တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 7, 2016

Facebook မှာရှာဖွေမှု ပြုလုပ်နည်းများ




Facebook ရဲ့ Search Engine ဟာအလွန် စွမ်းဆောင်ရည် မြင့်မား ပါတယ်။ အများစုတော့ သူငယ်ချင်း အမည်များ၊ Group နဲ့ Page အမည်များ ကိုသာ ရိုက်ထည့်ပြီး ရှာဖွေလေ့ ရှိပါတယ်။

ဒါပေမယ့် အခြား စိတ်ဝင်စားစရာ ကောင်းတဲ့ ရှာဖွေမှု စွမ်းဆောင်ချက် များကိုတော့ အသုံးပြုမှု နည်းပါးကြ ပါတယ်။ ဒီ Tutorial မှာတော့ သင် အလိုရှိတဲ့ အရာကို ထိရောက်စွာ ရှာဖွေနိုင်မယ့် အလွန် အသုံးဝင်တဲ့ နည်းလမ်းများကို ဖော်ပြပေး လိုက်ပါတယ်။

သူငယ်ချင်းများကို ရှာဖွေနည်း

အများစုက ဒီနည်းကို သိပြီးသား ဖြစ်ပါတယ်။ Search Bar မှာ သူငယ်ချင်း အမည်ကို ရိုက်ထည့် လိုက်တာနဲ့ သင်နဲ့ သူငယ်ချင်း ဖြစ်နေသူများ၊ သူငယ်ချင်းများရဲ့ သူငယ်ချင်းများ၊ နာမည်ကျော် များနဲ့ အခြားအရာ များကို ပြသပေးမှာပါ။

အခုတော့ အီးမေး လိပ်စာနဲ့ပါ လူတစ်ယောက်ကို ရှာဖွေနိုင်ပါပြီ။ သူတို့က အီးမေး လိပ်စာကို Facebook မှာ ထည့်သွင်း ထားပြီး Visible ဖြစ်အောင် လုပ်ထားရင် သင် သူတို့ကိုရှာဖွေနိုင်ပါတယ်။

သင့်ရဲ့ Contacts များကို Facebook မှာ Import လုပ်ခြင်းဖြင့်လည်းသူတို့ရဲ့ အီးမေးလိပ်စာများနဲ့ တိုက်ဆိုင် စစ်ဆေးပြီး ရှာဖွေပေးမှာပါ။

တစ်စုံ တစ်ယောက်ကို ရှာဖွေနည်း

သင်နဲ့ သူငယ်ချင်းမဟုတ်သူတစ်ယောက်ကိုရှာဖွေဖို့ကိုလည်း Facebook က ပံ့ပိုးပေးထားပါတယ်။ သူ့ရဲ့ အမည်ကိုရိုက်ထည့်လိုက်တာနဲ့ အဲဒီအမည်နဲ့ လူများအားလုံးကို ပြသပေးမှာပါ။ သင်နဲ့ သူတို့ရဲ့ Mutual Friends များနဲ့ အခြားသတင်းအချက်အလက်များကိုပါ ပြသပေးထားပါတယ်။ အမည်တူသူတွေ များပြားနေပြီးရှာရခက်နေရင် အောက်ပါ နည်းလမ်းများကိုအသုံးပြုပါ။


ဖုန်းနံပါတ်ဖြင့် ရှာဖွေနည်း

Facebook မှာ သူငယ်ချင်း များကို ရှာဖွေဖို့ သူတို့ရဲ့ ဖုန်းနံပါတ် များကို အသုံးပြုနိုင် ပါပြီ။ Facebook Search Box ထဲမှာပဲ ရှာရမှာပါ။ သူငယ်ချင်းက သူ့ရဲ့ ဖုန်းနံပါတ်ကို Facebook Profile မှာ ထည့်သွင်း ထားရင် အဆင်ပြေပါပြီ။ ဒီနည်းက အမည်နဲ့ ရှာဖွေ တာထက် ပိုမို တိကျ ပါတယ်။

ပို့စ်များကို ရှာဖွေနည်း

ပို့စ်များကို ရှာဖွေဖို့ အတွက် ပို့စ်မှာပါတဲ့ စကားလုံးများကို ရိုက်ထည့် နိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို အလိုရှိရင် Facebook Graph Search ကို အသုံးပြုပါ။

ဥပမာ အားဖြင့် “posts about Netflix by people who like the TV shows that I like”သို့မဟုတ် “posts about politics by people who like Greenpeace”လို့ ရှာဖွေနိုင် ပါတယ်။

သင့်ရဲ့ပို့စ်ကို ရှာမယ်ဆိုရင် ရှာဖွေတဲ့ စကားလုံးရဲ့ အရှေ့မှာသင့်နာမည်ပါ ထည့်ရှာရင် ရလဒ်ကောင်းကို ရရှိပါတယ်။

သူငယ်ချင်းရဲ့ပို့စ်ကို ရှာမယ် ဆိုရင်တော့သူ့ နာမည်ကို အရှေ့မှာ ထည့်ပေးပါ။


တည်နေရာများကို ရှာဖွေနည်း

Facebook မှာ တည်နေရာများကို ရှာဖွေချင်ရင် သူ့ရဲ့ အမည်ကို ရိုက်ထည့် လိုက်ရုံပါပဲ။ ခရီးသွားမယ့် ဒေသရဲ့ သတင်း အချက် အလက်ကို ရှာဖွေချင်ရင် ဖြစ်ဖြစ်၊ ခရီး ထွက်သင့်တဲ့ ဒေသများကို ရှာဖွေ ချင်ရင်ပဲ ဖြစ်ဖြစ် ဒီနည်းက အသုံးဝင် ပါတယ်။

စကားစု အနည်းငယ်ကို ရိုက်ထည့်ပြီး ရှာဖွေရင် ပိုမို တိကျမှာပါ။

ဥပမာအားဖြင့် “vegetarian restaurants in Bordeaux”လို့ ရိုက်ပါ။ ပိုမိုတိကျချင်ရင် စကားစုများများသုံးပါ။

“Hotels in New York visited by my friends” သို့မဟုတ် “Places in London visited by people who like David Tennant”လို့ ရိုက်ထည့်ပြီးလည်းရှာဖွေနို်င်ပါတယ်။

ဒါပေမယ့် ကမ္ဘာအနှံ့မှာအမည်တူညီတဲ့ ဒေသများစွာရှိနေပါတယ်။ အဲဒီ ပြဿနာကို Facebook က ဖြေရှင်းပေးထားပါတယ်။ အမည်အစား Postcode များကိုအသုံးပြုပါ။“vegetarian restaurants in Bordeaux” အစား“vegetarian restaurant in 33000″လို့ ရှာဖွေနိုင်ပါတယ်။


Group များကိုရှာဖွေနည်း

Search Box မှာ Group လို့ ရိုက်ထည့်ပြီးသူ့နောက်မှာ ဂရု အမည်ကို ရိုက်ထည့်ပါ။ ဒါဆိုရင် သင် အဖွဲ့ဝင် ထားပြီးသား ဂရုများကို ထိပ်ဆုံးမှာ ပြသပေးမှာပါ။

အဲဒီ အတွက် ဂရုအမည်နဲ့ပဲ ရှာဖွေတာ ပိုမိုကောင်းမွန် ပါတယ်။ အမည်ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ နောက်အဆင့်မှာ Groups Tab ကို နှိပ်ပါ။ ဒါဆိုရင် သင် ရှာဖွေချင်တဲ့ ဂရုကို ပိုမို တိကျစွာ တွေ့မြင် နိုင်မှာပါ။



Originally published at -




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: