တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 9, 2016

Facebook အကောင့် Password မေ့သွားလျှင် Password အသစ်ပြုလုပ်နည်း




Facebook အကောင့် Password မေ့သွားလျှင် သင့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ များနဲ့ အဆက် အသွယ် ပြတ်သွား နိုင်ပါတယ်။ အလုပ်ကိစ္စ အတွက်လည်း Facebook ကနေ ဆက်သွယ် နေကြတဲ့ အတွက် အကောင့် အသစ် ပြုလုပ် တာထက် အကောင့် အဟောင်း အတွက် Password အသစ်ကို ပြန်လည် ပြုလုပ်ပြီး အသုံးပြုရင် ပိုမို အဆင်ပြေမှာ ဖြစ်ပါတယ်။

အကောင့် အသစ် ပြုလုပ်ရင် သင့်ရဲ့ အဆက် အသွယ် များကို ပြန်လည် လိုက်ရှာရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ ဒီ Tutorial မှာ Facebook အကောင့် Password မေ့ သွားလျှင် Android Device ကနေ Password အသစ် ပြုလုပ်နည်းကို ရေးသား ပေးလိုက် ပါတယ်။

iOS Device များမှာလည်း ပြုလုပ်ပုံက အတူတူပဲဖြစ်ပြီး အနည်းငယ်သာ ကွာခြားနိုင်ပါတယ်။

Facebook App ကိုဖွင့်ပြီး အောက်ခြေမှ Forgot Password? ကို နှိပ်ပါ။


Search Box မှာ သင့်ရဲ့ အီးမေးကို ရိုက်ထည့်ပါ။ ထွက်ပေါ်လာတဲ့ ရလဒ်များထဲမှ သင့်ရဲ့ အကောင့်ကို တစ်ချက်နှိပ်ပါ။


နောက်အဆင့်မှာ သင့် အကောင့် မှန်ကန်ကြောင်း သက်သေပြဖို့အတွက် သင့်ရဲ့ အီးမေးထံသို့ ကုဒ်တစ်ခုပေးပို့မယ်လို့ ပြောပါမယ်။ Continue ကိုနှိပ်ပါ။


နောက်အဆင့်မှာ သင့်ရဲ့ အီးမေးထံသို့ ကုဒ်ပို့ပေးလိုက်ပြီဖြစ်ကြောင်း ပြောပါလိမ့်မယ်။
( အချိန်အနည်းငယ်ကြာသည်အထိ သင့်ထံအီးမေး မ၀င်လျှင် Send Code Again ကို နှိပ်ပါ။ )


Gmail ကို ဖွင့်ပါ။ Facebook က သင့်ထံပေးပို့သော အီးမေးကိုဖွင့်ပါ။ ပေးထားတဲ့ ကုဒ်ကို Facebook App မှာရိုက်ထည့်နိုင်ပါတယ်။ နောက်တစ်နည်းက အောက်ခြေမှ Change Password ကို နှိပ်ပါ။ ဒီ Tutorial မှာ ဒုတိယနည်းကို အသုံးပြုပါမယ်။


နောက်အဆင့်မှာ သင့်ရဲ့ ဘရောက်စာကနေ Web Page တစ်ခုကိုဖွင့်ပေးမှာပါ။ Password အသစ် ရိုက်ထည့်ပေးပါ။ သင့်ရဲ့ အကောင့်ကို အခြားလူတစ်ယောက်က ခိုးသုံးနေတယ်လို့ ထင်ရင် “ Log me out of…. “ မှာ အမှန်ခြစ်ပေးပြီး Continue ကိုနှိပ်ပါ။


နောက်အဆင့်မှာလည်း “ Log out of other devices” ကို ရွေးချယ်ပေးပြီး Continue ကိုနှိပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ Password အဟောင်းကို သိရှိပြီး သင့်အကောင့်ကို အသုံးပြုနေသူများရဲ့ Phones, Computers , Tablets များနဲ့ အခြား Device များကနေ သင့်ရဲ့ အကောင့်ကို Logout လုပ်ပေးမှာဖြစ်ပါတယ်။ ထိုလူများက သင့်ရဲ့ Password အဟောင်းနဲ့ သင့်အကောင့်ကို Login ၀င်လို့လည်း မရတော့ပါဘူး။


ပြီးရင် Facebook App ကိုဖွင့်ပြီး Password အသစ်နဲ့ Login ၀င်နိုင်ပါပြီ။

Myanmar Digital Life Journal

Originally published at - http://www.blog.myanmardigitallife.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: