
Google က Developer Conference မှာ Duo App ကို မိတ်ဆက် လိုက်ပါတယ်။
Video Chat App ဖြစ်ပြီး အလွန် လျှင်မြန် ပါတယ်။
iOS , Android နှစ်မျိုး လုံးမှာ သုံးနိုင် ပါတယ်။ သူ့ရဲ့ ထူးခြားချက်က သင့်ထံ Video Call တစ်ခု ၀င်လာရင် ခေါ်တဲ့ လူရဲ့ ရုပ်ပုံကို Live မြင်ရတာ ဖြစ်ပါတယ်။
မိုဘိုင်းဒေတာလိုင်း သိပ်မကောင်း ရင်တောင် Video Chat နိုင်အောင် ဖန်တီး ထားပါတယ်။
လိုင်းပြတ်တောက်ခြင်း၊ တုန့်ဆိုင်းခြင်းများ မဖြစ်ဘူးလို့ Google က ပြောပါတယ်။
ခေါ်တဲ့ လူရဲ့ ရုပ်ပုံကို Live မြင်ရတာက Video Chat ဖို့ စွဲဆောင်မှု ရှိစေတယ်လို့ Google က ပြောပါတယ်။
Myanmar Digital Life Journal
Originally published at - http://www.blog.myanmardigitallife.com

No comments: