တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

DVD Drive ကို Windows ပေါ်တွင် Shortcut ဖန်တီးခြင်း




အချို့သော Laptop တွေမှာ ပါဝင်တဲ့ Optical Drive တွေဟာ Laptop ရဲ့ ဘေးဘောင် ဘက်မှာ ထည့်သွင်း ထားတဲ့ အတွက် Drive ကို အဖွင့် အပိတ် ပြုလုပ်လိုတဲ့ အခါမျိုးမှာ ဘေး ဘက်ကို လက်နဲ့ စမ်းပြီး ခလုတ်ကို ရှာဖွေ ရတာ မလွယ်လှ ပါဘူး။ ဒီနည်းလမ်းကို ဖြေရှင်းနိုင်ဖို့ အတွက် DVD Drive တွေကို Shortcut နဲ့ ဖွင့်နိုင်ဖို့ အောက်ဖော်ပြပါ နည်းလမ်း အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

DVD Drive တွေကို Shortcut နဲ့ ဖွင့်နိုင်ဖို့ အတွက် Door Control ဆိုတဲ့ ဆော့ဖ်ဝဲ လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ ဖိုင်အရွယ် အစားက သေးငယ်ပြီး 605kb လောက်သာ ရှိမှာ ဖြစ်ပါတယ်။

Door Control ဆိုတဲ့ ဆော့ဖ်ဝဲကို download ပြုလုပ်ဖို့ အတွက် https://goo.gl/tgYqMM ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ download ပြုလုပ်နိုင်ပါတယ်။ အဆိုပါဖိုင်ကို download ပြုလုပ် လိုက်ပါ။

Download ပြုလုပ်ပြီး သွားပြီ ဆိုရင် Install ပြုလုပ် ရပါမယ်။ Install ပြုလုပ်တဲ့ အဆင့် ပြီးသွားပြီ ဆိုရင် Launch door control ဆိုတဲ့ နေရာမှာ အမှန်ခြစ် ထည့်သွင်းပြီး Finish ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။

Door Control ကို Taskbar မှာရှိတဲ့ System tray ထဲမှာ Eject icon လေးနဲ့ တွေ့မြင်ရ ပါမယ်။ အဆိုပါ icon လေးကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ DVD Drive ကို tooltip display နဲ့ ပြသပေး ပါမယ်။ အောက်ခြေ Shortcut မှာတော့ ဘာမှ မပေးထား ရသေးတဲ့ အတွက် None လို့ ပြနေ ပါလိမ့်မယ်။

နောက်တစ်ဆင့်ကတော့ Hot key သတ်မှတ်မှာ ဖြစ်တဲ့ အတွက် အဆိုပါ Door Control icon ကို Right-click ပြုလုပ် လိုက်ပါ။ Right-click နှိပ်ပြီးသွားရင် Hot Key ဆိုတာကို
ရွေးပေး ရပါမယ်။ Hot Key ကို ရွေးပေးပြီးရင် မိမိနှစ်သက်ရာ key ကို သတ်မှတ် နိုင်ပါတယ်။

ဥပမာ DVD Drive ကို ဖွင့် ခိုင်းတဲ့ Shortcut keyကို Alt + A လို့သတ်မှတ် ပေးထား ချင်တယ် ဆိုရင် Alt + A လို့သတ်မှတ် ပေးထား နိုင်ပါတယ်။

အဆိုပါ Door Control ကို ကွန်ပျူတာ စဖွင့်တဲ့ အချိန် ကတည်းက run နေစေချင်တယ် ဆိုရင်တော့ Right-click နှိပ်ပြီး Load Door Control at Startup ဆိုတာကို ရွေးချယ်ပြီး အမှန်ခြစ်လေး ဖြစ်အောင် ထားပေး ရပါမယ်။ ဒါမှသာ ကွန်ပျူတာ စတင် ဖွင့်လိုက် တာနဲ့ Door Control software ဟာ တစ်ခါတည်း အလုပ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

By : Internet journal

Originally published at - http://internetjournal.media/how-to/6396

No comments: