ADB and Fastboot အတွက် အကောင်းဆုံး ဖန်တီးမှုတစ်ခုဖြစ်တဲ့
adb-setup-1.4.3 ကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ADB and Fastboot ဟာ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီး အလုပ်လုပ်ရန်တွင်
ဘယ်လောက်ထိအသုံးဝင်တယ် မရှိမဖြစ် ရှိနေသင့်တယ်ဆိုတာကို အားလုံးလည်း
သိပြီးသားဖြစ်ကြမယ်ထင်ပါတယ်။
ဖုန်းတစ်လုံးကို ပြမ်းမျှအားဖြင့် Bootloader/TWRP/Flash/Root လုပ်တာတွေကို
လုပ်ဆောင်နိုင်ရန်အတွက် မိမိကွန်ပျူတာမှာ သက်ဆိုင်ရာ ADB and Fastboot ကို
အသင့် Install ပြုလုပ်ထားပြီးသားဖြစ်နေဖို့လိုအပ်ပါတယ်။
ဒီ ADB and Fastboot Tool က Android စမတ်ဖုန်းတွေအတွက်
ဘာတွေကိုအဓိကလုပ်ဆောင်နိုင်သလဲဆိုရင်တော့ Android အတွင်းပိုင်းကို
Mod/Hack ပြုလုပ်ချင်တဲ့သူတွေအတွက် အထူးအသုံးဝင်တဲ့ Powerful Tool ဖြစ်ပါတယ်။
အရင်တုန်းကတော့ ဒီ ADB and Fastboot တစ်ခုကိုကွန်ပျူတာမှာ Install ပြုလုပ်ပြီး
အသုံးပြုမယ်ဆိုရင်တော့ အရမ်းခက်ပါတယ်၊ SDK ဆော့ဝဲကို ဒေါင်းလော့ယူ၊ ပြီးတော့မှ
ကွန်ပျူတာမှာ ခက်ခဲစွာ Install ပြုလုပ်ယူတာမျိုးပါ၊
အခုတော့ ကွန်ပျူတာမှာလိုအပ်နေတဲ့ ADB and Fastboot ကို
၁၅ စက္ကန့်လောက်ဖြင့် ADB and Fastboot ကို အလွယ်တကူ
Install ပြုလုပ်နည်းကိုအောက်မှာဆက့်လေ့လာကြည့်လိုက်ပါ။
ADB and Fastboot ဗားရှင်းများရယူပါ
Download Here adb-setup-1.4.2.zip
Download Here adb-setup-1.4.3.zip
ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
===============================၁။ ဒေါင်းလော့ရလာတဲ့ adb-setup-1.4.3 ကို Double Click ထောက်ပြီး
ဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်းပွင့်လာပါလိမ့်မယ်။
၂။ Do you want to install ADB and Fastboot? <Y/N>
နေရာမှာ "Y" သည် "Yes" ဖြစ်ပြီး၊ "N" သည် "No" ဖြစ်ပါတယ်။
"Y" ကိုရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။
၃။ Enter ကိုတစ်ချက်ခေါက်လိုက်တဲ့အခါ အောက်ပါပုံအတိုင်း
မြင်နေရပါလိမ့်မယ်။
၎။ ဒီတစ်ကြိမ်လည်း "Y" ဆိုပြီးရိုက်ထည့်ပြီး Enter ကိုခေါက်ချပေးလိုက်ပါ။
၅။ "Y" ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ချလိုက်တဲ့အခါ
အောက်ပါပုံအတိုင်းမြင်နေရပါလိမ့်မယ်။
၆။ ဒီတစ်ကြိမ်လည်း "Y" ဆိုပြီးရိုက်ထည့်ပေးရဦးမှာပါ
သုံးကြိမ်သုံးခါအထိ "Y" ကိုပဲရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
၇။ "Y" ကိုရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်တဲ့အခါ
အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။
၈။ အောက်ဆုံး "Y" ကိုရိုက်ထည့်ပြီးလို့ Enter ကိုခေါက်လိုက်တဲအခါ
အောက်ပါပုံအတိုင်း တက်လာပါလိမ့်မယ်။ Next ကိုနှိပ်ပါ။
၉။ Next ကိုနှိပ်လိုက်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။
၁၀။ လိုအပ်တဲ့ Drivers များကို Install ပြုလုပ်ပြီးတဲ့အခါ
အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်၊ Finish ကိုနှိပ်ပေးလိုက်ပါ။
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့်
Install ပြုလုပ်ခြင်း ကိစ္စအောင်မြင်စွာပြီးဆုံးပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်
Credit To... ( www.zunite.org)
CHAN LAY (MCMM)
www.chanmyaemaung.blogspot.com
No comments: