သင့်ရဲ့ Android စမတ်ဖုန်း Boot တက်ချိန်ကို မြန်ဆန်အောင် ပြုလုပ်ချင် ပါသလား ?
ဒါဆိုရင်တော့ ဒီ Tutorial ကို ဖတ်ရှု လေ့လာ ကြည့်ပါ။ နည်းလမ်းဟာ လွယ်ကူ ရိုးရှင်းပြီး ခက်ခက် ခဲခဲ ပြုလုပ် ရတာမျိုး မဟုတ်ပါဘူး။
ဒါပေမယ့် ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ သင့်ရဲ့ Android Smartphone ကို Root လုပ်ထားဖို့ လိုအပ် ပါတယ်။ Android Smartphone များရဲ့ Boot တက်ချိန်ဟာ ၄၅ စက္ကန့် ကနေ တစ်မိနစ်ကျော် ကြာတတ် ပါတယ်။ အဲဒီ စောင့်ဆိုင်း ရတဲ့ အချိန်ကို လျှော့ချပေးနိုင်ရင် အချိန်ကုန် သက်သာစေမှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ အရာများ
ES File Explorer , Root Browser , Root Explorer တို့လို ဖုန်းရဲ့ System File များကို ကြည့်ရှုနိုင်၊ ပြင်ဆင်နိုင်မယ့် App တစ်ခုကို သင့်ဖုန်းမှာ အင်စတော လုပ်ထားပါ။ Google Play Store ကနေ အင်စတော လုပ်လို့ မရရင် အခြား Market များ၊ ၀က်ဆိုက်များကနေ ဒေါင်းလုပ်လုပ်ပါ။ အင်စတော မလုပ်မှီမှာ ဖုန်းရဲ့ Settings> Security ထဲမှ Unknown Sources မှာ အမှန်ခြစ်ပါ။ ပြီးမှ အင်စတော လုပ်ပါ။
Boot တက်ချိန်ကို လျှင်မြန်အောင် ပြုလုပ်နည်း
ဒီ Tutorial မှာ ES File Explorer ကို အသုံးပြုထားပါတယ်။ Root Browser, Root Explorer တို့မှာလည်း ပြုလုပ်နည်းက သိပ်ကွာခြားမှာ မဟုတ်ပါဘူး။ ES File Explorer ကိုဖွင့်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ Tools ကဏ္ဍအောက်မှ Root Explorer ကို Enable လုပ်ပေးပါ။
ပြီးရင် Local ကဏ္ဍအောက်မှ Device ကို နှိပ်ပါ။ System ဖိုဒါထဲသွားပြီး build.prop ကို နှိပ်ပါ။ အဲဒီဖိုင်ထဲမှာ ဖုန်း Boot တက်ချိန်မှာ ပြုလုပ်ရတဲ့ အလုပ်များကို သတ်မှတ်ပေး ထားပါတယ်။
ES Note Editor နဲ့ ဖွင့်ပါ။ အပေါ်ထိပ်မှ Edit ခလုတ်ကို နှိပ်ပါ။ စာသားများရဲ့ အောက်ဆုံးကို သွားပြီး အောက်ပါ Code ကို ရေးပေးပါ။
ro.config.hw_quickpoweron=true
Back Key ကို နှိပ်ရင် Save လုပ်မလား မေးမှာပါ။ Save လုပ်ပေးပါ။
Boot Animation ကို ပိတ်နည်း
Boot တက်ချိန်မှာ ပြသတဲ့ Animation ကလည်း Boot တက်ချိန်ကို ကြာစေပါတယ်။ အဲဒီ Animation ကို ပိတ်ထားဖို့ အတွက် အပေါ်က နည်းအတိုင်း build.prop ကို ES Note Editor နဲ့ဖွင့်ပြီး စာသားများရဲ့ အောက်ဆုံးမှာ အောက်ပါ Code ကို ရေးပေးပါ။
debug.sf.nobootanimation=1
ဒါဆိုရင် သင့် Android Phone ရဲ့ Boot တက်ချိန်ဟာ အရင် ကထက် လျှင်မြန် သွားပါပြီ။ စာရေးသူ စမ်းသပ် ကြည့်တဲ့ အခါမှာ ဒီနည်းလမ်းကို အသုံးမပြုမှီမှာ ဖုန်းရဲ့ Boot တက်ချိန်ဟာ ၁ မိနစ်နဲ့ ၂ စက္ကန့် ကြာမြင့်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုပြီးချိန်မှာတော့ Boot တက်ချိန်ဟာ စက္ကန့် ၅၀ လောက်သာ ကြာပါတော့တယ်။ ကျွန်တော့်ရဲ့ ဖုန်းမှာတော့ ၁၂ စက္ကန့်လောက် ပိုမိုမြန်ဆန် လာပါတယ်။
၁၂ စက္ကန့်ဟာ သိပ်ပြီး ကောင်းမွန်တဲ့ ရလဒ်မဟုတ်ပေမယ့် ဖုန်းအမျိုးအစား အပေါ်မူတည်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်များကို ရရှိမယ်လို့ ယုံကြည်မိပါတယ်။
Myanmar Digital Life Journal - By : Thu Ya
Originally published at - http://www.blog.myanmardigitallife.com
- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: