တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 28, 2016

နိုင်ငံကန့်သတ်ချက်ရှိတဲ့ Apps များနဲ့ Incompatible Apps များကို Google Play Store မှ အင်စတော ပြုလုပ်နည်း




နိုင်ငံ ကန့်သတ်ချက် ရှိတဲ့ အွန်လိုင်း ရုပ်ရှင်နဲ့ တီဗီစီးရီး ထုတ်လွှင့်တဲ့ Apps များ ၊ သင့်ဖုန်းနဲ့ Incompatible ဖြစ်တဲ့ Apps များကို Google Play Store ကနေ အင်စတော လုပ်တဲ့ အခါမှာ “ This item isn’t available in your country “ , “ The app is incompatible with your device” စသဖြင့် အသိပေးစာ ပေါ်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ Apps များကို သင့်ရဲ့ Android Device မှာ အင်စတော လုပ်နိုင်တဲ့ နည်းလမ်း ရှိနေ ပါသေးတယ်။

နိုင်ငံကန့်သတ်ချက်ရှိတဲ့ Apps များကို အင်စတောပြုလုပ်နည်း။

၁။ TunnelBear App ကို အောက်ပါလင့်ကနေ အင်စတောလုပ်ပါ။

https://goo.gl/EgVOgO

၂။ App ကို ဖွင့်ပြီး အကောင့် တစ်ခု လုပ်ပါ။

၃။ ခလုတ်ကို On ပေးပြီး မြေပုံပေါ်မှ နှစ်သက်ရာ နိုင်ငံကို တစ်ချက်နှိပ်ပါ။ Netflix , Hulu တို့လို အမေရိကန် နိုင်ငံမှသာ အသုံးပြုနိုင်တဲ့ Apps များကို အသုံးပြု ချင်ရင် အမေရိကန်ကို ရွေးပေးပါ။



၎။ Connection Request တောင်းရင် Agree လုပ်ပေးပါ။

၅။ Connected ဖြစ်တဲ့အထိစောင့်ပေးပါ။ ပြီးရင်တော့ နိုင်ငံကန့်သတ်ချက်ရှိတဲ့ App ကို Play Store ကနေ အင်စတောလုပ်နိုင်ပါပြီ။

တစ်ခုသတိပြုရမှာက နိုင်ငံကန့်သတ်ချက်ရှိတဲ့ App များကို Play Store ကနေ ရှာရင် ပြသပေးချင်မှ ပြသမှာပါ။ ဘရောက်စာတစ်ခုကနေ Google Search မှာ App ရဲ့ အမည်ကို ရိုက်ထည့်ပြီးရှာရင် Play Store Link ကို ရရှိနိုင်ပါတယ်။

Play Store မှာ “ It’s not available in your country “ လို့ ပြနေသေးရင် Settings> Apps> Google Play Store ထဲသွားပြီး Cache ကို ရှင်းလင်းပေးပါ။ ပြီးရင် အပေါ်ကနည်းကို နောက်တစ်ကြိမ် ပြုလုပ်ပြီး အင်စတောလုပ်ပါ။ App ကို အင်စတောလုပ်စဉ်နဲ့ အသုံးပြုစဉ်မှာပါ TunnelBear ကို On ထားရမှာပါ။



Incompatible Apps များကို အင်စတောပြုလုပ်နည်း။

“ That isn’t compatible with your device” လို့ Play Store က ပြောရင် Market Helper ကို အသုံးပြုပါ။ သင့်ဖုန်းကို Root လုပ်ထားပြီး Security Settings ထဲမှ Unknown sources မှာ အမှန်ခြစ်ပေးပါ။ ပြီးမှ အောက်ပါလင့်ကနေ Market Helper ကို အင်စတောလုပ်ပါ။

http://goo.gl/vopu7z

၁။ Market Helper ကိုဖွင့်ပါ။

၂။ Device Type, Device Model, Location , Carrier ဆိုတဲ့ Drop-Down Boxes လေးခုကို တွေ့ရမှာပါ။ သင်ဒေါင်းလုပ်ပြုလုပ်မယ့် App နဲ့ ကိုက်ညီမယ့် Type, Model တို့ကို ရွေးပေးပါ။ သင့်ဖုန်းကနေ Tablet-Only App ကို ဒေါင်းလုပ်လုပ်ချင်ရင် Tablet Model ကို ရွေးပေးပါ။ ဒါမှမဟုတ် သင့်ဖုန်းဟာ ဒိတ်အောက်နေတဲ့ ဖုန်းဆိုရင် မော်ဒယ် အမြင့်တစ်ခုကို ရွေးပေးပါ။



၃။ အောက်ခြေမှ Activate ခလုတ်ကို နှိပ်ပြီး Superuser Request တောင်းရင် Agree လုပ်ပါ။ သင့်ရဲ့ Android OS ဗားရှင်းပေါ်မူတည်ပြီး App Permissions အချို့ကို Agree လုပ်ပေးရပါမယ်။



၎။ “ Activated successfully” စာသားကို မြင်တွေ့ရမှာပါ။ Device Manager ထဲသွားလို့ သင် ယခုသတ်မှတ်ထားတဲ့ Device ကိုတွေ့ရရင် Play Store ကိုဖွင့်ပြီး Incompatible App ကို ဒေါင်းလုပ်လုပ်နိုင်ပ်ါပြီ။ အဆင်မပြေသေးရင် အပေါ်မှာလိုပဲ Play Store ရဲ့ Cache ကို ရှင်းပေးပါ။ ဒါမှမဟုတ် ဘရောက်စာကနေ App ကို ရှာဖွေပါ။

မှတ်ချက်။ ။ သင့်ရဲ့ မူလ Device ကို ပြန်လည်ပြောင်းချင်ရင် Market Helper ကိုဖွင့်ပြီး Default Settings ကို ရွေးပေးပါ။ ဒါမှမဟုတ် ဖုန်းကို Reboot လုပ်ပေးပါ။



သင့်ဖုန်းနဲ့ Incompatible ဖြစ်တယ်လို့ Play Store က ပြောတိုင်း အသုံးပြုလို့ မရတာ မဟုတ်ပါဘူး။ အပေါ်ကနည်းအတိုင်း အင်စတောလုပ်ပြီး အသုံးပြုကြည့်ပါ။ ဒါပေမယ့် သင့်ဖုန်းနဲ့ တကယ်ကို Incompatible ဖြစ်တဲ့ App ဆိုရင်တော့ သင့်ဖုန်းမှာ လုံးဝ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

Myanmar Digital Life Journal

Originally published at - http://www.blog.myanmardigitallife.com/


No comments: