တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 2, 2016

Computer မှ ဖိုင်များကို စမတ်ဖုန်းကနေ ကြိုးမဲ့ ရယူနည်း




သင့်ရဲ့ စမတ်ဖုန်းကနေ ကွန်ပြူတာမှ ဖိုင်များကို ကြိုးမဲ့ နည်းလမ်းဖြင့် ရယူနိုင် ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ကွန်ပြူတာမှာ Software များ ထည့်သွင်း စရာလည်း မလိုပါဘူး။

Android Phone မှာတော့ ES File Explorer ကို ထည့်သွင်း ထားရမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းကို အသုံးပြုရင် ကြီးမားတဲ့ ဖိုင်များကိုတောင် လျှင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ဖုန်းမှာ ES File Explorer မရှိသေးရင်တော့ အောက်ကလင့်မှာ ဒေါင်းယူပါ။

ဒီမှာနှိပ်ပြီး ES File Explorer ကို ဒေါင်းယူပါ

သင့်ရဲ့ ကွန်ပြူတာနဲ့ စမတ်ဖုန်းကို တူညီတဲ့ WiFi Network တစ်ခုထဲမှာ ချိတ်ဆက် ထားဖို့ လိုပါတယ်။

သင့်ကွန်ပြူတာမှ Share လုပ်ချင်တဲ့ Hard Drive သို့မဟုတ် ဖိုဒါ အပေါ်မှာ Right Click နှိပ်ပြီး အောက်ပါ လမ်းကြောင်း အတိုင်းသွားပါ။

Properties > Sharing>Advanced sharing >share this folder

Share this folder မှာ အမှန်ခြစ်ပေးပြီး Apply ကို နှိပ်ပါ။ Ok ကို နှိပ်ပါ။

သင့်ဖုန်းမှ ES File Explorer ကို ဖွင့်ပြီး ဘယ်ဘက် အပေါ်ထောင့်မှ Menu ကို နှိပ်ပြီး LAN ထဲသွားပါ။

Scan ခလုတ်ကို နှိပ်ရင် သင့်ကွန်ပြူတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Username, Password ထည့်ပေးပြီးရင် သင့်ကွန်ပြူတာမှ မျှဝေထားတဲ့ Hard Drive or Folder ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဖိုဒါတစ်ခုကို ဖိထားပြီး ကော်ပီလုပ်ပါ။ Cut လည်းပြုလုပ်နိုင်ပါတယ်။

သင့်စမတ်ဖုန်းမှာ သိမ်းချင်တဲ့ နေရာကို သွားပြီး Paste လုပ်ပါ။ ဒါဆိုရင် သင့်ကွန်ပြူတာမှ ဖိုင်ကို စမတ်ဖုန်းကနေ ရယူနေပါပြီ။ သင့် WiFi လိုင်းရဲ့ အမြန်နှုန်းနဲ့ ဖိုင်အရွယ်အစားအပေါ်မူတည်ပြီး အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။

Myanmar Digital Life Journal By Thu Ya

Originally published at - http://www.blog.myanmardigitallife.com/





  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: