Android နဲ့ iOS တို့ အတွက် ဖန်တီးပေး ထားတဲ့ Facebook Mobile Apps များမှာ ပီစီများ မှာတောင် မရတဲ့ စွမ်းဆောင် ချက်များ ပါပါတယ်။
အချို့ စွမ်းဆောင်ချက် များဟာ ထူးခြားပြီး အင်တာနက် မရှိဘဲ နဲ့တောင် Facebook ပေါ် ပို့စ် တင်နိုင် ပါတယ်။ ဒါ့အပြင် သတင်း၊ ဆောင်းပါး၊ Link များကိုသိမ်းနိုင် ပါတယ်။ ပို့စ်အသစ် များကိုလည်း ကြည့်နိုင် ပါတယ်။ တင်ထားပြီးသား ပို့စ်များကို Edit လည်း လုပ်နိုင် ပါတယ်။ ဒီ
Tutorial မှာတော့ အဲဒီ နည်းလမ်းများ အသုံးပြုနည်းကို ရေးသားပေး လိုက်ပါတယ်။
(၁) အင်တာနက် မရှိဘဲ ပို့စ်တင်နည်း
သင့်မှာ ဖုန်းဘေလ် ကုန်နေလို့ပဲ ဖြစ်ဖြစ်၊ အင်တာနက် မရှိုလို့ပဲ ဖြစ်ဖြစ် Facebook ပေါ် ပို့စ်တင် ချင်ရင် နည်းလမ်း ရှိပါတယ်။ Facebook App မှ Status Button ကို နှိပ်ပါ။
ရေးချင်တဲ့ စာသားများ ရေးပါ။ ဓါတ်ပုံများ ကိုလည်း တင်နိုင် ပါတယ်။ ပြီးရင် Post Button ကို နှိပ်ပါ။
ဒါဆိုရင် သင့်ပို့စ်ကို သိမ်းပေး ထားမှာ ဖြစ်ပြီး အင်တာနက် ရတာနဲ့ အလိုလို တင်ပေးမှာ ဖြစ်ပါတယ်။ Android Device များမှာ Offline ဖြစ်နေရင်တောင် ပို့စ်များကို Like လုပ်ထား နိုင်ပါတယ်။ Online ဖြစ်ချိန်မှာ Like များကို အလိုလို လုပ်ပေးမှာပါ။
(၂) ဓါတ်ပုံ၊ ဗီဒီယို၊ သတင်း၊ Links များကို သိမ်းဆည်းနည်း
Facebook မှာ ဓါတ်ပုံ၊ ဗီဒီယို ၊ သတင်း၊ Links များကို သိမ်းဆည်း ထားနိုင် ပါတယ်။ တစ်နည်း အားဖြင့် သင်နှစ်သက်တဲ့ ပို့စ်များကို သိမ်းထား နိုင်တာပါ။
ပို့စ်တစ်ခုရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပါ။ Save link ကိုရွေးချယ်ပေးပါ။ သိမ်းထားတဲ့ ပို့စ်များကို ပြန်လည် ကြည့်ရှုချင်ရင် ညာဘက် အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Saved ထဲသွားပါ။
(၃) ပို့စ် အသစ်များကို ဖတ်ပါ။
သင် Facebook App ကို ဖွင့်လိုက် တာနဲ့ သင်ကြိုက်မယ် ထင်တဲ့ ပို့စ်များ၊ See First လုပ်ထားတဲ့ သူငယ်ချင်းနဲ့ Pages များမှ ပို့စ်များကို ပြသ ပေးတာ ဖြစ်ပါတယ်။ အဲဒီ အစား မကြာသေး ခင်က တင်ထားတဲ့ ပို့စ်များကို ဖတ်ချင် ရင်တော့ Menu ထဲသွားပါ။ Most Recent ကို နှိပ်ပေးပါ။
(၄) ပို့စ် များကို Edit လုပ်ပါ။
သင် ပို့စ် တစ်ခုကို တင်ပြီးတဲ့ အခါမှာ စာသားများကို ပြန်ပြင် နိုင်အောင်လည်း Facebook က ပြုလုပ်ပေး ထားပါတယ်။ သင့်ရဲ့ Timeline ထဲ သွားပါ။ Edit လုပ်ချင်တဲ့ ပို့စ်ကိုရှာပါ။ ပို့စ်ရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပါ။ Edit Post ကို နှိပ်ပါ။ ပြင်ဆင်မှုများ ပြုလုပ်ပါ။ Save နှိပ်ပါ။ တစ်ခု မှတ်ထား ရမှာက သင့် သူငယ်ချင်း များကသင် ပို့စ်တင်တဲ့ အချိန်ဘေးနားမှ Edited Link ကို နှိပ်မှသာ ပြင်ဆင်ထား တာတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။
Myanmar Digital Life Journal
Originally published at - http://www.blog.myanmardigitallife.com
No comments: