တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

Windows 10 Update Cache တွေကို ဖယ်ရှားရှင်းလင်းခြင်း




Windows 10 အသုံးပြု သူတွေ အနေနဲ့ မကြာခဏ Windows 10 update တွေ ပြုလုပ် ခြင်းကို ကြုံရမှာပါ။ Windows 10 update တွေ ပြုလုပ်တဲ့ အချိန် update file တွေကို install ပြုလုပ်တဲ့ အခါမျိုးမှာ cache တွေ အများ အပြား ကျန်ခဲ့ မှာပါ။

အဆိုပါ cache တွေကြောင့် မလိုအပ်ဘဲ Storage Device မှာ နေရာ လွတ်တွေ လျော့နည်း လာနိုင် ပါတယ်။ ဒါကြောင့် Windows 10 ရဲ့ Update cache တွေကို အောက်ပါ နည်းလမ်း အတိုင်း ဖယ်ရှား ရှင်းလင်း နိုင်ပါတယ်။

☺ - ပထမဦးဆုံး Start button ကို နှိပ်ပြီး services လို့ ရိုက်ထည့် လိုက်ပါ။ Services ပေါ်လာပြီ ဆိုရင် Right-click နှိပ်ပြီး Run as administrator ဆိုတာကို ရွေးချယ် ပေးလိုက်ပါ။ Services ထဲကို ရောက်သွားပြီ ဆိုရင် Windows updates ဆိုတာကို ရှာလိုက်ပါ။ တွေ့ပြီဆိုရင် right-click နှိပ်ပြီး service ကို stop ပြုလုပ်ရမှာ ဖြစ်ပါတယ်။

☺ - Service ကို stop ပြုလုပ်ပြီး ပြီဆိုရင် Win + R key နဲ့ Run box ကို ခေါ်လိုက်ပါ။ Run box တက်လာရင် C:\Windows\Software Distribution\ ဆိုတဲ့ လမ်းကြောင်းကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းကို ရိုက်ထည့် ပြီးသွားပြီ ဆိုရင် Windows ရဲ့ Software Distribution အောက်က Download ဆိုတဲ့ Folder ထဲကို ရောက်သွား ပါလိမ့်မယ်။ Download အောက်က ဖိုင်တွေ၊ ဖိုဒါတွေ အားလုံးကို Select မှတ်ပြီး Shift-delete key နဲ့ ဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။

☺ - နောက် တစ်ဆင့်ကတော့ Delivery Optimization ဆိုတဲ့ Folder ထဲက ဖိုင်တွေကို ဖျက်ရန် အတွက် Taskbar ပေါ်မှာရှိတဲ့ Windows Notification icon ကို နှိပ်ပြီး Settings ဆိုတာကို နှိပ်လိုက်ပါ။ Settings ထဲကို ရောက်ရင် Update & Security ဆိုတာကို ရွေးချယ် ပေးရပါမယ်။ Update & Security ထဲကမှ Windows update ကို ရွေးချယ်ပြီး Advanced options ထဲကို သွားရပါမယ်။ Advanced options ထဲရောက်ရင် Choose how update are delivered ဆိုတာကို နှိပ်ပြီး Slider button လေးကို off ပြုလုပ်ပေး ရပါမယ်။

☺ - အထက်ပါ အဆင့်တွေ ပြီးသွားရင် Win + R key နဲ့ Run box ကို ခေါ်လိုက်ပါ။ Delivery Optimization ရှိတဲ့ လမ်းကြောင်းကို သွားမှာ ဖြစ်တဲ့ အတွက် C:\Windows SoftwareDistribution\Delivery Optimization ဆိုတဲ့ လမ်းကြောင်းကို ရိုက်ထည့် ရပါမယ်။ ပြီးသွားရင် Ctrl + A နဲ့ ဖိုင်တွေကို Select ပြုလုပ်ပြီး Shift delete ပြုလုပ်လိုက်ပါ။

အထက်ပါ လုပ်ငန်းစဉ် များကို ပြုလုပ် ပြီးပြီဆိုရင် Services ထဲကို Admin mode နဲ့ ပြန်ဝင် လိုက်ပြီး၊ Windows update service ကို ပြန်လည် run နိုင်ရန် အတွက် Start ပြု လုပ်ပေး ရပါမယ်။ Start ပြုလုပ်ပြီးပြီ ဆိုရင် Windows 10 ရဲ့ update cache တွေကို ရှင်းလင်းတဲ့ အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

By : Internet journal

Originally published at - http://internetjournal.media/how-to/6136

No comments: