QR Code တွေကို ယနေ့ ခေတ်မှာ နေရာတိုင်း တွေ့ရှိနိုင် ပါတယ်။ Billboards များ၊ Bus ကားဂိတ်များ၊ မဂ္ဂဇင်း ကြော်ညာ များနဲ့ ကုန်ပစ္စည်း များပေါ်မှာ အဆိုပါ Pixel များနဲ့ စုဖွဲ့ ထားတဲ့ သေးငယ်တဲ့ စတုရန်း အကွက်ငယ်လေး များကို ကပ်ထား ပါတယ်။
ရုပ်ရှင်ပိုစတာပေါ်မှ QR Code ကို သင့်ရဲ့ ဖုန်းနဲ့ Scan ပြုလုပ်လိုက်ရင် အဲဒီရုပ်ရှင်ရဲ့ ၀က်ဆိုက်ကို ရောက်ရှိ သွားမှာပါ။ WiFi Router ဘေးမှ QR Code ကို Scan လုပ်ရင် WiFi ချိတ်ဆက် ပေးမှာပါ။
ကုန်ပစ္စည်းတစ်ခုပေါ်မှ QR Code ကို Scan လုပ်ရင် အဲဒီကုန်ပစ္စည်းရဲ့ ၀က်ဆိုက်ကို ရောက်ရှိ သွားမှာပါ။ ဖုန်းကနေ QR Code ကို Scan သို့မဟုတ် ဖတ်ရှု နည်းကတော့ ဒီလိုပါ။
QR Code ဆိုတာ
QR ဟာ Quick Response ရဲ့ အတိုကောက်ဖြစ်ပါတယ်။ သူဟာ Barcode ရဲ့ စမတ်ကျတဲ့ ဗားရှင်းဖြစ်ပြီး မော်တော်ကားနယ်ပယ်အတွက် ဂျပန်မှာ စတင် တီထွင်ခဲ့ကြတာပါ။ Machines များက Barcodes များထက် QR Codes များကို ပိုမိုလျှင်မြန်စွာ ဖတ်ရှုနိုင်ပြီး QR Codes များက နေရာနည်းနည်းနဲ့ ဒေတာများများကို သိမ်းဆည်းနိုင်ပါတယ်။
QR Codes များကို အသုံးပြုရတဲ့ အဓိက အကြောင်းအရင်းတွေရှိပါတယ်။ တစ်စုံတစ်ခုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိဖို့အတွက် Web Link ကို ရယူခြင်း၊ Wireless Network တစ်ခုရဲ့ Password ကို ရယူခြင်းတို့ဖြစ်ပါတယ်။ Contacts သတင်းအချက်အလက်များကို လျှင်မြန်စွာ ရယူချင်ရင်လည်း အသုံးပြုနိုင်ပါတယ်။
Android Phone ဖြင့် QR Codes များကို Scan ပြုလုပ်နည်း
QR Codes များကို QR Code Scanner/Reader Apps များဖြင့် ဖတ်ရှုနိုင်ပါတယ်။ အဲဒီလို Apps များစွာထဲမှ QR Code Reader ဟာ အကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရတလည်း လွယ်ကူပါတယ်။ ဒါ့အပြင် App မှာ ကြော်ညာများလည်း ထည့်သွင်းထားခြင်းမရှိပါဘူး။
သူဟာ Android Devices, Android Versions များစွာနဲ့လည်း အဆင်ပြေပါတယ်။ Android 2.3.3 နဲ့ သူ့အထက် ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းမှာ ကင်မရာပါဖို့ လိုအပ်ပါတယ်။ သင် Scan ပြုလုပ်လိုက်တဲ့ ကုဒ်ဟာ ၀က်ဆိုက်တစ်ခုကိုဖွင့်ဖို့ဆိုရင် မိုဘိုင်းဒေတာ ဆက်သွယ်မှု သို့မဟုတ် ၀ိုင်ဖိုင်လိုအပ်ပါတယ်။ QR Code Reader ကိုအောက်ပါလင့်မှာ ရယူနိုင်ပါတယ်။
QR Code Reader |
---|
QR Code တစ်ခုကို ဖတ်ရှုဖို့ QR Code Reader ကိုဖွင့်ပါ။ သင့်ရဲ့ ကင်မရာကို QR Code ထံ ချိန်ရွယ်ပါ။ ဖုန်းစကရင်မှ လေးထောင့်ကွက် အတွင်းမှာ ကုဒ်ကို ၀င်အောင် ချိန်ညှိပါ။ QR Code Reader က QR Code မှ သတင်း အချက် အလက်များကို ဖတ်ရှု ပြီးတာနဲ့ သင့်တော်တဲ့ App ကို ဖွင့်စေပြီး သတင်း အချက် အလက်များကို သင့်အား ပြသမှာ
ဖြစ်ပါတယ်။ သူ့မှာ Scan History ပါရှိတဲ့ အတွက် သင် ဖုန်းကနေ ဖတ်ရှုခဲ့တဲ့ ကုဒ်တွေကို ပြန်လည် ကြည့်ရှုနိုင် ပါတယ်။
ကိုယ်ပိုင် QR Codes များပြုလုပ်နည်း
သင့်ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ အခြားအရာများအတွက် QR Codes များ ဖန်တီးနိုင်ပါတယ်။ သင့်ရဲ့ Facebook Account လိပ်စာထံ တိုက်ရိုက်ရောက်ရှိစေမယ့် QR Code များကိုလည်း ဖန်တီးနိုင်တဲ့ အတွက် လိပ်စာ အရှည်ကြီးကို မှတ်သား ထားစရာ မလိုတော့ ပါဘူး။ သင့်ရဲ့ နေအိမ်မှ WiFi Password အတွက်လည်း ဖန်တီးနိုင်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် Scan Developer Website ကိုအောက်ပါ လိပ်စာမှသွားပါ။
QR Code Generator |
---|
QR Code မှာ သင်ထည့်ချင်တဲ့ သတင်း အချက်အလက် များထည့်ပါ။ Facebook Account လိပ်စာ၊ WiFi Password ၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှု ၀က်ဆိုက် လိပ်စာ စတာတွေ ထည့်သွင်းနိုင် ပါတယ်။ ပြီးရင်တော့ QR Code ကို ဒေါင်းလုပ် ပြုလုပ်နိုင်သလို အခြားလူ များနဲ့ မျှဝေနိုင် ပါတယ်။
Myanmar Digital Life Journal - By : Thu Ya
Originally published at - http://www.blog.myanmardigitallife.com
- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: