တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 14, 2016

Asia Communication Awards ပွဲတွင် အူရီဒူးမြန်မာက ဆုများဆွတ်ခူး ရရှိ




အူရီဒူးမြန်မာ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း အတွက် ဝန်ဆောင်မှု ပေးခွင့်ရသည့် ၂၀၁၄ ခုနှစ်မှ စတင်ပြီး အူရီဒူးမြန်မာ၏ မိုဘိုင်းဖုန်း ၀န်ဆောင်မှု အသုံးပြု သူများကို အခြားသော အဖွဲ့အစည်း လုပ်ငန်းများနှင့် မတူညီသည့် ထူးခြားချက် အနေဖြင့် အထူးကောင်းမွန်သော သုံးစွဲသူများ အပေါ် ၀န်ဆောင် မှုများ
ပေးခြင်းဖြင့် လုပ်ငန်းများလုပ်ဆောင်လျှက်ရှိပါသည်။

အဆိုပါ ထူးခြားကောင်းမွန်သည့် ၀န်ဆောင် မှုကို ပေးသည့်အတွက် ၀န်ဆောင်မှုနှင့် ပတ်သက်သော အသိအမှတ်ပြုဆုကို ယခင်ကလည်း နှစ်ကြိမ် ရရှိခဲ့ပြီးဖြစ်ပါသည်။

ယခုအခါတွင် တတိယအကြိမ်မြောက်ဆုဖြစ် စင်ကာပူနိုင်ငံ၌ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁ရက်က ကျင်းပပြုလုပ်ခဲ့သော Asia Communication Awards (ACA) ဆုပေးပွဲတွင် အူရီဒူးမြန်မာအနေဖြင့် “Best Customer Contact Centre” နှင့် “Best Emerging Market Initiative ” ဆုနှစ်ဆုကို ထပ်မံဆွတ်ခူး ရရှိခဲ့ပါသည်။

အူရီဒူးမြန်မာအတွက် “Best Customer Contact Centre” အဖြစ်အသိအမှတ်ပြုဆုကို ဆွတ်ခူးရရှိခဲ့ပုံမှာ သုံးစွဲသူများ စိတ်ကျေနပ်မှုရခြင်းကို ရှေ့တန်းတင်ထားရာတွင် ဆက်သွယ်ရေးကဏ္ဍတစ်ခု အတွက်သာမကဘဲ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စီးပွားရေးလုပ်ငန်းအားလုံးအတွက်ပါ ရည်ရွယ်ပြီး ၀န်ဆောင်မှုပေး ခဲ့သည့် အတွက်ကြောင့်
ဖြစ်ပါသည်။

အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများအတွက် အရည် အသွေးပြည့်ဝကောင်း မွန်သော ၀န်ဆောင်မှုများကိုပေးရန်အတွက် စီမံကိန်းအုတ်မြစ်ချခြင်းမှ စတင်ခဲ့ပြီးနောက် ရာနှင့်ချီသော ၀န်ထမ်း များကို ရွေးချယ်ခန့်ထားခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း နှင့် အဆောက်အဦကဏ္ဍနှင့် အခြားသော အရင်းမြစ်များ အတွက် ရင်းနှီးမြုပ်နှံခြင်း များကို ပြုလုပ်ခဲ့ပါသည်။

သုံးစွဲသူများအတွက် ၀န်ဆောင်မှုပေးရာတွင် ပိုမိုကောင်း မွန်သော ၀န်ဆောင်မှုများကို အစဉ်အမြဲပေးအပ်နိုင်သည့်အတွက် အူရီဒူးမြန်မာကို ACA ဆုရွေးချယ်ရေးအဖွဲ့မှ ဒိုင်လူကြီးများက ချီးမွမ်းခဲ့ကြပါသည်။

“Best Emerging Market Initiative” ဆုကို အူရီဒူးမြန်မာအနေဖြင့် ရရှိခဲ့ရခြင်းမှာ အူရီဒူးမြန်မာနှင့် Bindez တို့ ပူးပေါင်းပြီး “Bindex Tha Din” ဟုအမည်ပေးထားသော မိုဘိုင်းအပလီကေးရှင်းတစ်ခုကို တီထွင်မိတ်ဆက်ခဲ့သည့် အတွင်ဖြစ်ပါသည်။ အဆိုပါ မိုဘိုင်းအပလီကေးရှင်းတွင် သုံးစွဲသူများအတွက် ဘာသာစကား လွယ်ကူ အဆင်ပြေစေရန် မြန်မာဘာသာ စကားကိုသာ အသုံးပြု ထားပြီး၊ အခြားဝန်ဆောင်မှု များဖြစ်သော နိုင်ငံတကာငွေလဲဈေးနှုန်းများ၊ ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများကို အသုံးပြုသူများအနေဖြင့် လွယ်ကူ ရိုးရှင်းစွာ ဖတ်ရှုနိုင်ရန် ပြုလုပ်ပေးထားသည့် အပြင် လုံခြုံစိတ်ချရသော မီဒီယာများမှ နောက်ဆုံးရသတင်းများအား အချိန်နှင့် တပြေးညီ သိရှိနိုင်မည်ဖြစ်သည် ။

အဆိုပါ အက်ပလီကေးရှင်းကို Google Play Store တွင် ဒေါင်းလုပ်ပြုလုပ်ပြီး ရယူနိုင်ပါသည်။

Asia Communication Awards ကို လန်ဒန်၊ နယူးယောက်၊ စင်ကာပူနှင့် နိုင်ငံတကာရှိ အခြားသော မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး လွတ်လပ်သော စီးပွားရေးသတင်းများကို တင်ဆက်သည့် မီဒီယာတခုဖြစ်သော Total Telecom, Terrapinn Holdings Ltd. က ဦးဆောင်ကျင်းပခြင်း ဖြစ်ပါသည်။

Mr. Philip Joseph, Chief Customer Experience Officer မှ “အခြားသော ၀န်ဆောင်မှုလုပ်ငန်းများနှင့် ယှဉ်ပြိုင်ပြီး နိုင်ငံတကာ အဆင့်မီ ၀န်ဆောင်မှုများကို ပေးနိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ချန်ပီယံစစ်စစ်တွေဖြစ်တဲ့ အဖွဲ့သားအားလုံးအတွက် အထူးပင် ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူများအတွက် အထူးကောင်း မွန်သော ၀န်ဆောင်မှုကို အမြဲပေးအပ်ချင်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ၀န်ဆောင်မှုကို စတင်အလေးထားလာတဲ့ ပတ်ဝန်းကျင်အသစ်မှာ ယခုလို အသိအမှတ်ပြု ခံရတာဟာ ဂုဏ်ယူ စရာတစ်ခုပါ။

Bindez Tha Din ဟာလည်း အသုံးပြုသူတွေအတွက် အသုံးတည့်ပြီး လွယ်ကူစွာ အသုံးပြုနိုင်တဲ့ ထပ်ဆောင်းဝန်ဆောင်မှုတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ကြိုးစားအုပ်ထုတ်မှု ကို ပေါ်လွင်စေ ခဲ့ပါတယ် “ ဟု ပြောကြားခဲ့ပါသည်။

ထူးခြားကောင်းမွန်လှတဲ့ ၀န်ဆောင်မှုတွေကြောင့် အူရီဒူးမြန်မာအနေဖြင့် “Best Large Contact Centre in Asia Pacific” ဆိုင်ရာ ရွှေတံဆိပ်ဆုကို မကြာသေးခင်က ဆွတ်ခူးရရှိခဲ့ပြီး၊ ၂၀၁၆ ခုနှစ် မေလတွင်လည်း စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Contact Center World Final နှင့် Customer Experience Asia Excellent Awards ဆုပေးပွဲတွင် “Best Contact Centre” ဆုကို ရရှိခဲ့ပါသည်။

အူရီးဒူးမြန်မာအနေဖြင့် တန်ဖိုးထားလေးစားရသော အသုံးပြုသူများကို ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများနှင့် ထပ်ဆောင်းဝန်ဆောင်မှုများကို ဆက်လက်ပြီး
ပေးအပ်သွားမှာဖြစ်သည့်အတွက်ကြောင့် အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် အခြားသောဝန်ဆောင်မှုများနှင့် မတူညီ ကွဲပြားခြားနား သည့် အူရီအူးမြန်မာ၏ အထူးကောင်းမွန်သော ၀န်ဆောင်မှုများကို သိသာထင်ရှားစွာဖြင့် သိရှိခံစားနိုင် မည်ဖြစ်ပါသည်။

Myanmar Digital Life Journal - By Nyi Nyi

Originally published at - http://www.blog.myanmardigitallife.com/

No comments: