Facebook က သင့်မျက်နှာကို မှတ်မိ နေတယ် ဆိုရင် သင်ယုံမလား ?
Facebook က သူ့ရဲ့ လူမှု ကွန်ရက် သုံးသူ အားလုံးရဲ့ မျက်နှာများကို နာမည်နဲ့ တကွ သိနေ ပါတယ်။ သင့် သူငယ်ချင်း တွေက သင့် ဓါတ်ပုံများကို တင်ရင် ဒါမှ မဟုတ် သင်နဲ့ တူတဲ့ လူတစ်ယောက်ရဲ့ ဓါတ်ပုံ များကို တင်ရင် သင့်ကို အလွယ် တကူ Tag လုပ်နိုင်အောင် သင့်နာမည်ကို အကြံပြု ပြသ ပေးပါတယ်။
သူငယ်ချင်းတွေက ဓါတ်ပုံများမှာ သင့်ကို Tag လုပ်တာကို စိတ် အနှောင့်အယှက် ဖြစ်ရင်တော့ ပိတ်ထားနိုင်တဲ့ နည်းလမ်း ရှိပါတယ်။
(၁) Facebook App ကိုဖွင့်ပါ။ ညဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Accont Settings ထဲသွားပါ။
(၂) Timeline and Tagging ထဲသွားပါ။
(၃) အောက်ဆုံးမှ “ Who sees tag suggestions when photos that look like you are uploaded ? “ ကို တစ်ချက်နှိပ်ပါ။
(၄) Friends အစား No One ကို ရွေးပေးပါ။ ဒါဆိုရင် သူငယ်ချင်းများက ဓါတ်ပုံများမှာ သင့်ကို Tag လုပ်တဲ့အခါမှာ Facebook က သင့် နာမည်ကို အကြံပြု ပြသပေးမှာ မဟုတ်တော့ပါဘူး။
Facebook ရဲ့ မျက်နှာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းပညာဟာ သူငယ်ချင်း ၊ မိသားစုဝင်များနဲ့ ခရီးသွားတဲ့ အခါ၊ ပွဲများ သွားတဲ့အခါမှာ အသုံးဝင်ပါတယ်။ ခရီးသွား ဓါတ်ပုံများ၊ ပွဲဓါတ်ပုံများကို တင်တဲ့အခါမှာ သူငယ်ချင်းများကို လွယ်ကူစွာ Tag နိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါပေမယ့်လည်း ဓါတ်ပုံများမှာ Tag လုပ် ခံရတာကို စိတ်ညစ်နေသူများအတွက် အပေါ်က နည်းလမ်းအတိုင်း ပိတ်ထားနိုင်ပါတယ်။
Myanmar Digital Life Journal
Originally published at - http://www.blog.myanmardigitallife.com
- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။
No comments: