
တရုတ်နိုင်ငံ တောင်ပိုင်း ဂမ်ဒေါင်း ခရိုင် ရှန်ဇန်မှာ တက္ကသိုလ်နဲ့ ကောလိပ် ၃၂ ခုက ငယ်ရွယ်တဲ့ အင်ဂျင်နီယာ တွေ စုရုံးပြီး တီထွင် ထားတဲ့ စက်ရုပ် ပြိုင်ပွဲကို ကျင်းပ ခဲ့ပါတယ်။
သူတို့ တီထွင်ထားတဲ့ စက်ရုပ်တွေက တခုနဲ့ တခု တိုက်ခိုက်ပြီး အနိုင်ရ ရင်တော့ ပြိုင်ပွဲမှာ အနိုင်ရမှာ ဖြစ်ပါတယ်။
တံတားတွေကို ဖြတ်သန်းဖို့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဖို့ စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ ယာဉ်တွေကို ထီထွင် ထားပါတယ်။
၂၀၁၆ ရိုဘို မာစတာ ပြိုင်ပွဲ အတွက် တက္ကသိုလ် ၁၆၀က ခုက ၂၂၈ ဖွဲ့နဲ့ အတူ ကျောင်းသား ၇၀၀၀ ကျော် ကလည်း ၀င်ရောက်ဆင်နွဲခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အသင်း ၃၂ သင်းက ပထမဆု အတွက် ပြိုင်ပွဲဝင်နေပါတယ်။ ပထမဆု အတွက် ဆုကြေး ယွမ် ၂ သိန်း ရရှိမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို စီစီတီဗွီ သတင်း ဌာနက ရိုက်ကူးပြီး တင်ပြ ထားတာ ဖြစ်ပါတယ်။
by DVB
Originally published at -http://burmese.dvb.no/archives/165943





No comments: