တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, June 3, 2016

Windows System အတွင်း ထည့်သွင်းထားသည့် ဆော့ဖ်ဝဲစာရင်းကို ကြည့်ရှုခြင်း




Windows Operating System ကို အသုံးပြု သူများ အနေနဲ့ ကိုယ့်ရဲ့ Windows System ထဲမှာ ဆော့ဖ်ဝဲတွေ ဘယ်လောက် ထည့်သွင်း ထားတယ် ဆိုတာကို သိရှိ လိုတယ် ဆိုရင် ဖော်ပြပါ နည်းလမ်း နှစ်မျိုးနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲတွေကို ဖော်ပြတဲ့ အခါမှာ ထည့်သွင်း ထားတဲ့ ဆော့ဖ်ဝဲ အမည်နဲ့ ဗားရှင်းတွေကို notepad နဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီလို ကြည့်ရှုခြင်းအားဖြင့် နေ့စဉ် ကိုယ်သုံးစွဲ နေရတဲ့ ဆော့ဖ်ဝဲတွေကို မှတ်တမ်း တင်ပေးထား နိုင်မှာဖြစ်ပြီး မတော် တဆ ဆော့ဖ်ဝဲတွေကို Uninstall ပြုလုပ်မိတဲ့ အခါမျိုးမှာ အဆိုပါ list ကနေ ပြန်လည် ကြည့်ရှုပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

  • Software list တွေကို ကြည့်ရှုဖို့ အတွက် Win + R နဲ့ Run box ကို ခေါ်လိုက်ပါ။
  • ပြီးရင် Command Prompt ကို ဖွင့်မှာဖြစ်တဲ့ အတွက် cmd ဆိုတဲ့ command ကို ရိုက်ထည့် ရမှာ ဖြစ်ပါတယ်။
  • Command Prompt ထဲကို ရောက်ပြီ ဆိုရင် ဖော်ပြထားတဲ့ command ကို Command prompt ထဲမှာ ရိုက်ထည့် ပေးရမှာ ဖြစ်ပါတယ်။
wmic /output:D:\InstalledSoftwareList.txt product get name,version ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။

  • ပြီးသွားရင် ခေတ္တ စောင့်ပေး ရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံး သွားပြီဆိုရင် Partition D: ကို ဖွင့်လိုက်ပါ။
  • အဆိုပါ partition ထဲမှာ Installed Software List.txt ဆိုတဲ့ text file ကို တွေ့ရပါမယ်။
  • အဆိုပါ ဖိုင်ကိုဖွင့်ပြီး ထည့်သွင်း ထားတဲ့ software list ကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်း တစ်ခုကတော့ Power Shell ကနေ ကြည့်ရှုနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။
  • Power Shell ကို အသုံးပြုဖို့ အတွက် Win + R နဲ့ run box ကို ခေါ်လိုက်ပါ။
  • Run box ကျလာရင် powershell ဆိုတဲ့ command ကို ရိုက်ထည့် ပေးရ ပါမယ်။
  • အဆိုပါ command ကို ရိုက်ထည့်ပြီးရင် ok ကို နှိပ်လိုက်ပါ။
  • Power shell ပွင့်လာပါလိမ့်မယ်။

Power Shell မှာ အသုံးပြု ရမယ့် command ကတော့
GetWmiObject -Class Win32_Product | Select-Object -Property Name > D:\InstalledSoftwareList.txt ဆိုတဲ့ command ပဲ ဖြစ်ပါတယ်။

အဆိုပါ command ကို ထည့်သွင်း ပြီးသွားရင် Drive D: ထဲမှာ Installed Software list.txt ဆိုတဲ့ ဖိုင်ကို တွေ့ ပါလိမ့်မယ်။

အထက်ပါ နည်းလမ်းနှစ်မျိုးထဲက နှစ်သက်ရာကို ရွေးချယ်ပြုလုပ် နိုင်ပါတယ်။

Internet journal.media By : သီဟ

Originally published at - http://www.internetjournal.media/how-to/6298

No comments: