တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း

Sunday, May 29, 2016

Android Phone မှာ နေရာလွတ်တွေ ရအောင် လုပ်မယ်




သင့်ဖုန်းရဲ့ Internal Storage ဟာ ပမာဏ အလွန် များပြား ရင်တော့ မကြာခင်မှာပဲ Storage ကုန်ဆုံးတဲ့ ပြသနာနဲ့ ရင်ဆိုင် ရမှာပါ။ အဲဒီ အတွက် စိတ်မပူပါနဲ့။ သင့်ဖုန်းမှာ နေရာလွတ်များ ရနိုင်တဲ့ နည်းလမ်း များစွာ ရှိပါတယ်။

(၁) Storage ပမာဏကို စစ်ဆေးပါ။

အရင်ဆုံး ဖုန်းရဲ့ Internal Storage ကို စစ်ဆေး ကြည့်လိုက်ပါ။ ဒီလို စစ်ဆေးဖို့ ဖုန်းရဲ့ Setting ကို သွားပြီး Storage ကို နှိပ်လိုက် ရုံပါပဲ။

သင့်ဖုန်းရဲ့ Internal Storage မှာ ဘယ်ဖိုင် အမျိုးအစားက ဘယ်လောက် နေရာ ယူထားတယ်၊ Android System ကို Run ဖို့ Storage အနည်းဆုံး ဘယ်လောက် လိုတယ် ဆိုတာကို တွေ့ရမယ့် အပြင် သင့်ရဲ့ Internal Storage ထဲမှာ Memory ဘယ်လောက် ကျန်သေးလဲ ဆိုတာကိုလည်း တွေ့ရ ပါလိမ့်မယ်။

microSD Card ရဲ့ အခြေအနေ ကိုလည်း မြင်ရမှာပါ။

Screen ရဲ့ အောက်နားက Miscellaneous Files ကိုနှိပ်ပြီး မလိုအပ်တဲ့ Data တွေကို ဖျက်နိုင်ပါပြီ။

(၂) မလိုအပ်တဲ့ Apps တွေကို Uninstall လုပ်လိုက်ပါ။

ဒီနည်းကတော့ သင့်ရဲ့ Android မှာ နေရာလွတ်တွေပိုထွက်လာစေဖို့ အကောင်းဆုံး နည်းလမ်း ပါပဲ။ Apps တွေ အထူးသဖြင့် Game တွေဟာ Phone Storage ရဲ့နေရာအတော်များများကို ယူထား တတ်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ App Drawer ကနေ Uninstall လုပ်ချင်တဲ့ App Icon ကို Uninstall Button ဆီ ဖိပြီး ဆွဲတင်လိုက်ရုံပါပဲ။ ဒီလိုလုပ်လို့မရဘူးဆိုရင်တော့ အောက်မှာဆက်ပြီးဖော်ပြပေး ထားပါတယ်။

Stetting ကနေ Application Manager ကိုသွားလိုက်ရင် ဖုန်းထဲမှာ Install လုပ်ထားတဲ့ Apps တွေ အားလုံးကို မြင်ရမှာပါ။ အဲ့ဒီကမှ Menu Buttom (ညာဘက်ထောင့်က အစက်ကလေးသုံးစက်)ကို နှိပ်ပါ။ ပြီးရင် ဘယ် Application က Phone ရဲ့ Memory ကိုအများဆုံးသုံးထားတယ် ဆိုတာကို ကြည့်ဖို့ Sort by Size ကို ရွေးလိုက်ပါ။

အသုံးမလိုတဲ့ App တွေ တစ်ခါတစ်ရံမှသာသုံးဖြစ်တဲ့ App တွေကို နှိပ်ပြီး Disable, Uninstall ဒါမှမဟုတ် Stop Notification လုပ်နိုင်ပါတယ်။ Home Screen ကနေ Uninstall လုပ်လို့ မရရင် ဒီကနေ လုပ်နိုင်ပါတယ်။

(၃) ဓာတ်ပုံတွေ ဗီဒီယိုတွေကို Delete (သို့မဟုတ်) Transfer လုပ်ပါ။

Local Storage ထဲမှာ Videos တွေ Save ထားရင်တော့ ဒီ Video တွေကို ဖုန်းထဲမှာ ထားဖို့တကယ်ရော လိုအပ်ရဲ့လားလို့ ကိုယ့်ကိုကိုယ်ပြန်မေးလိုက်ပါ။

သိပ်အရေးမကြီးဘူးဆိုရင် Video တွေကို You Tube မှာ တင်ထားပြီး အင်တာနက်ကနေတစ်ဆင့် နောက်မှ ပြန်ကြည့်လို့ရပါတယ်။

Google Photos လို Apps တွေက သင့်ရဲ့ အချက်အလက်တွေအားလုံးကို Cloud မှာ Back Up လုပ်ပေးနိုင်တာမို့ Local Copies လုပ်ပြီးသိမ်းထားဖို့ဆိုတာ သိပ်အရေး တကြီးမလိုအပ်လှပါဘူး။ သင့်ဖုန်းမှာ File Manager မရှိခဲ့ဘူးဆိုရင်တောင်မှ Astro File Manager, ES File Explorer လို App တွေက ဆုံးရှုံးသွားတဲ့ File တွေကို မတွေ့ တွေ့အောင်ရှာဖွေပေးနိုင်ပါတယ်။

အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ Liink များမှာ Download လုပ်ယူနိုင်ပါတယ်။

Astro File Manager ES File Explorer Google Photos

(၄) Cloud Music service ကို အသုံးပြုပါ။

သင့်ရဲ့ Android ဖုန်းထဲမှာ သီချင်းတွေအများကြီး Download လုပ်ထားတယ်ဆိုရင်တော့ Cloud Service ကိုပြောင်းသုံးဖို့ စဉ်းစားသင့်ပါပြီ။ Download လုပ်ထားတဲ့ သီချင်းတွေက ဖုန်း Memory ကို တကယ်ပဲ ဖြုန်းတီးနေတာမို့ ဒါတွေကို ဖျက်ခြင်းဖြင့် နေရာလွတ်တွေတိုးလာစေမှာပါ။

Google Play Music, Pulsar Music Player နဲ့ Shuttle Music Player တို့လိုမျိုး Cloud Music Service အလန်းစားတွေအများကြီးရှိနေပါတယ်။ အောက်ပါ Link များမှာ Download ရယူနိုင်ပါတယ်။

Pulsar Music Player Shuttle Music Player Google Play Music

(၅) မလိုအပ်တော့တဲ့ App Data တွေ ရှင်းပါ။

Application ကို လုံးဝ Uninstall လုပ်သလိုမျိုး App ရဲ့ Temp Data တွေကိုလည်းရှင်း ပစ်နိုင်ပါတယ်။ Setting > Application Manager ကနေ App တစ်ခုချင်းစီကိုနှိပ်ပြီး Memory ပမာဏဘယ်လောက်သုံးထားတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။ Clear Data, Clear Cache တို့ကို နှိပ်ပြီး နေရာလွတ်များရအောင် လုပ်နိုင်ပါတယ်။ Clear Data လုပ်ရင်တော့ App တွေရဲ့ Personal Data တွေပျက်သွားပြီး Install လုပ်ပြီးကာစလို အခြေအနေမျိုးပြန်ရောက် သွားပါတယ်။

(၆) Micro SD ကဒ် အသုံးပြုပါ။

သင့်ဖုန်းမှာ micro SD card ပေါက်ပါတယ်ဆိုရင်တော့ သင့်ဖုန်းမှာ Storage ကို တိုးမြှင့်ဖို့ microSD Card ကိုသုံးသင့်ပါတယ်။ အစောပိုင်းကတည်းက Phone Internal Storage များများပါတဲ့ ဖုန်းကို ရွေးဝယ်သင့်ပါတယ်။ Internal Storage နည်းတဲ့ ဖုန်းတွေကို ၀ယ်ထားပြီးပြီဆိုရင်တော့ microSD Card က Storage တိုးမြှင့်ဖို့ နောက်ထပ် အကောင်းဆုံး ရွေးချယ်မှုပါပဲ။ Micro SD card ကို Android Settings ထဲကနေ စီမံနိုင်ပါတယ်။ Setting ကနေ Storage ကို နှိပ်လိုက်ရုံပါပဲ။

(၇) Third-Party Tool ကို အသုံးပြုပါ။

သင့် Android Device မှာ ပါတဲ့ Cleaner Apps များကို မသုံးချင်ရင်လည်း Storage Space ရှင်းလင်းရေးကိုကူညီနိုင်တဲ့ Third-Party Software တွေရှိပြီး အသုံးပြုရတာရိုးရှင်းလွယ်ကူပါတယ်။

DU Speed Booster က Android ဖုန်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ အမြန်နှုန်း အတွက် ကောင်းတဲ့ Software တစ်ခုပါ။ အောက်ပါ Link ကနေ Download ရယူနိုင်ပါတယ်။

DU Speed Booster & Cleaner

Myanmar Digital Life Journal

Originally published at - https://www.facebook.com/MyanmarDigitalLife/posts/635642799918750



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: