တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 4, 2016

MPT ၏ လိုတရ’ Web Portal တွင်ဆုလက်ဆောင်များ ရရှိနိုင်မည့် အစီစဉ်များကို မိတ်ဆက်




မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် လူသိ များပြီး ဖြစ်သော လိုတရ web portal တွင် ဆု လက်ဆောင်များ ရရှိနိုင်မည့် အစီ အစဉ်များကို မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကူပွန်များ၊ ကံစမ်းမဲ အစီအစဉ် များဖြင့် လိုတရ portal သုံးစွဲ သူများ သည် သက်သာသော ဈေးနှုန်းများ ရရှိခြင်းနှင့် အခမဲ့ ဆု လက်ဆောင်များ အပါအဝင် ကြိုတင် ငွေဖြည့်ကတ် များကိုပါ ရရှိ ကံစမ်းနိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများမှာ ယခုထပ်မံဖြည့်စွက်လိုက်သည့် လိုတရ ကူပွန်နှင့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်သည့် ဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ရရှိထားသော ကူပွန်များဖြင့် သွားရောက် စားသောက်နိုင်မည့် အခွင့်အရေးများနှင့် ကြိုတင်ငွေဖြည့်ကတ် များကို ကံထူးနိုင်မည့် အခွင့်အရေး များကို ရရှိနိုင်မည်ဖြစ်ပြီး လိုတရစာမျက်နှာတွင် ပါဝင်၍ကူပွန်များ ပံ့ပိုးပေးမည့် စားသောက်ဆိုင် ၊ စတိုးဆိုင်များတွင် YKKO, KFC, Fresh Thai, Potato Break, Hot Pot City, Manhattan, Pezzo, Gong Cha, Golden Park, First Thai Spa နှင့် KMD တို့ ပါဝင်မည် ဖြစ်ပြီး အသုံးပြုသူများမှ အဆိုပါ ဆိုင်များမှ မိမိနှစ်သက်ရာ ကူပွန်များကို ရွေးချယ်၍ ပါဝင် ဆင်နွဲနိုင်မည် ဖြစ်သည်။

ကူပွန်များကို နောင် လိုအပ်သည့် အချိန်တွင် အသုံးပြုနိုင်ရန် “issue” ကို ရွေးချယ်ပြီး မှတ်သား သိမ်းဆည်း ရမှာ ဖြစ်ပြီး အသုံးပြု သူများမှ “My coupon list” ကို မှတ်သား မသိမ်းဆည်းမှီ “customer info” ကို ပြည့်စုံစွာ ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

ကံစမ်းမဲ အစီအစဉ် ကိုမူ ကံစမ်းမဲ ရွေးချယ်သည့် စက်ဖြင့် ရွေးချယ် သွားမည်ဖြစ်ကာ MPT အသုံးပြု သူအားလုံး (စီဒီအမ်အေ အသုံးပြု သူများမှ လွှဲ၍) ကံစမ်းနိုင်သည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည် ဟုလည်း သိရသည်။

ကံစမ်းမဲ စက်ထဲမှ အမှတ်တံဆိပ်များ တစ်ခုနှင့် တစ်ခု တူညီသွား ပါက အပိုထပ်ဆောင်း ငွေဖြည့်ကတ် ဆုများကို ရရှိမည် ဖြစ်ပြီး MPT မှ တစ်နေ့ လျှင် ကံထူးရှင် ၃၀၀ ဦးကို ရွေးချယ် သွားမည် ဖြစ်ပြီး ပထမ အကြိမ် ကံထူးရှင် စာရင်းတွင် မပါဝင်ပါက စိတ်ပျက်စရာ မလိုပဲ နောက်ထပ် မိနစ် ၃၀ အကြာတွင် ထပ်မံ ကံစမ်းခွင့် ရရှိမည် ဖြစ်သည်။

ကံထူးရှင်များ၏ ဆုကြေးများကို အပို ထပ်ဆောင်းငွေ ပမာဏ အဖြစ် ၁၄ ရက် အတွင်း လွှဲပြောင်း ပေးမည်ဖြစ်ပြီး ကံစမ်းမဲ ပေါက်သူများ အနေဖြင့် လည်း နောက် တစ်ကြိမ် ထပ်မံ ကံစမ်း လိုပါက နောက်တစ်ရက်တွင် ထပ်မံ ကံစမ်းနိုင်မည်ဟု သိရသည်။

MPT အနေဖြင့် လိုတရ web portal အသုံးပြုသူများ အတွက် ကူပွန်နှင့် ကံစမ်းမဲများ သာမက အသုံးပြုသူများ အလွယ် တကူ ရှာဖွေမှုများ ပြုလုပ်နိုင်ရန် search box ကိုပါ အဆင့်မြင့် ပေးခဲ့သည်။

ယခင်က search box တွင် စာလုံး တစ်လုံး ရှာဖွေပါက Google မှ ရှာဖွေ ရလာသော အဖြေသာ ရရှိ ခဲ့ကြပြီး ယခု လိုတရ ဒုတိယ ပိုင်းတွင် ထပ်ဆောင်း ၀န်ဆောင်မှုများ (Infotainment) ၊ ခေါ်သူနားဆင် တေးသံစဉ် (CRBT) ၀န်ဆောင်မှုများ နှင့် ပတ်သက်သော အဖြေများကိုပါ search box တွင် ရှာဖွေနိုင်တော့ မှာဖြစ်သည်။

MPT ၏ လိုတရ Web Portal အသုံးပြု လိုပါက https://lotayamm.com ဟု၍ ရှာဖွေနိုင်မည် ဖြစ်သည်။

Myanmar Digital Life Journal

Originally published at - http://www.blog.myanmardigitallife.com/

No comments: