
Google က အစိတ် အပိုင်းများ ဖြုတ်၊ တပ်နိုင်တဲ့ စမတ်ဖုန်း များကို Project Ata စီမံကိန်း ကနေ တီထွင် နေပါတယ်။
အဲဒီ ဖုန်းတစ်လုံး ၀ယ်ထား ရင်တော့ မိတ်ဆွေ နောက်ထပ် ဖုန်းတစ်လုံး ၀ယ်ဖို့ မလိုတော့ ပါဘူ။ တစ်သက်လုံး သုံးနိုင်မှာပါ။
သင့် ဖုန်းရဲ့ ကင်မရာ ဒိတ်အောက် သွားရင် ဖုန်းအသစ် ၀ယ်ဖို့ မလို တော့ပါဘူး။ ကင်မရာ အသစ် တစ်လုံးကို ၀ယ်ပြီး လဲလိုက် ရုံပါပဲ။
အဲဒီလိုပဲ CPU, Memory , Battery , Graphic , Speaker စတဲ့ အစိတ်အပိုင်း အားလုံး ကိုလည်း ဒီနည်းနဲ့ အဆင့်မြှင့်နိုင် ပါတယ်။ အခုတော့ Google က အဲဒီ Modular Phone ကို ဒီနှစ်ထဲမှာ ဖြန့်ချီတော့မှာပါ။
ဒါပေမယ့် Developer များ အတွက်ပါ။ စားသုံး သူများ အတွက်လည်း နီးလာပြီ ဆိုတဲ့ သဘောပါပဲ။ Google ရဲ့ သရုပ်ပြချက် အရ ဖုန်းမှ အစိတ်အပိုင်း တစ်ခုကို ဖြုတ်ချင်ရင် Settings ထဲ သွားလုပ် ရမှာပါ။
ဒီထက်လွယ်တဲ့ နည်းက Ok Google Command ကို သုံးပြီး ပါးစပ်နဲ့ ပြောလိုက် ရုံပါပဲ။ Google ထက် လက်ဦးမှု ယူပြီးဈေးကွက်ထဲ စတင် ရောင်းချနိုင်တဲ့ ဖုန်းကတော့ LG G5 ပါပဲ။
Myanmar Digital Life Journal
Originally published at - http://www.blog.myanmardigitallife.com/

No comments: