တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 24, 2016

Samsung FRP Lock




Samsung က သူ့ရဲ့ Android Device အချို့မှာ Google ရဲ့ Lollipop Security တစ်မျိုးဖြစ်တဲ့ Factory Reset Protection Lock ( FRP Lock ကို ထည့်သွင်း လာပါတယ် )


FRP Lock ဆိုတာ-

  • တစ်ကယ်လို့ မိမိဖုန်းဟာ Android Version 5.0 နဲ့အထက်ဖြစ်နေမယ်
  • FRP Lock ကို လည်း Support ပေးမယ်
  • Gmail တစ်ခုခုကိုလည်း Login လုပ်ထားဖူးတယ်ဆိုရင်
မိမိရဲ့ဖုန်းကို မည်သူ တစ်ဦး တစ်ယောက်က ဖြစ်စေ Factory data reset ချဖို့ ကြိုးစားခဲ့ရင် စက်ပြန်ဖွင့် အပြီးမှာ Verify your account ဆိုပြီး Gmail Login တောင်းတဲ့ Security တစ်မျိုးဖြစ်ပါတယ်။

Account တောင်းလာရင် မိမိ reset မချခင်က မိမိဖုန်းမှာ ပထမဆုံး ထည့်သွင်းထားတဲ့ gmail account ရိုက်ထည့် ပေးလိုက်ရင် အားလုံး အဆင်ပြေသွား ပါလိမ့်မယ် ၊ တစ်ကယ်လို့ account မမှတ်မိသည် ဖြစ်စေ အခြား တစ်စုံတစ်ခုသော အကြောင်းကြောင့် အဲ့ဒီ account ကို မိမိ မသိသည်ဖြစ်စေ FRP Lock ကျ ပါတော့တယ်။

FRP Lock ကို Gmail Account မထည့်ပဲ ဖြေရှင်းနည်း-
1. U.S.B OTG တစ်ခု လိုပါမယ်။
2. Development Settings .apk လိုပါမယ်။

  • ပထမဆုံး ဒေါင်းလုဒ် လုပ်လို့ ရလာတဲ့ Development Settings.apk ကို OTG ထဲထည့်ပါ။
  • google account တောင်းနေတဲ့ဖုန်းမှာ OTG ထိုးလိုက်ပါ။
  • USB Storage A အနေနဲ့ တက်လာရင် အထဲ ၀င်လိုက်ပါ။
  • Development Settings.apk ကို ရှာပြီး Install ပြုလုပ်ပါ ( Unknown Source ပိတ်ထားတာလေးဖွင့်ပေးရပါမယ် )
  • Application ကို install လုပ်ပြီးတာနဲ့ Open လုပ်လိုက်ပါ။
  • Phone Settings ထဲကို ရောက်သွားပါမယ်။
  • Backup and reset ကိုသွားပြီး Factory data reset ချလိုက်ပါ။
  • စက်ပြန်တက်လာရင် Account Verify လုပ်တဲ့ အဆင့် ကျော်သွား ပါလိမ့်မယ်။

Development Settings.apk : 46.62 Kb ကို ဒီမှာနှိပ်ပြီးဒေါင်းယူပါ

Credit : Phyo Nyi Nyi@MPPG

Originally published at - http://www.mppgmyanmar.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

2 comments: