တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 1, 2016

Post အမျိုးစားလိုက် ခွဲခြားပြီး ကိုယ့် Home Page မှာ ဖော်ပြပေးမယ့် အစီစဉ်ကို Facebook စမ်းသပ်နေ




Facebook ဟာ ကိုယ့်ရဲ့ Home Page မှာ အမျိုးအစားကို အခြေခံပြီး Post တွေကို ဖော်ပြ ပေးမယ့် အစီအစဉ် သစ်ကို ၾသစေတ်းလ် မွာ စမ်းသပ်နေ တယ်လို့ သိရပါတယ်။

ဒီလိုပြုလုပ်မယ့် Timeline အသစ်ဟာ Topic တွေပေါ် မူတည် ပြီးတော့ Post တွေကို ကွဲထွက်အောင် ဖန်တီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဥပမာ တိရစ္ဆာန်နဲ့ အိမ်မွေးသတ္တဝါလေးတွေ၊ ရုပ်ရှင်တွေ၊ ဆိုပြီးတော့ အမျိုးအစားနဲ့ ခွဲပြထားမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ အဲ့ဒီလို Post တွေပါဝင်တဲ့ Topic တွေမှာ ဝင်ကြည့်ရုံပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ဆောင်ချက်အသစ်ဟာ သြစတျေးလျက ထင်ရှားတဲ့နေရာတွေမှာ စမ်းသပ်တဲ့အနေနဲ့ ဦးဆုံးရရှိနိုင်မှာဖြစ်ပြီး “ဒီအရာဟာ အကြောင်းအရာတွေ၊ Topic တွေကို အခြေခံပြီး ကြည့်ရှုနိုင်မယ့် နည်းလမ်းသစ်တစ်ရပ်ပါ” လို့ပြသထားမှာဖြစ်ပါတယ်။



ဒီလုပ်ဆောင်ချက်ကို ထည့်သွင်း လိုက်တဲ့ အခါမှာ အသုံးပြု သူတွေဟာ News Feeds တွေကို Default အနေနဲ့ သတ်မှတ် ထားဖို့ အကြံပေး ခံရမှာ ဖြစ်ပြီး အဲ့ဒီ အကြောင်း အရာတွေမှာ၊ တိရစ္ဆာန်နဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေ၊ TV နဲ့ ရုပ်ရှင်တွေ ဆိုပြီးတော့ ဖော်ပြပေး ထားမှာပါ။

ဒီလိုဖော်ပြဖို့လုပ်တာဟာ Facebook အနေနဲ့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်ကို ပိုမိုရယူနိုင်ပြီး တစ်ဦးချင်းစီကို ပိုမိုသိရှိလာနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်ချက်ကို Facebook ဟာ မနှစ်ကတည်းက လုပ်ဖို့စီစဉ်ထားတာဖြစ်ပေမယ့် ဒီနှစ်မှာမှပေါ်ထွက်လာတာဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မကြာခင်မှာ ရရှိနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Digital Times

Originally published at - http://digitaltimes.com.mm/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments: