တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 3, 2016

ဖန်သားပြင်ကနေ နေရောင်ခြည် စွမ်းအင်စုပ်ယူပြီး အားသွင်းနိုင်မယ့် Kyocera စမတ်ဖုန်း




အခုခေတ် စမတ်ဖုန်းတွေဟာ စွမ်းအင် သုံးစွဲမှု မြင့်မား လာတာကြောင့် ဖုန်းတွေကို ခဏခဏ အားပြန် သွင်းပေး နေရတာက ကရိကထ တော်တော် နိုင်ပါတယ်။ အပြင်သွားရင်း လာရင်း ဖုန်းအားကုန် သွားတာမျိုးနဲ့ ကြုံလို့ကတော့ စိတ်ပျက် စရာပဲ။

ဒီလို ဘက်ထရီ မလောက်တဲ့ ပြဿနာတွေကို အတိတ်မှာ ချန်ခဲ့နိုင်မယ့် စမတ်ဖုန်း တစ်မျိုး ထွက်ပေါ် လာပါပြီ။

ဂျပန် လျှပ်စစ် ပစ္စည်း ထုတ်လုပ်သူ ကုမ္ပဏီ Kyocera ဟာ ဖုန်းမှန်သားပြင်မှာ တပ်ဆင် ထားတဲ့ ဆိုလာပြား ကနေ ဖုန်းအတွက် လိုအပ်တဲ့ လျှပ်စစ် စွမ်းအင်ကို ထုတ်လုပ် ပေးနိုင်တဲ့ စမတ်ဖုန်း ဒီဇိုင်း တစ်မျိုးကို ဘာစီလိုနာမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ MWC ပွဲမှာ ပြသ သွားခဲ့ ပါတယ်။

မျက်နှာပြင် ၅ လက်မ အရွယ် ရှိတဲ့ Kyocera စမတ်ဖုန်းကို ပြင်သစ် နည်းပညာ ကုမ္ပဏီ SunPartner နဲ့ ပူးပေါင်း ဖန်တီး ခဲ့တာဖြစ်ပြီး၊ တစ်မိနစ်စာ ဖုန်းပြောဖို့ လိုအပ်တဲ့ စွမ်းအင် ပမာဏကို နေရောင်ထဲ သုံးမိနစ်လောက် ထားပေး ရုံနဲ့ ရတယ်လို့ ဆိုပါတယ်။

ဒီဖုန်းရဲ့မျက်နှာပြင်မှာ တပ်ဆင် ထားတဲ့ ဆိုလာပြားဟာ ကျွန်တော်တို့ အပြင်မှာ မြင်တွေ့နေရတဲ့ ဆိုလာပြားတွေလို မဟုတ်ဘဲ Photovolataic လို့ခေါ်တဲ့ နေရောင်ခြည် စွမ်းအင်ကို စုပ်ယူကာ၊ လျှပ်စစ် စွမ်းအင် အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ နေရောင်ခြည်ခံ အလွှာ တစ်ခု ဖြစ်ပါတယ်။

WYSIPS Crystal လို့အမည်ပေးထားတဲ့ အဆိုပါ နေရောင်ခြည် စွမ်းအင်စုပ် အလွှာဟာ ၀.၅၅ မီလီမီတာသာ အထူရှိပြီး၊ စမတ်ဖုန်းရဲ့ display နဲ့ touchscreen အလွှာ အကြားမှာ ထည့်သွင်း ထားတဲ့ ဖောက်ထွင်း မြင်နိုင်တဲ့ အလွှာတစ်ခု ဖြစ်ပါတယ်။

အဆိုပါ Photovoltaic အလွှာကို ချစ်ပြားတစ်ခုနဲ့ ချိတ်ဆက် ထားပြီး၊ ဖုန်းမျက်နှာပြင်ပေါ် ကျရောက်လာတဲ့ နေရောင်ခြည် စွမ်းအင်ကို ဒီချစ်ပြားက လျှပ်စစ် စွမ်းအင် အဖြစ် ပြောင်းလဲပေးကာ၊ ဖုန်းရဲ့ ဘက်ထရီထဲမှာ သိုလှောင် ထားပေးနိုင် ပါတယ်။

Kyocera နေရောင်ခြည် စွမ်းအင်သုံး စမတ်ဖုန်းဟာ နေရောင်ခြည် စွမ်းအင် သက်သက်နဲ့ အသုံးပြုနိုင်တဲ့ စမတ်ဖုန်း မဟုတ်သလို၊ နေရောင်ခြည် စွမ်းအင်နဲ့ပဲ ဖုန်းအား သွင်းမယ် ဆိုရင် အချိန် တော်တော်ကြာမှာ ဖြစ်ပေမယ့်၊ အရေးတကြီး ဖုန်းအား လိုနေတဲ့ အချိန်မှာတော့ အဆင်ပြေနိုင်မယ့် ဖုန်းဖြစ်ပါတယ်။

လောလောဆည်တော့ Kyocera နေရောင်ခြည်သုံး စမတ်ဖုန်းဟာ ရှေ့ပြေး ဒီဇိုင်းအနေနဲ့သာ ရှိသေးပြီး၊ ဈေးကွက်ထဲ ဘယ်တော့ ၀င်လာ မလဲဆိုတာ ကိုတော့ မသိရှိ ရသေးပါဘူး။

အနာဂတ်တစ်ချိန်မှာ ယခုနည်းပညာဟာ ဒီထက် ပိုတိုးတက် လာပြီး၊ လုံးဝ အားပြန် သွင်းစရာမလိုတဲ့ စမတ်ဖုန်းတွေ၊ ကြိုးမဲ့ အားသွင်းနိုင်တဲ့ စမတ်ဖုန်းတွေ ရေပန်းစား လာဖို့ရှိနေကြောင်း သုံးသပ် တင်ဆက် လိုက်ပါတယ်။

Credit - digitaltimes.com.mm

Originally published at - http://technology.thithtoolwin.com/2016/02/kyocera.html




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: