တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, July 15, 2016

Android Phone မှာ ပျောက်သွားတဲ့ Contacts များကို ပြန်ရှာနည်းများ




သင့်ရဲ့ Android Phone မှ Contacts များ ပျောက်ဆုံး သွားရင် အရေးကြီးတဲ့ လူများကို ဆက်သွယ်ဖို့ အခက်အခဲ တွေ့ပါပြီ။ ဒါပေမယ့်လည်း ပျောက်ဆုံး သွားတဲ့ Contacts များကို ရှာဖွေဖို့ နည်းလမ်းများ ရှိပါတယ်။

ဒီ Tutorial မှာတော့ ပျောက်ဆုံးသွားတဲ့ Contacts များကို အမြန်ဆုံး ရှာဖွေနိုင်တဲ့ နည်းလမ်းများကို ဖော်ပြ ပေးလိုက် ပါတယ်။

(၁) သင့် Contacts အားလုံးကို ပြသခိုင်းပါ။

သင့် Android Phone က သင့် Contacts အားလုံးကို မပြသ တာလည်း ဖြစ်နိုင်ပါတယ်။ သင့် Contacts အားလုံးကို ပြသခိုင်းဖို့ အောက်ပါ နည်းကို သုံးပါ။
၁။ Contacts ကို ဖွင့်ပါ။
၂။ ညာဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။
၃။ Settings ထဲသွားပြီး Contacts ကို နှိပ်ပါ။
၎။ Contacts to display ကို နှိပ်ပါ။
၅။ All Contacts ကို ရွေးပေးပါ။
ဒီလိုလုပ်လို့မှ သင့် Contacts အားလုံးကို မမြင်ရသေးရင် အောက်ပါနည်းကို သုံးပါ။



(၂) Gmail ကနေ Contacts များ ရယူနည်း

သင့် ဖုန်းမှ Contacts များကို Google အကောင့်နဲ့ Sync လုပ်ထားရင် Gmail ကနေ ပျောက်ဆုံးသွားတဲ့ Contacts များကို ပြန်လည် ရယူနိုင် ပါတယ်။ Gmail ရဲ့ Contacts မှာ သင့်ဖုန်းမှ Contacts များလည်း ပါဝင်နေ ပါတယ်။ Sync မလုပ် ထားရင်လည်း အခုက စပြီး Sync လုပ်ဖို့ တိုက်တွန်းပါတယ်။

Gmail Inbox ထဲကို သွားပါ။ ဘယ်ဘက်မှ Mail လို့ ရေးထားတဲ့ Drop –Down Menu ကို နှိပ်ပါ။ အဲဒါကို နှိပ်ပြီး Contacts ကို ရွေးပေးပါ။



Search Bar ရဲ့ အောက်မှ More လို့ ရေးထားတဲ့ Drop-Down Menu ကို နှိပ်ပါ။ Restore Contacts ကို နှိပ်ပါ။ Custom ကို ရွေးပေးပြီး ရက် ၃၀ အကြာမှ Contacts များကို ပြန်လည် ရယူနိုင်ပါတယ်။

သင့်ဖုန်ုးထဲကို Contacts များ ထည့်သွင်းဖို့ အတွက် ဖုန်းရဲ့ Settings ထဲ သွားပါ။ Accounts ထဲကို ၀င်ပါ။ Sync ကို နှိပ်ပါ။

Myanmar Digital Life Journal - By Thu Ya

Originally published at - http://www.blog.myanmardigitallife.com/

No comments: