
နယူးယောက် ၊ ၁၈-၇-၂၀၁၆
ကမ္ဘာ တစ်ဝန်းရှိ နည်းပညာ ထွန်းကားသော နိုင်ငံများတွင် စကားကို ပုံမှန် မပြောနိုင် တော့သူများ အတွက် ကိုယ်ပိုင် အသံကို ထုတ်ပေးနိုင်သည့် စကားပြော အထောက် အကူပြု ကိရိယာကို ထုတ်လုပ် စမ်းသပ် အောင်မြင်လျက် ရှိကြောင်း သိရသည်။
မတော်တဆ ထိခိုက်မှုများကြောင့် ဖြစ်စေ၊ ရောဂါဘယ တစ်စုံတစ်ရာကြောင့် ဖြစ်စေ၊ အချို့သူများတွင် အသံလုံးဝ ပျောက်သွား ခြင်းကို တွေ့ရလေ့ ရှိသကဲ့သို့ အချို့သူများ တွင်လည်း ဦးနှောက် နှင့် အာရုံကြော အားနည်းမှု ကြောင့် စကားပြောဆို နိုင်မှု နှေးကွေး လေးလံလာပြီး မပီမသ ဖြစ်လာခြင်း တို့ကို တွေ့ရလေ့ ရှိသည်။
၎င်းတို့အား စကားပြော အထောက် အကူပြု ကိရိယာများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင် ထုတ်လုပ် ပေးလျက်ရှိရာ နိုင်ငံအတော် များများတွင် အောင်မြင်မှု ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
''စကားသံ တိုတိုလေး ရလိုက်ရင်ကိုပဲ Text-to-speech ကိရိယာရဲ့ စာကြောင်းတွေ ဖတ်ဖို့အသံကို မွေးယူ နိုင်ပါတယ်။ ကိုယ်ပြောချင်တဲ့ စာကြောင်းကို ရွေးချယ်ဖွင့်ပေး နိုင်သလို စကားသံရဲ့ ခံစားမှု အသံအနိမ့်၊ အမြင့် ကိုလဲ စိတ်ကြိုက် ချိန်ညှိနိုင် ပါတယ်။ စကားသံလုံးဝ မထွက်နိုင်သူ တွေအတွက် အသံ အလှူရှင် တွေဆီကနေ အသံဖမ်းယူ ပါတယ်။ ကမ္ဘာတစ်ဝန်း က အသံ အလှူရှင် အယောက် ၁၄ဝဝဝ ရဲ့ အသံနဲ့ စာကြောင်းပေါင်း ၃၅ဝဝ ကို ဖန်တီး ပြုလုပ်ထားပြီး ပါပြီ'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။
ထိုစကားပြော အထောက် အကူပြု ကိရိယာများ အနက် အချို့ကို မျက်လုံး ရွေ့လျားမှုဖြင့် ထိန်းချုပ်နိုင်ပြီး အချို့ကို ဦးခေါင်း လှုပ်ရှားမှုဖြင့် ထိန်းချုပ်နိုင်သည်။ ထို့ပြင် တက်ဘလက် စကရင်ပေါ်မှ ကြိုက်ရာ စာကြောင်း ရွေးချယ် ပြောဆိုနိုင် သကဲ့သို့ သီချင်းသံ ဖွင့်သည့် အတိုင်းလည်း ဖွင့်ထားပေး နိုင်ကြောင်း သိရသည်။
by ပြည်ချစ်သား
Originally published at - http://www.pyichitthar.com/2016/07/blog-post_18.html

No comments: