တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

Windows 10 တွင် Factory Reset ပြုလုပ်ခြင်း




အချိန် အတိုင်း အတာ တစ်ခု အတွင်း အသုံးပြုတာ ကြာမြင့် လာတဲ့ Operating System တစ်ခုဟာ အကြောင်း အမျိုးမျိုးကြောင့် လုပ်ဆောင်မှု စွမ်းရည်တွေ ကျဆင်း လာတတ်ပါတယ်။ ဥပမာ Software များ Install ပြုလုပ်ခြင်း၊ Uninstall ပြုလုပ်ခြင်း aတွကြောင့် ကျန်ခဲ့ တတ်တဲ့ ဖိုင်အကြွင်း အကျန်များနဲ့ ဖျက်ပစ်ရ ခက်ခဲတဲ့ Virus များ၊ malware များကြောင့် Sys-tem တစ်ခုလုံး အတွက် အလုပ် လုပ်ဆောင်ရာမှာ ခက်ခဲ တာမျိုးကို ကြုံရမှာပါ။

Windows 10 မှာ အဆိုပါ ပြဿနာတွေကို ဖြေရှင်းနိုင်ရန် အတွက် Settings တွေကို Default Factory Settings အတိုင်း Reset ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို Settings ကို Factory Reset ပြုလုပ်တဲ့အခါမှာ Drive C: အောက်မှာရှိတဲ့ ကိုယ့်ရဲ့ data တွေ မပျောက်မပျက် စေရန်အတွက် backup တွေတော့ ပြုလုပ် ထားသင့်ပါတယ်။

Factory Reset ကိုစတင်ပြုလုပ်ဖို့ အတွက် Taskbar ညာဘက် ထောင့်မှာရှိတဲ့ Notification icon ကိုကလစ်နှိပ်လိုက်ပါ။ ပြီးသွားရင် All Settings ဆိုတာကို ရွေးချယ်ပေး ရမှာ ဖြစ် ပါတယ်။ All Settings ထဲကို ရောက်ပြီဆိုရင် Update & Security ဆိုတဲ့ Option ကိုရွေးချယ် ပေးရပါမယ်။ Update & Security ထဲကိုရောက်ရင် Reco-very ဆိုတာကို ရွေးချယ် လိုက်ပါ။

ပြီးသွားရင် Reset This PC ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါနေရာမှာ Get Started ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Keep my files နဲ့ Remove everything ဆိုပြီး option နှစ်ခုကို တွေ့ရ ပါလိမ့်မယ်။ Keep my files ဆိုတာကို ရွေးချယ်ပေး ရမှာ ဖြစ်ပါတယ်။ Keep my files ကိုရွေးချယ် လိုက်ရင် app တွေ၊ software တွေကို Remove ပြုလုပ် သွားမှာ ဖြစ်ပြီး Personal file တွေကိုတော့ ထိန်းသိမ်း ပေးထား ပါလိမ့်မယ်။

နောက်တစ်ဆင့် ကတော့ ညွှန်ကြားချက်များ အတိုင်း Next But-ton တွေကိုနှိပ်ပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Reset ပြုလုပ်ဖို့ အတွက် Reset ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ အဆိုပါ Button ကိုနှိပ်လိုက်ရင် Default Factory Settings အတိုင်း Reset စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါအဆင့်တွေ ပြီးဆုံးတဲ့အ ခါမှာတော့ အထဲမှာရှိနေတဲ့ App တွေ၊ software တွေကို Remove ပြုလုပ်ပြီး Desktop ကို Reinstall ပြန်လုပ်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးဆုံး သွားပြီိဆိုရင်တော့ Windows 10 ကို Factory Reset ပြုလုပ်တဲ့ အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

By : Internet journal

Originally published at - http://internetjournal.media/how-to/4734

No comments: