တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 24, 2016

Windows 10 Start Menu တွင် Website link များကို ထည့်သွင်းခြင်း




Windows 10 မှာ ကိုယ်နေ့စဉ် အသုံးပြု တတ်တဲ့ ဝက်ဘ်ဆိုက် လိပ်စာတွေကို Pin အဖြစ် သတ်မှတ်ပြီး အလွယ် တကူနဲ့ သုံးစွဲနိုင်အောင် ပြုလုပ် ပေးထား နိုင်ပါတယ်။ အဆိုပါ နည်းပညာဟာ touch-screen သုံးစွဲသူတွေ အတွက် ပိုမို လွယ်ကူစွာနဲ့ ဝက်ဘ်ဆိုက် တွေကို ဖွင့်နိုင်ဖို့ အတွက် ပြု လုပ်ပေး ထားတဲ့ နည်းပညာ တစ်ခုလည်း
ဖြစ်ပါတယ်။

Start Menu မှာ ဝက်ဘ်ဆိုက် လိပ်စာကို Pin အဖြစ် တွဲထား လိုက်တာနဲ့ ကလစ် တစ်ချက် နှိပ်ရုံနဲ့ အလွယ် တကူ အဆိုပါ ဝက်ဘ်ဆိုက်ကို အသုံးပြုနိုင်မှာ ဖြစ်တဲ့ အတွက် Bookmark လိုမျိုး အသုံးပြု နိုင်ပါတယ်။

Web url တွေကို pin ပြုလုပ်ဖို့ အတွက် အလွယ်ကူဆုံးနဲ့ ပြုလုပ်နိုင်မယ့် browser ကတော့ Microsoft Windows 10 မှာ built-in ပါဝင်တဲ့ Microsoft EDGE browser ဖြစ်ပြီး အဆိုပါ ကို အသုံးပြုပြီး ပြုလုပ် ပါက ပိုမို လွယ်ကူပြီး မြန်ဆန်စေမှာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်လိပ်စာကို PIN ပြုလုပ်မယ်ဆိုရင် Microsoft EDGE browser ကိုဖွင့်ပါ။ Address bar မှာ ကိုယ် အသုံးပြုနေကျ ဝက်ဘ်ဆိုက် လိပ်စာတွေကို ထည့်သွင်းပါ။

ပြီးသွားပြီဆိုရင် Browser ရဲ့ ညာဘက်အခြမ်း အပေါ် ထောင့်နားမှာရှိတဲ့ အစက်သုံးစက်နဲ့ Menu Option ကို နှိပ်လိုက်ပါ။ နှိပ်ပြီးသွားရင် Pin this page to Start ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။



အဆိုပါ Pin this page to Start ဆိုတာကို ရွေးချယ်ပေးပြီးရင် Start Menu မှာ pin တကယ် တွဲမှာလား ဆိုတဲ့ Message box ပေါ်လာ ပါလိမ့်မယ်။ Yes ကို နှိပ်ပြီး Pin ကို Start menu မှာ စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။


အဆိုပါ အဆင့်တွေ ပြီးသွားရင် Start Menu button ကို နှိပ်လိုက်ပါ။ Start menu ရဲ့အောက်ခြေနားမှာ သင် pin ပြုလုပ်လိုက်တဲ့ ဝက်ဘ်ဆိုက်လိပ်စာကို အဆိုပါ ဝက်ဘ်ဆိုက်ရဲ့ logo နဲ့ဖော်ပြ ပေးထား တာကို တွေ့မြင် ရမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံး မပြုလို တော့ဘူးဆိုရင် Right-click နှိပ်ပြီး Unpin from start ဆိုတာကို
ရွေးချယ်ပေး လိုက်တာနဲ့ အဆိုပါ pin ရှိတော့မှာ မဟုတ်ပါဘူး။

Internet journal By: သီဟ

Originally published at - http://www.internetjournal.media/how-to/7186

No comments: