
Huawei ကုမ္ပဏီမှ သိပ္ပံ နှင့် နည်းပညာ ၀န်ကြီး ဌာနတို့ ပူးပေါင်းကာ HAINA 2016 (Huawei Authorized Information and Network Academy (HAINA program ) အစီအစဉ် မိတ်ဆက်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီလ (၂၉) ရက်နေ့က နည်းပညာ တက္ကသိုလ် (သန်လျင်) တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ HAINA အစီအစဉ်သည် Huawei ၏ တက္ကသိုလ် များနှင့် အတူတကွ ပြုလုပ်နေသော မိတ်ဖက် အစီအစဉ် တခု ဖြစ်ပြီး Huawei ၏ လေ့ကျင့်မှုနှင့် အသိအမှတ် ပြု လက်မှတ်ရ သင်တန်းများကို အဆိုပါ ကျောင်းများ၏ သင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်း စေခြင်းဖြင့် မြန်မာနိုင်ငံ၏ ပညာရေးတွင် ICT နည်းပညာ ဖွင့်ဖြိုး တိုးတက် လာရေးကို ထောက်ပံ့ပေး ရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ICT နည်းပညာ ဖွံ့ဖြိုးတိုးတက် လာရေးကို အထောက် အကူပြု စေမည့် အစီအစဉ် သဘော တူညီချက်ကို Huawei နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန တို့မှ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀န်ကြီးချုပ် Mr.LiKeqiang ရှေ့တွင်၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်က လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
သန်လျင် နည်းပညာ တက္ကသိုလ်တွင် HAINA သင်ရိုး ညွှန်း တပ်ဆင်ခြင်းသည် အဆိုပါ သဘော တူညီမှု၏ တစ်စိတ် တစ်ပိုင်း လည်းဖြစ်ပြီး Huawei နှင့် နည်းပညာ တက္ကသိုလ် (သန်လျင်) တို့သည် ပြီးခဲ့သည့်နှစ် မတ်လက သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ်နှင့် ယင်းအချိန်က တာဝန် ထမ်းဆောင် လျက်ရှိ သော မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Yang Houla တို့ ရှေ့မှောက် တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ပညာရေး ၀န်ကြီး ဌာနနှင့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ်က “Huawei က ကမ္ဘာ တစ်ဝန်းတွင် ICT နည်းပညာ ပိုင်းမှာ ဦးဆောင်နေသော ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။
ဒီHuawei အကယ်ဒမီက မျိုးဆက်သစ် လူငယ်တွေ အတွက် ICT ဗဟုသုတ တွေ ပိုမို ရရှိစေပြီး Huawei ကပေးအပ်တဲ့ ICT အသိအမှတ်ပြု လက်မှတ်ကို ရနိုင်တဲ့ အတွက် အလွန်ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
Huawei ရဲ့ ဒီလုပ်ဆောင်မှုတွေ အပေါ် ကျေးဇူး တင်ပြီနောက်ထပ်လဲ နိုင်ငံခြားကုမ္ပဏီ တွေက Huawei လိုမျိုး လူမှု အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လာဖို့လဲ မျှော်လင့်ပါတယ်” ဟု ထည့်သွင်းပြော ကြားခဲ့သည်။
ယခုနည်းပညာ တက္ကသိုလ်(သန်လျင်) တွင်ဖွင့် လှစ်သည့် HAINA အစီအစဉ်သည် Huawei ၏ ၁၄၇ ခုမြောက် ဖွင့်လှစ်လိုက်သော အစီအစဉ် တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
By Nay Oo Lwin
Originally published at - http://www.blog.myanmardigitallife.com/

No comments: