တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, July 11, 2016

ကြွက်နှလုံးဆဲလ်များဖြင့် လှုပ်ရှားသော စက်တစ်ပိုင်း ငါးတစ်ပိုင်း ဖန်တီး




ဝါရှင်တန် ၊ ၁၁-၇-၂၀၁၆

အမေရိကန် ပြည်ထောင်စု၊ ဟားဗတ် တက္ကသိုလ်မှ သုတေသီ များသည် ကြွက်နှလုံး ဆဲလ် များဖြင့် လှုပ်ရှားသော စက်တစ်ပိုင်း၊ ငါးတစ်ပိုင်း ငါးလက်ထုံ Stingray ကို ဖန်တီးပြုလုပ် ထားပြီး ၄င်းသည် အလင်းကို အသုံးပြုကာ လမ်းကြောင်းရှာ နိုင်ကြောင်းနှင့် rat-ray hybrid ဟု အမည်ပေး ထားကြောင်း သိရသည်။



" နှလုံးက ခန္ဓာကိုယ်ထဲကို သွေးတွေ ဘယ်လိုပို့ ပေး သလဲဆိုတာ တိတိကျကျ နားလည် ရအောင်လို့  ကြွက်နှလုံး ဆဲလ်တွေကို လူလုပ် ငါးလက်ထုံ ခန္ဓာကိုယ်ထဲ ထည့်ပေးပြီး စမ်းသပ်ကြည့် တာပါ။ အခု စမ်းသပ်မှု အောင် မြင်တဲ့ အတွက် နှလုံးရဲ့ လုပ်ဆောင်ချက်ကို ပိုပြီးနားလည် နိုင်တဲ့အပြင် အခုထက်ပိုပြီး ဆန်းကြယ်တဲ့ စက်တစ်ပိုင်း၊ သက်ရှိ တစ်ပိုင်း သတ္တ၀ါတွေကို ဆက်လက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ် " ဟု ဟားဗတ် တက္ကသိုလ်မှ ဇီဝအင်ဂျင်နီယာ ကစ်ပါကာ က ပြောပြသည်။

သုတေသီ ကစ်ပါကာ သည် rat-ray hybrid ကို ပြုလုပ်နိုင်ရန် သိပ္ပံပညာရှင် ဆွန်ဂျင်း ကို ဖိတ်ခေါ် ခဲ့ကြောင်း၊ ငါးလက်ထုံ၏ ကိုယ်လုံး ဖွဲ့ စည်းပုံကို ရရှိရန် ရွှေကို အသုံးပြု၍ အရိုးများကို ပြုလုပ်ကြောင်း၊ ကိုယ်ထည်ကို ဆွဲဆန့်နိုင်သော ပိုလီမာ အစဖြင့် ပြုလုပ်ထားကြောင်း၊ ထို့ နောက် ၄င်း ကိုယ်ထည်ကို ကြွက်၏ နှလုံးဆဲလ်ပေါင်း နှစ် သိန်းကျော်ဖြင့် ဖုံးအုပ်ပေး ထားကြောင်း၊ ယင်း နှလုံးဆဲလ် များ၏ လှုပ်ရှားမှုဖြင့် rat-ray hybrid က လှုပ်ရှားသွားလာ နိုင်ခြင်းဖြစ် ကြောင်း၊ အလေးချိန် အားဖြင့် ၁၀ ဂရမ်ခန့် သာရှိပြီး အရွယ်အစား အားဖြင့်လည်း ဒင်္ဂါးပြား တစ်ပြားခန့် သာ ရှိကြောင်း သိရသည်။

" Rat-ray hybrid ကို အစအဆုံး လုပ်ခဲ့ပြီးတဲ့ နောက် သူ့ အမြင်အာရုံ အတွက် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နှလုံးဆဲလ် တွေက တဖြည်းဖြည်းနဲ့ ကျန်းမာသန်စွမ်း လာပြီး အလင်းကို တုန့် ပြန်နိုင်စွမ်း ရှိလာပါတယ်။

အလင်းရဲ့  လှုံ့ ဆော်မှုကို ရတာနဲ့  နှလုံးဆဲလ် တွေက ကျုံ့ လိုက်၊ ဆန့် လိုက်ဖြစ်ပြီး hybrid ရဲ့ ရေယှက်ကလည်း စတင်ပြီး ကူးခတ် ပါတယ်။ ဒီလိုနည်းနဲ့ hybrid က ရွှေ့ လျား သွားလာနိုင်တာ ဖြစ်ပါတယ် " ဟု ပါကာ က ပြောပြသည်။

ဤ စမ်းသပ်မှု အောင်မြင် သောကြောင့် သုတေသီ များက အနာဂတ်တွင် လူလုပ်စက် များ၌ သက်ရှိသတ္တ၀ါ များ၏ ဆဲလ်များကို အသုံးပြုကာ စက်တစ်ပိုင်း၊ သက်ရှိတစ်ပိုင်း cyborg များကို ထုတ်လုပ်သွား နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/blog-post_11.html


No comments: