တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 30, 2016

Samsung Galaxy Note 5 (SM-N9208) 5.1.1 Root လုပ်နည်း




CF Auto Root ကို အသုံးပြုပြီး Root လုပ်တဲ့ နည်းလမ်း ကတော့ အလွန်ကို လွယ်ကူတဲ့ နည်းလမ်းဖြစ်ပြီးတော့ အတော်များများလဲ အသုံးပြုကြပါတယ်။

သတိပြုရန်

ဖုန်းရဲ့ Model No. နဲ့ ဒီ Tutorial နဲ့ ကိုက်ညီမှု ရှိမရှိ သေချာစွာစစ်ဆေးပါ။

ဒီ Root Tutorial က Samsung Galaxy Note 5 (SM-N9208) Verion 5.1.1 အတွက်သာ ဖြစ်ပါတယ်။

Root လုပ်လိုက်ပြီဆိုတာနဲ့ Warranty ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

CF Auto Root နဲ့ Root ပြုလုပ်ခြင်းဟာ လွယ်ကူပေမယ့် Build No. မကိုက်တာနဲ့ ကြုံရင် တခါတလေ Error တွေလဲ တက်နိုင်ပါသေးတယ်။


လုပ်ဆောင်ရန် လိုအပ်ချက်များ
  • Root ပြုလုပ်မယ့်ဖုန်းမှာ USB Debugging On ထားပြီးသား ဖြစ်ရပါမယ်။ ( Setting> Development > USB Debugging ကို အမှန်ခြစ်ထားရပါမယ်။ )
  • ကွန်ပျူတာမှာ Samsung Driver သွင်းထားပြီးဖြစ်ရပါမယ်။
  • Driver မရှိပါက အောက်ကလင့်မှာ Download ရယူပါ။
Download Samsung Driver

  • Root ပြုလုပ်ရန် လိုအပ်သော CF-Auto-Root File ကို အောက်ကလင့်မှာ Download ရယူပါ။

Download CF-Auto-Root File

အပေါ်က အချက်တွေ အားလုံး ပြည့်စုံရင်တော့ Root လုပ်ရန် စတင်လို့ ရပါပြီ။

  • Download လုပ်ပြီး သွားရင် အောက်က ပုံအတိုင်း မြင်ရမှာပါ။ 
  • Download လုပ်ထားတဲ့ ဖိုင်ပေါ် Right Click နှိပ်ပြီး (ဖြည်ထုတ် (Extract) လုပ်ပါ။


  • ဖြည်ပြီးသွားရင် အောက်ကပုံ လိုမျိုး အဝါရောင် Folder လေး ရရှိ ပါလိမ့်မယ်။ Folder ထဲကို ဝင်ပါ။


  • ကွန်ပျူတာမှာ Odin ကို ဖွင့်ပါ။


ပြီးရင် ဖုန်းကို Vol Down + Home + Power (၃) ခုစလုံး တပြိုင်နက် ဖိထားပြီး Download Mode ( Odin Mode) ကို ၀င်ထားတဲ့ အနေအထားမှာ ထားရှိပါ။



  • ကွန်ပျူတာနဲ့ ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်ပါ။

Odin ရဲ့ဘယ်ဘက်အပေါ်နားက ID:COM ဆိုတဲ့ အကွက်နေရာလေးမှာ အပြာနုရောင် ပေါ် မပေါ် ကြည့်ပါ။ (အဲဒီနေရာမှာ အရောင်မပြဘူး ဆိုရင်တော့ ကွန်ပျူတာမှာ Samsung Phone Driver မရှိသေး လို့ပါ။ Driver/ USB စစ်ဆေးပါ။)



AP ကို နှိပ်ပြီး Download ရယူထားတဲ့ ကိုယ့်ဖုန်း Model နဲ့ ကိုက်ညီတဲ့ Cf Auto Root ဖိုင်ကို ရွေးချယ်ပါ။



  • အထက်ပါ အချက်များနဲ့ ပြုလုပ်ပြီးပါက Start ကို နှိပ်ပါ။

ID:COM ရဲ့အပေါ်က အကွက်ထဲမှာ အစိမ်းတန်းလေး ပြည့်သွားတဲ့ အထိစောင့်ဆိုင်းပါ။

Pass , Reset လို့ ပေါ်လာရင် ဖုန်းက restart ကျသွားပါလိမ့်မယ်။ Odin ကို ပိတ်ပြီး USB ကြိုးကို ဖြုတ်လို့ရပါပြီ။


(၉) အထက်ပါ အချက်အားလုံး မှန်ကန်မယ် ဆိုရင် restart ကျပြီး ဖုန်းပြန်တက် လာတဲ့ အခါ Supersu လေး ပေါ်နေ ပါလိမ့်မယ်။

သတိပြုရန်မှာ Odin သုံးပြီး Firmware တင်နေစဉ် ကာလ အတွင်း USB ကြိုး ဆွဲဖြုတ်ခြင်း။ Odin ကို ပိတ်ခြင်းများ မပြုလုပ်ရပါ။

Root ရှိမရှိ စစ်ဆေးလိုလျှင်တော့ Root Checker ဆော့ဝဲကို Download လုပ်ပြီး စစ်ဆေးကြည့်ပါ။

Download Root Checker Pro

Originally published at - http://www.mppgmyanmar.com/2016/03/29/samsung-galaxy-note-5-sm-n9208-root-5-1-1/




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: