တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, June 13, 2016

နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင်များကို ပြန်လည် အသက်သွင်း ထားသည့် “Legends of Galaxy”



နာမည်ကျော် မြန်မာ ကာတွန်း ဇာတ်ကောင်များ ပါဝင်သည့် “Legends of Galaxy” ဟု အမည် ရသော ဒစ်ဂျစ်တယ် အစီ အစဉ်အား Samsung Myanmar မှ မကြာသေး မှီက မိတ်ဆက် ပေးခဲ့သည်။

“Lgends of Galaxy” တွင် နာမည်ကျော် ကာတွန်း ဇာတ်ကောင်များ ဖြစ်ကြသော တွတ်ပီ၊ မောင်မောင်ဇာ၊ ဦးကပ်စီး၊ မောင်တီထွင်နှင့် သမိန်ပေါသွပ်တို့ ပါဝင်ပြီး ၎င်းတို့၏ ယနေ့ခေတ် နေ့စဉ် ဘဝကို စမတ်ဖုန်း များနှင့် မည်သို့ မည်ပုံ အဆင်ပြေ လွယ်ကူစွာ ကျော်ဖြတ် ကြသည်ဟူသော ဇာတ်ကြောင်းများဖြင့် ဖန်တီး ဖွဲ့စည်း ထားသည်။

“Samsung Myanmar ဟာ အခက်အခဲ အတားအဆီးတွေကို အောင်မြင်စွာ ကျော်ဖြတ်လေ့ရှိတဲ့ အလေ့အကျင့်ရှိပါတယ်။ “Legends of Galaxy” အစီအစဉ်ဟာ အရင်က ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ အစီအစဉ်မျိုးပါ။ ဒီနာမည်ကျော် ဇာတ်ကောင်တွေကို သရုပ်ဖော်တဲ့ ကာတွန်းဆရာတွေနဲ့ မူပိုင်ခွင့်ရရှိထားသူတွေဆီက ခွင့်ပြုချက်ရယူပြီးတော့ နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေကို ဒီနေ့ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားအသက်သွင်းပြီး ဒီအစီအစဉ်ကို အကောင်အထည်ဖော်ထားတာပါ။” ဟု Samsung Myanmar ၏ Head of Marketing ဖြစ်သူ Richard See က ပြောကြားသည်။

“ဒီနာမည်ကျော် ကာတွန်းဇာတ်ကောင်တွေကို ပြန်လည်အသက်သွင်းပြီး ခေတ်နဲ့လျော်ညီတဲ့ ပျော်ရွှင်စရာ၊ အတုယူစရာ ဇာတ်ကြောင်းတွေကို ပြောပြခြင်းအားဖြင့် Samsung ဆိုတာ နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုတည်းတင် မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတိုင်း အဓိပ္ပါယ်ပြည့်ပြည့်၀၀နဲ့ အောင်မြင်တိုးတက်ဖို့အတွက် ကူညီပံ့ပိုးပေးတဲ့ ကုမ္ပဏီ ဆိုတာကို ပြသချင်တာပါ။

ပြီးတော့ ဒီနာမည်ကျော်ကာတွန်းဇာတ်ကောင်လေးတွေကို ပြန်လည်အသက်သွင်းခြင်းအားဖြင့် လူမှုကွန်ယက်ပေါ်မှာရှိနေတဲ့ လူငယ်တွေ အတိတ်ကို ပြန်ပြောင်း သတိရရင်း
တောက်ပကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ချက်ထားဖို့ အတွက် တွန်းအားပေး ချင်တာလည်း ပါပါတယ်။” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ပုံရိပ်များ၊ ဗွီဒီယိုဖိုင်များ၊ GIF ဖိုင်များဖြင့် အဆိုပါနာမည်ကျော်ဇာတ်ကောင်များကို ပထမဆုံးအကြိမ် အသက်သွင်းထားပြီး Samsung Mobile Myanmar ၏ Facebook စာမျက်နှာနှင့် စမတ်ဖုန်းများဖြင့် အသုံးပြုနိုင်အောင်ပြင်ဆင်ထားသည့် www.galaxymyanmar.com တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့အပြင် Website ပေါ်တွင် အသုံးပြုသူများပါဝင်နိုင်သော အစီအစဉ်တစ်ချို့ကိုလည်း Samsung မှ မိတ်ဆက်ပေးထားသည်။ Website ပေါ်တွင် ကာတွန်းဇာတ်ကောင်များနှင့် ရိုက်ကူးထားသကဲ့သို့ selfie ပုံများ ရိုက်ကူးပြုလုပ်နိုင်မည်ဖြစ်ပြီး အစီအစဉ်အပြီးတွင်လည်း မိမိစိတ်ကူးရှိသော “Legends of Galaxy” ဇာတ်လမ်းကို ဝင်ရောက် ရေးသား နိုင်မည် ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံးဇာတ်လမ်းကို ရွေးချယ်ပြီး ကာတွန်းဇာတ်ကောင် (၅)ကောင်လုံး ပါဝင်သော ဇာတ်လမ်းတိုကို ပြန်လည်ဖန်တီးပေးမည်ဖြစ်ပြီး အထူးဆုအနေဖြင့် Samsung Galaxy J5 ဖုန်း (၂) လုံး ပေးအပ်သွားမည်ဖြစ်ကာ ကျန်ရှိသော အကောင်းဆုံးဇာတ်လမ်း (၅၀) အတွက် ပါဝင်သူများကို “Legends of Galaxy” အထူးထုတ် တီရှပ်အထည် (၅၀) ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။

“Legends of Galaxy” အစီအစဉ်တွင် ပါဝင်သော ကာတွန်းဇာတ်ကောင်များ၊ အစီအစဉ်များ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများ စသည်တို့နှင့်ပတ်သက်သည့် အသေးစိတ် အချက် အလက် များကို www.galaxymyanmar.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

Myanmar Digital Life Journal

Originally published at - http://www.blog.myanmardigitallife.com/

No comments: