apex Launcher နဲ့ Moonshine Icon Pack ကို အောက်ပါ Link များကနေ အခမဲ့ ရယူနိုင်ပါတယ်။
- Apex Launcher – https://goo.gl/TwYRgf
- Moonshine – Icon Pack – https://goo.gl/V7K3qM
- Apex ကို Default Launcher အဖြစ် သတ်မှတ်ပါ။
- Apex Settings>Theme Settings ထဲသွားပြီး Moonshine ကို နှိပ်ပါ။
- Wallpaper မှာ Uncheck လုပ်ပြီး Icon Pack နဲ့ Skin မှာ Check လုပ်ပေးပါ။

- Apex Settings>Advanced Settings> Icon Size ထဲသွားပြီး ၁၁၀ မှ ၁၂၀ ရာခိုင်နှုန်းကြား သတ်မှတ်ပါ။
- ပြီးရင်တော့ App Drawer ထဲကနေ တစ်ဆင့် Home Screen ပေါ်သို့ Apps များကို တင်ကြည့်ပါ။
- ဒါဆိုရင် Stock Android Icon များကို မြင်တွေ့နိုင်ပါပြီ။

Stock Android ရဲ့ အရသာကို ခံစားဖို့
စမတ်ဖုန်း ထုတ်လုပ် သူများက သူတို့ ကိုယ်ပိုင် Camera နဲ့ Photo Apps များကို ထည့်သွင်း ထားကြ ပါတယ်။ Stock Android ထည့်သွင်း ထားတဲ့ Nexus Devices များမှာ ပါတဲ့ Apps များကို Google Play Store မှာ ဖြန့်ချီပေး ထားပြီးသား ဖြစ်ပါတယ်။
အောက်ပါ Link များမှ Google Photos နဲ့ Google Camera တို့ကို ရယူပါ။
- Google Camera – https://goo.gl/afhlBO
- Google Photos – https://goo.gl/S7YDKU

Google Camera မှာ Photo Sphere အပါအ၀င် ထူးခြားတဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ Google Photos မှာ အခမဲ့ Storage ကို ပံ့ပိုးပေး ထားပြီး သင့်ရဲ့ ဓါတ်ပုံများကို စီမံခန့်ခွဲဖို့ အလွန် ကောင်းမွန် ပါတယ်။
Android 6.0 Marshmallow အသုံးပြုသူများ အတွက်
အောက်မှာ ပေးထားတဲ့ Contacts နဲ့ Phone Apps များဟာ သင့်ဖုန်းကို Stock Android နဲ့ ဆင်တူစေမှာပါ။ ဒါပေမယ့် နောက်ဆုံးထုတ် ဗားရှင်းများဟာ Android Marshmallow မှာသာ အသုံးပြု နိုင်ပါတယ်။
- Phone – https://goo.gl/aj0BwD
- Contacts – https://goo.gl/e7c4CQ
ကံဆိုးတာကတော့ Quick Settings နဲ့ Settings Menu တို့ကိုတော့ Stock Android နဲ့ ဆင်တူအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း မရှိသေးတာ ဖြစ်ပါတယ်။
Originally published at - http://www.blog.myanmardigitallife.com/

- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: