
ဗြိတိန် နိုင်ငံသား တဦးဟာ သတ္တု ကိုယ်ထည်နဲ့ ပြုလုပ် ထားတဲ့ ပဲ့ထိန်း ပန်ကာ ၂ ခု ပါ မြေပေါ် လျှပ်ပျံနိုင်တဲ့ စက်ဘီး တစီးကို တီထွင်နိုင် ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ ဧပြီလ ၂၉ ရက်နေ့က ဖော်ပြ ပါတယ်။
ကောလင်းဖာ့ဇ် အမည်ရ အဲဒီ အမျိုးသားဟာ သူ့ရဲ့တီထွင်မှု သရုပ်ပြ ရုပ်သံ ဗွီဒီယို ဖိုင်ကို ယူကျု့ အင်တာနက် စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး ဘယ်လို ထိန်းချုပ် မောင်းနှင်ရ မလဲ ဆိုတာကို ပြသ ခဲ့တာပါ။
“ဒါကို တီထွင်နိုင်ဖို့ ကျနော့်ရဲ့အချိန်တော်တော် များများကို ပေးခဲ့ ရတာပါ။ ဒါဟာ ကျနော့် အတွက် ပထမဆုံးမြေပြင် ကနေ အပေါ်ကို လျှပ်ပျံနိုင်တဲ့ ယာဉ်ကို တီထွင်နိုင်မှု ပါ ပဲ”လို့ ဖာ့ဇ်က ရုပ်သံ ဗွီဒီယိုဖိုင် အညွှန်းမှာ ရေးခဲ့တာပါ။
ဖာ့ဇ်ရဲ့ မြေပြင်လျှပ်ပြေးစက်ဘီးမှာ စတီယာရင်၊ ဘရိတ်ခ်စတဲ့ ထိန်းချုပ်ကိရိယာ တွေပါဝင်ပြီး ဒါတွေဟာ တော်တော်လေးလံလွန်းတာမို့ မြေပြင်ကနေ လက်မအနည်း ငယ်အကွာသာ မောင်းနှင်ပြသနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖာ့ဇ်ရဲ့ မြေပြင်ပေါ်ပျံသန်းနိုင်မယ့် စက်ဘီးတီထွင်မှုအတွက် အစိတ်အပိုင်း ၄ ခုစီစဉ်ထားတယ်လို့ ဆိုပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147720

No comments: