တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 28, 2016

သင်မသိတဲ့ Facebook မှာ ပြုလုပ်နိုင်တဲ့ အရာများ




Facebook ဟာ ကမ္ဘာ့ လူသုံး အများဆုံး လူမှု ကွန်ရက် တစ်ခု အဖြစ် ရပ်တည် နေနိုင်ပါပြီ။ ဒီလို ရပ်တည် နေနိုင်တဲ့ အကြောင်း အရင်း ကတော့ Facebook ဟာ သူ့ရဲ့ လူမှု ကွန်ရက်မှာ စိတ်ဝင် စားစရာ ကောင်းတဲ့ လျှို့ဝှက် စွမ်းဆောင် ချက်တွေကို ထည့်သွင်း ပေးထားလို့ပဲ ဖြစ်ပါတယ်။

Facebook ကို လူတိုင်း လွယ်ကူစွာ အသုံးပြုနိုင် ပေမယ့် သူ့ရဲ့ လျှို့ဝှက် စွမ်းဆောင်ချက် တွေကို အသုံးပြု တတ်ရင် Facebook မှ သူငယ်ချင်းများနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်း ဆက်ဆံမှု ရှိခြင်း၊ ကိုယ်ရေး ကိုယ်တာ အကြောင်း အရာများကို အခြားလူများ မသိစေခြင်း၊ ပို့စ်များကို ရှာဖွေ ရာတွင် လွယ်ကူခြင်း၊ ပို့စ်များကို သိမ်းဆည်းခြင်း ၊ Mobile Data ကုန်ကျမှုကို သက်သာစေခြင်း၊ စိတ်အနှောင့် အယှက် ဖြစ်စရာ များကို တားဆီးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ အပြင် အခြား ပျော်ရွှင်စရာ ကောင်းတဲ့ ရလဒ်များကို ရရှိနိုင်မှာ
ဖြစ်ပါတယ်။

Facebook Messages မှ “ Seen “ ကို ပိတ်ခြင်း။

သင် စာမပြန် ချင်တဲ့ လူတစ်ယောက်က သင့်ထံ Message ပေးပို့ လိုက်တဲ့ အခါမှာ အဲဒီ Message ကို သင်ဖတ် လိုက်ပြီးတဲ့ နောက်မှာ ပေးပို့သူက သင် ဖတ်ပြီးကြောင်း “ Seen” Read Receipts ကို ရရှိမှာ ဖြစ်ပါတယ်။

သင်ဖတ်ပြီးကြောင်းကို တစ်ဖက်လူက မသိစေချင် Browser Extension များကို အသုံးပြုပြီး Disable လုပ်နိုင် ပါတယ်။ Facebook Unseen Chrome Extension ၊ Firefox နဲ့ Internet Explorer တို့အတွက် Chat Undetected တို့ကို အသုံးပြုနိုင် ပါတယ်။


သူငယ်ချင်း များရဲ့ မွေးနေ့ကို Google Calendar , iCal , Outlook တို့မှာ ထည့်သွင်းခြင်း။ သင့် သူငယ်ချင်း များရဲ့ မွေးနေ့ကို သတိမေ့နေ တာမျိုး မဖြစ်ရလေအောင် Calendar များမှာ ထည့်သွင်း ထားနိုင် ပါတယ်။ ဘယ်ဘက် Sidebar မှ Events Page ထဲသွားပြီး Upcoming Events နဲ့ Birthdays ထဲမှ လင့် တစ်ခုကို ကော်ပီလုပ်ပါ။



Google Calendar ကို ဖွင့်ပြီး Others Calendars ဘေးမှ မျှားကို နှိပ်ပါ။ Add by URL ကို နှိပ်ပြီး URL ကို Paste လုပ်ပါ။

iCal မှာ Calendar> Subscribe ထဲသွားပြီး URL ကို ထည့်ပေးပါ။
Outlook မှာ Tools> Account Settings> Internet Calendars ထဲသွားပါ။

Facebook Messages မှ “ Other “ Inbox ကို ကြည့်ရှုပါ။

သင့်မှာ Facebook Messages များအတွက် Inbox နှစ်ခုရှိပါတယ်။ “ Other” Inbox ထဲမှာတော့ သင့် သူငယ်ချင်းမဟုတ်သူများက ပေးပို့ထားတဲ့ စာများကို တွေ့ရမှာ ဖြစ်ပါတယ်။

သင့်သူငယ်ချင်းမဟုတ်သူများက သင့်ရဲ့ အဓိက Inbox ထံ တိုက်ရိုက် စာပေးပို့ချင်ရင်တော့ Facebook ကို အခကြေးငွေပေးရမှာ ဖြစ်ပါတယ်။ နာမည်ကျော်များအနေနဲ့ သူတို့ရဲ့ Fans များမှ ပေးပို့တဲ့ စာများကို “ Other” မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။


ပို့စ်တစ်ခုကို ရှာဖွေပါ။

Facebook Search ဟာ သင့်သူငယ်ချင်းများက သင်နဲ့ မျှဝေထားတဲ့ ပို့စ်များကို ရှာဖွေရာမှာ အလွန်အစွမ်းထက်လာပါပြီ။ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပို့စ်ကို ရှာချင်ရင် သူ့ရဲ့ နာမည်ကို အရှေ့မှာ ရိုက်ထည့်ပြီး အနောက်မှာတော့ ပို့စ်မှာ ပါတဲ့ Keyword စကားလုံးကို ရိုက်ထည့်ပေးပြီး ရှာဖွေရင် လွယ်ကူပြီး ထိရောက်မှာပါ။


GIF များ တင်ပါ။

Facebook မှာ GIF များတင်လို့ ရပါပြီ။ GIF ရဲ့ လင့်ကို ကော်ပီကူးပြီး Status Box မှာ Paste လုပ်ပါ။ Preview ပေါ်လာရင် လင့်ကို ဖျက်နိုင်ပါတယ်။



သင့်ရဲ့ Friends List ကို ဖွက်ထားပါ။

Friends Tab ထဲသွားပြီး ညာဘက်မှ Edit Privacy ကို နှိပ်ပါ။ Only Me ပြောင်းပေးရင် သင့်ရဲ့ Timeline ထဲဝင်ကြည့်သူများက သင့်ရဲ့ Friends List ကို မမြင်နိုင်တော့ပါဘူး။



ပို့စ်တစ်ခုကို ရှာဖွေပါ။

Facebook Search ဟာ သင့်သူငယ်ချင်းများက သင်နဲ့ မျှဝေထားတဲ့ ပို့စ်များကို ရှာဖွေရာမှာ အလွန်အစွမ်းထက်လာပါပြီ။ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပို့စ်ကို ရှာချင်ရင် သူ့ရဲ့ နာမည်ကို အရှေ့မှာ ရိုက်ထည့်ပြီး အနောက်မှာတော့ ပို့စ်မှာ ပါတဲ့ Keyword စကားလုံးကို ရိုက်ထည့်ပေးပြီး ရှာဖွေရင် လွယ်ကူပြီး ထိရောက်မှာပါ။



News Feed မှ Auto-Play Video များကို ကြိုတင်ပိတ်ထားပါ။

Facebook က News Feed မှာ ဗီဒီယိုများ အလိုအလျှောက် ပြသဖို့ ပြုလုပ်နေပါတယ်။ အချို့နိုင်ငံများမှာတော့ Auto-Play Video များကို မြင်တွေ့နေရပါပြီ။

ဒီလို Auto-Play Video များကို ကြိုတင်ကာကွယ်ထားချင်ရင် Facebook App>App Settings> Videos and Photos > Auto-Play ထဲသွားပြီး Smart Auto-Play ကို Disable လုပ်ပါ။

User WiFi Only ကို ရွေးပေးပါ။ အခြားဖုန်းများမှာတော့ Facebook App> App Settings> Videos play automatically မှာ Off လုပ်ပေးပါ။



Game Requests များကို ပိတ်ပါ။

Facebook App ကနေ More> App Settings> Notifications> Mobile Push ထဲသွားပြီး Application Requests မှာ အမှန်ခြစ်ကို ဖြုတ်ပါ။ အခြားဖုန်းများမှာ More> App Settings> Notifications > Application requests မှာ Off လုပ်ပေးပါ။



Relationship Status ကို အခြားသူများ မသိအောင် ပြောင်းပါ။

သင့်ရဲ့ Relatiionship Status ကို အခြားသူများ မသိအောင် ပြောင်းချင်ရင် Timeline ကနေ About Tab ထဲသွားပါ။ Family and relationships မှ Privacy Settings မှာ Only Me ပြောင်းပေးပြီး Relationship Status မှာ နှစ်သက်ရာကို ပြောင်းပါ။ Save Changes ကို နှိပ်ပါ။



ပို့စ်များကို သိမ်းဆည်းပါ။

Facebook မှာ နေ့စဉ် မျှဝေကြတဲ့ သတင်းများ၊ဆောင်းပါးများစွာ ရှိပါတယ်။ ဖတ်ဖို့ အချိန်မရလို့ နောက်မှ ဖတ်ဖို့ သိမ်းဆည်းထားချင်ရင် ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Save link ကို နှိပ်ပါ။ သိမ်းထားတာတွေကို ဒတ်စတော့မှာ ညာဘက် Sidebar မှ Saved ကဏ္ဍနဲ့ မိုဘိုင်းဖုန်းမှာ More> Saved ကဏ္ဍတို့မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။


Originally published at - http://www.blog.myanmardigitallife.com/


No comments: