တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 20, 2016

Nike က အလိုအလျောက် ကြိုးချည်ပေးမယ့် ဖိနပ်ကို ထုတ်လုပ်




အားကစား အသုံးအဆောင်နဲ့ တစ်ခြား လူအသုံး အဆောင် တွေကို ထုတ်လုပ်တဲ့ Nike ကုမ္ပဏီ ကတော့ ဖိနပ် ဝတ်ဆင်သူရဲ့ ခြေထောက် အနေအထားနဲ့ အသင့်တော်ဆုံး ဖြစ်အောင် ကြိုးကို ချိန်ညှိပေးမယ့် ဖိနပ် တစ်မျိုးကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။

HyperAdapt 1.0 လို့ အမည်ပေး ထားတဲ့ ဖိနပ်ဟာ ဆိုရင်တော့ ဝတ်ဆင်သူက ခြေထောက် ထိုးထည့် လိုက်တာနဲ့ ကြိုးတွေကို ခြေထောက် အရွယ်အစားကို လိုက်ပြီး တင်းရင်းအောင် ပြုလုပ်ပေး သွားမှာ ဖြစ်ပါတယ်။

“ဖိနပ်ကြိုး ချည်ရတဲ့ အလေ့ အထနဲ့ ကြိုးကို တင်းအောင် ဆွဲရတာတွေကို ဖျောက်ဖျက် ပေးမယ့် ဖိနပ်” လို့ Nike က ကြေညာ ထားခဲ့ ပါတယ်။

Nike ဟာဆိုရင်တော့ သူတို့ရဲ့ နည်းပညာသစ် အဖြစ် Nike + ဆိုတဲ့ အက်ပလီကေးရှင်း ကိုလည်း ထည့်သွင်း ပေးထားပြီး အားကစား ဖိနပ်တွေရဲ့ ဖဝါးဘက်မှာ ရွှံ့တွေ ကပ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ပစ္စည်းတစ်ခုကိုလည်း အတူ တကွ မိတ်ဆက် ခဲ့ပါတယ်။

ဒီရဲ့ ဖိနပ်ဟာဆိုရင်တော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ “Back To The Future” ဇာတ်ကားထဲက ဇာတ်ကောင် Marty McFly ဝတ်ဆင်ခဲ့တဲ့ ဖိနပ်ပုံစံနဲ့လည်း ဆင်တူပါတယ်။

ဒီဖိနပ်ကိုတော့ ရိုးရိုးစီးနဲ့ အားကစားစီးဆိုပြီး အမျိုးအစားနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

ဖိနပ်ရဲ့ ကြမ်းပြင်မှာ အာရုံခံကိရိယာတွေပါဝင်လာမှာဖြစ်ပြီး ဖိနပ်မှာပါတဲ့ ကြိုးတွေကို အလိုအလျောက်တင်းသွားမှာဖြစ်ပါတယ်။

ဖိနပ်မှာတော့ “ကြိုးတင်မှာလား ၊ ကြိုးလျော့မလား” ဆိုတဲ့ ခလုတ်နှစ်ခုပါဝင်လာအုံးမှာဖြစ်ပြီး စိတ်ကြိုက် အနေအထားကို မရောက်မချင်း ခလုတ်တွေကို နှိပ်ပြီး ကိုယ်တိုင်ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းကိုတော့ မသိရသေးဘဲ ကြော်ငြာအနေနဲ့တော့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ ရိုက်ကူးထားတာကို တွေ့ရ ပါတယ်။



Originally published at - http://technology.thithtoolwin.com/2016/03/nike.html




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: